မြင်မြင်ချင်းချစ်မိသွာခဲ့လို့ ကိုယ့်ထက်အသက် 23နှစ်ပိုကြီးတဲ့ မမကိုရအောင်လက်ထပ်ယူခဲ့တဲ့ကောင်လေး




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီစုံတွဲကတော့ အချစ်စစ်မှန်ရင် အသက်တွေဟာသာမာန်ကိန်းဂဏန်းတစ်ခုလို့ သတ်မှတ်ပြီး အချစ်စစ်ကိုသက်သေပြလိုက်တာပါပဲ ။ ဒီတစ်ခေါက်မှာတော့ တရုတ်နိုင်ငံက Tan Wanping အမည်ရှိတဲ့ အသက် 23နှစ်အရွယ်ကောင်လေးဟာ မိသားစုဝင်တွေအပြင်းအထန်ကန့်ကွက်နေတဲ့ကြားကမှ အသက် 46နှစ်အရွယ် Li Liang အမည်ရှိတဲ့အမျိုးသမီးကို ရအောင်ယူပြခဲ့ပါတယ် ။ အဆိုပါစုံတွဲဟာ ပြီးခဲ့တဲ့ 2015 ခုနှစ် နိုဝင်ဘာလက စက်ဘီးပြိုင်ပွဲမှာတွေ့ဆုံခဲ့ကြတာဖြစ်ပြီး ၊ Li ဟာပြိုင်ပွဲယှဉ်ပြိုင်ရင်း သူမရဲ့ဘယ်ဖက်ညှပ်ရိုးကို ထိခိုက်မိလို့ Tan ကအကူအညီပေးခဲ့တာကနေ စပြီးတွေ့ဆုံခဲ့ကြတာပါ ။ ထို့နောက် Tan ဟာ Li ကိုဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီးနောက်ပိုင်း ဆေးရုံသို့မကြာခဏအလည်လာရင်းနှင့် သံယောဇဉ်ကြိုးချိတ်ဆက်သွားမိခဲ့ကြရာ ချစ်သူများဖြစ်ခဲ့ကြပြီး အတူတူနေထိုင်ခဲ့ကြနောက် 2လအကြာမှာတော့ January 2016 မှာတော့ လက်ထပ်ခဲ့ကြပါတယ် ။

သူတို့စုံတွဲရဲ့ အပေါင်းအသင်းတွေ နဲ့ မိသားစုဝင်တွေကအပြင်းအထန်းကန့်ကွက်ခဲ့သည့်အပြင် Tan ရဲ့မိခင်ဆိုလျှင် Li အလုပ်လုပ်ကိုင်နေတဲ့ဆေးရုံသို့ရောက်ရှိလာပြီး သူမ၏သားနှင့်အသက်အရွယ်ကွာလွန်းနေ၍ လမ်းခွဲပေးဖို့ကိုတောင် လာပြီးတောင်ပန်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း Tan က Li အတွက်ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးခဲ့ပြီး မည်သို့ပင်ကန့်ကွက်စေကာမူ လက်ထပ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။

ထို့အပြင် Li ရဲ့အရင်အိမ်ထောင်နှင့်ရခဲ့တဲ့သားတစ်ဦးမှာလည်း Tan နှင့်အသက်ရွယ်တူဖြစ်နေသောကြောင့် Li ဟာသူမရဲ့ဒုတိယအကြိမ်အိမ်ထောင်အတွက် အတော်လေးကိုကြောက်လန့်ပြီးစိုးရိမ်ခဲ့ရပါတယ် ။ သို့သော်လည်း သူမတို့လက်ထပ်ခဲ့တာ အခုဆိုရင် 3နှစ်ခန့်ရှိခဲ့ပြီဖြစ်ပေမဲ့လည်း အမြဲတမ်းပျော်ပျော်ရွှင်ရွှင်ရှိနေခဲ့ကြတဲ့အတွက် အရင်ချိန်ကကန့်ကွက်ခဲ့ကြတဲ့ မိတ်ဆွေအပေါင်းအသင်း နဲ့ မိသားစုဝင်တွေကပါတဖြေးဖြေးလက်ခံပေးလာခဲ့ကြပါတယ် ။ ဒါ့အပြင် Li ရဲ့သားဖြစ်သူနှင့်လည်း Tan ဟာ ရင်းနှီးတဲ့ဆက်ဆံရေးမျိုးကို ပိုင်ဆိုင်ထားကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မြင်မြင်ချင်းချစ်မိသွာခဲ့လို့ ကိုယ့်ထက်အသက် 23နှစ်ပိုကြီးတဲ့ မမကိုရအောင်လက်ထပ်ယူခဲ့တဲ့ကောင်လေး"

Leave a comment

Your email address will not be published.


*