အျခားကေလးနဲ႔မတူဘဲ ပုံမွန္ထပ္ ႂကြက္သားဖြံ႕ၿဖိဳးမႈႏႈန္းျမန္ေနခဲ့တဲ့ အသက္ ၁၀ႏွစ္အ႐ြယ္ ေကာင္ေလး(႐ုပ္သံ)

ဗီယက္နမ္ႏိုင္ငံမွ အသက္ ၁၀ ႏွစ္အ႐ြယ္ Nguyen Hoang Nam အမည္ရွိတဲ့ေကာင္ေလးတစ္ဦးဟာ သူ႔ရဲ႕ပုံမွန္မဟုတ္တဲ့ႂကြက္သားဖြံ႕ၿဖိဳးမႈေတြေၾကာင့္ social media ရဲ႕အာ႐ုံကို ဖမ္းစားႏိုင္ခဲ့ပါတယ္။ဘာေလ့က်င့္ခန္းမွမလုပ္ဘဲ ႂကြက္သားမ်ားဖြံ႕ၿဖိဳးလာျခင္းက Myostatin ႏွင့္ဆက္စပ္တဲ့ႂကြက္သား hypertrophy မွလာတယ္ လို႔ ကြၽမ္းက်င္သူေတြကဆိုထားပါတယ္။ႂကြက္သား hypertrophy က ပုံမွန္အားျဖင့္ ခႏၶာကိုယ္အတြင္းရွိႂကြက္သားထုထည္ကိုႏွစ္ဆတိုးပြါးေစၿပီး ေဆးဘက္ဆိုင္ရာျပႆနာမ်ားျဖစ္ေပၚေစလားဆိုတာကို မသိရေသးပါဘူး။၎အေျခအေနကို Superman Syndrome လို႔ေခၚတဲ့ ထူးရွားတဲ့ေရာဂါတစ္ခုႏွင့္ဆက္စပ္ေနေၾကာင္း သတင္းမီဒီယာေတြက ေဖာ္ျပခဲ့ပါေသးတယ္။ဆရာဝန္ေတြကလည္း Hoang Nam ေမြးလာခဲ့တုန္းက သူ႔ရဲ႕ႂကြက္သားေတြက ကြဲျပားျခားနားေနတာကို သတိျပဳမိခဲ့ၾကပါတယ္။

မိဘေတြက Hoang Nam အသက္ 6 ႏွစ္အ႐ြယ္မွာ သူ႔ႂကြက္သားႏွင့္ပတ္သက္တဲ့စစ္ေဆးမႈမ်ားအတြက္ သူ႔ကိုေဆး႐ုံသို႔ေခၚသြားခဲ့ၿပီး သူဟာ က်န္းမာေရးေကာင္းမြန္ေနခဲ့ေပမဲ့လည္း သူ႔ရဲ႕ႂကြက္သားေတြကေတာ့ တျဖည့္းျဖည္းခ်င္း သန္မာေပၚလြင္လာခဲ့ပါတယ္။Social influencer အမ်ားစုက Hoang Nam ရဲ႕မိသားစုကိုဆက္သြယ္ခဲ့ၾကၿပီး Hoang Nam ကို သူတို႔ရဲ႕vlog ေတြမွာ ပါ၀င္ဖို႔ ကမ္းလွမ္းခဲ့ၾကေပမဲ့ မိဘေတြက ျငင္းဆန္ခဲ့ပါတယ္။အခ်ိဳ႕လူေတြရဲ႕အာ႐ုံစိုက္ရတဲ့အေၾကာင္းကလည္း Hoang Namရဲ႕ အေျခအေနက သူ႔အား ပိုမိုအႏၲရာယ္ျဖစ္သြားေစမယ္ လို႔ယုံၾကည္ေနၾကတာေၾကာင့္ပါ။

