ဒုကၡေရာက္ေနေပမဲ့ မိသားစုသာရွိရင္ အရာရာျပည့္စုံေနပါတယ္ ဆိုတဲ့မိသားစုပုံရိပ္ေလး

မေလးရွားႏိုင္ငံမွာျဖစ္ေပၚေနတဲ့ ေရႀကီးေရလွ်ံမႈေတြေၾကာင့္ ေနအိမ္ေတြပါ ေရလႊမ္းမိုးေနၾကလို႔ ေဒသခံေတြအေတာ္ေလးကို ဒုကၡေရာက္ၿပီး ေနအိမ္မျပန္ႏိုင္ျဖစ္ေနခဲ့ၾကတာပါ ။ သို႔ေပမဲ့လည္း ဒီတစ္ေခါက္ေဖာ္ျပမဲ့ မိသားစုေလးကေတာ့ ဒုကၡေရာက္ေနေပမဲ့ အၿပဳံးမပ်က္ၾကပါဘူး ။ အေၾကာင္းကေတာ့ ကေလးငယ္ႏွစ္ေယာက္အတူ ေမြးေန႔ပြဲက်င္းပေနၿပီး ၊ ေဘးမွာ အားကိုးေဖာ္မိသားစုဝင္ေတြရွိေနလို႔ အၿပဳံးမပ်က္ ထိတ္လန႔္မႈေတြမရွိဘဲ ေပ်ာ္႐ႊင္ေနၾကလို႔ပါ ။ ဒါေၾကာင့္ ကိုယ့္နဲ႔ ေအးအတူ ၊ ပူအမွ် အၿမဲအတူရွိေနၾကမဲ့ မိသားစုသာရွိေနရင္ ဘယ္လိုဒုကၡမ်ိဳးမဆို ႀကံ့ႀကံ့ခံႏိုင္တယ္ဆိုတာ အခုေဖာ္ျပတဲ့မိသားစုေလးရဲ႕ အျဖစ္အပ်က္ေလးက သက္ေသပါပဲေလ ။ ကိုယ့္ရဲ႕မိသားစုသာရွိေနရင္ ဘယ္ေနရာေရာက္ေရာက္ ကိုယ့္အတြက္အေႏြးေထြးဆုံး ေနအိမ္ပါပဲ ။

1

2

3

4

Mia (Mckzone Daily)

Source : 小回忆 Little Memories

Unicode

မလေးရှားနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုတွေကြောင့် နေအိမ်တွေပါ ရေလွှမ်းမိုးနေကြလို့ ဒေသခံတွေအတော်လေးကို ဒုက္ခရောက်ပြီး နေအိမ်မပြန်နိုင်ဖြစ်နေခဲ့ကြတာပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ မိသားစုလေးကတော့ ဒုက္ခရောက်နေပေမဲ့ အပြုံးမပျက်ကြပါဘူး ။ အကြောင်းကတော့ ကလေးငယ်နှစ်ယောက်အတူ မွေးနေ့ပွဲကျင်းပနေပြီး ၊ ဘေးမှာ အားကိုးဖော်မိသားစုဝင်တွေရှိနေလို့ အပြုံးမပျက် ထိတ်လန့်မှုတွေမရှိဘဲ ပျော်ရွှင်နေကြလို့ပါ ။ ဒါကြောင့် ကိုယ့်နဲ့ အေးအတူ ၊ ပူအမျှ အမြဲအတူရှိနေကြမဲ့ မိသားစုသာရှိနေရင် ဘယ်လိုဒုက္ခမျိုးမဆို ကြံ့ကြံ့ခံနိုင်တယ်ဆိုတာ အခုဖော်ပြတဲ့မိသားစုလေးရဲ့ အဖြစ်အပျက်လေးက သက်သေပါပဲလေ ။ ကိုယ့်ရဲ့မိသားစုသာရှိနေရင် ဘယ်နေရာရောက်ရောက် ကိုယ့်အတွက်အနွေးထွေးဆုံး နေအိမ်ပါပဲ ။

Mia (Mckzone Daily)

  • Leave a Comment