“ ကြၽန္ေတာ့္ရဲ႕ အိပ္မက္က အနာဂတ္မွာခႏၶာကိုယ္တည္ေဆာက္သူတစ္ေယာက္ျဖစ္လာဖို႔ပါ ၊ YouTube မွာ လူေတြရဲ႕ခႏၶာကိုယ္ႂကြယ္ဝမႈကိုတည္ေဆာက္ေနၾကတာကိုျမင္ေတာ့ သူတို႔က တကယ့္ကို ေတာ္ၿပီး ကြၽမ္းက်င္ၾကတယ္ ၊ သူတို႔ကို ကြၽန္ေတာ္ အရမ္းသေဘာက်တယ္ ” လို႔ Hoang Nam က ခႏၶာကိုယ္တည္ေဆာက္မႈအား စိတ္၀င္စားေၾကာင္း ဆိုခဲ့ပါတယ္။ယခုႏွစ္အေစာပိုင္းေလာက္မွာ Dong Naiျပည္နယ္ မွ ကြၽမ္းက်င္ကာယဗလပညာရွင္တစ္ဦးက Hoang Nam ကို စိတ္ဝင္စားသြားခဲ့ၿပီး Hoang Nam ရဲ႕မိဘမ်ားအား သူ႔ကိုအခမဲ့သင္တန္းေပးမယ္လို႔ ကမ္းလွမ္းခဲ့ပါတယ္။သုံးလၾကာသင္တန္းတက္ၿပီးေနာက္မွာေတာ့ Hoang Nam က သူ႔မိသားစုကို လြမ္းလို႔ဆိုၿပီး အိမ္သို႔ အၿပီးျပန္လာခဲ့ပါတယ္။

1

2

Mia (Mckzone Daily)

Source : nextshark

Unicode

ဗီယက်နမ်နိုင်ငံမှ အသက် ၁၀ နှစ်အရွယ် Nguyen Hoang Nam အမည်ရှိတဲ့ကောင်လေးတစ်ဦးဟာ သူ့ရဲ့ပုံမှန်မဟုတ်တဲ့ကြွက်သားဖွံ့ဖြိုးမှုတွေကြောင့် social media ရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ဘာလေ့ကျင့်ခန်းမှမလုပ်ဘဲ ကြွက်သားများဖွံ့ဖြိုးလာခြင်းက Myostatin နှင့်ဆက်စပ်တဲ့ကြွက်သား hypertrophy မှလာတယ် လို့ ကျွမ်းကျင်သူတွေကဆိုထားပါတယ်။ကြွက်သား hypertrophy က ပုံမှန်အားဖြင့် ခန္ဓာကိုယ်အတွင်းရှိကြွက်သားထုထည်ကိုနှစ်ဆတိုးပွါးစေပြီး ဆေးဘက်ဆိုင်ရာပြဿနာများဖြစ်ပေါ်စေလားဆိုတာကို မသိရသေးပါဘူး။

မိဘတွေက Hoang Nam အသက် 6 နှစ်အရွယ်မှာ သူ့ကြွက်သားနှင့်ပတ်သက်တဲ့စစ်ဆေးမှုများအတွက် သူ့ကိုဆေးရုံသို့ခေါ်သွားခဲ့ပြီး သူဟာ ကျန်းမာရေးကောင်းမွန်နေခဲ့ပေမဲ့လည်း သူ့ရဲ့ကြွက်သားတွေကတော့ တဖြည့်းဖြည်းချင်း သန်မာပေါ်လွင်လာခဲ့ပါတယ်။Social influencer အများစုက Hoang Nam ရဲ့မိသားစုကိုဆက်သွယ်ခဲ့ကြပြီး Hoang Nam ကို သူတို့ရဲ့vlog တွေမှာ ပါ၀င်ဖို့ ကမ်းလှမ်းခဲ့ကြပေမဲ့ မိဘတွေက ငြင်းဆန်ခဲ့ပါတယ်။

“ ကျွန်တော့်ရဲ့ အိပ်မက်က အနာဂတ်မှာခန္ဓာကိုယ်တည်ဆောက်သူတစ်ယောက်ဖြစ်လာဖို့ပါ ၊ YouTube မှာ လူတွေရဲ့ခန္ဓာကိုယ်ကြွယ်ဝမှုကိုတည်ဆောက်နေကြတာကိုမြင်တော့ သူတို့က တကယ့်ကို တော်ပြီး ကျွမ်းကျင်ကြတယ် ၊ သူတို့ကို ကျွန်တော် အရမ်းသဘောကျတယ် ” လို့ Hoang Nam က ခန္ဓာကိုယ်တည်ဆောက်မှုအား စိတ်၀င်စားကြောင်း ဆိုခဲ့ပါတယ်။

Mia (Mckzone Daily)

  • Leave a Comment