ဝမ္းစာအတြက္ ပူစီေဖာင္းေတြေရာင္းရင္း ညီငယ္ေလးကိုပါ စာဖတ္တတ္ေအာင္ တကူးတက သင္ၾကားေပးေနခဲ့တဲ့ ေကာင္ေလး

ကေလးငယ္ေတြက ပင္ကိုအားျဖင့္ စပ္စုတတ္သူေတြပါ။ဆိုလိုတာက သူတို႔ဟာ သူတို႔ရဲ႕အေျခအေနနဲ႔ေနာက္ခံ ဘယ္လိုပင္ျဖစ္ေနပါေစ ၎တို႔ဟာ အၿမဲတမ္းသင္ယူဖို႔ စိတ္ႏွလုံးကိုဖြင့္ထားတတ္ၾကပါတယ္။ေကာင္ေလးတစ္ေယာက္က အင္ဒိုနီးရွားႏိုင္ငံရဲ႕ လမ္းေဘးတစ္ေနရာမွာ ပူစီေဖာင္းေတြကို ေရာင္းေနစဥ္အတြင္း ညီငယ္ျဖစ္သူကို စာဖတ္တတ္ဖို႔ တကူးတက သင္ၾကားေပးေနခဲ့ပုံကို Andi Rihpan Ramadhana အမည္ရွိတဲ့အမ်ိဳးသားက သူ႔ရဲ႕ Instagram page မွာ မွ်ေဝျပသခဲ့ပါတယ္။အဆိုပါဓာတ္ပုံက ျမင္သူတိုင္းကို ေႏြးေထြးသြားေစသလို စိတ္မေကာင္းလည္း ျဖစ္သြားေစခဲ့ပါတယ္။အဆိုပါ ေမာင္ႏွမနဲ႔ ရင္းႏွီးကြၽမ္းဝင္တဲ့ netizen တစ္ေယာက္က “ ဒီေကာင္ေလး ဘယ္မွာေရာင္းေနလဲလို႔ ေမးေနတဲ့သူေတြအတြက္ သူက Kolaka ျပည္နယ္ရဲ႕ Top Swalayan စူပါမားကတ္ ေရွ႕မွာ သူ႔ညီငယ္ေလးနဲ႔အတူ ေန႔တိုင္း ပူစီေဖာင္းနဲ႔ maskေတြကို ေရာင္းတာပါ ” လို႔ comment မွာ မန္႔ေပးခဲ့ပါတယ္။

အဆိုပါေကာင္ေလးက အသက္ေမြးဝမ္းေက်ာင္းျပဳေနစဥ္ သင္ယူေစခ်င္တဲ့ ဆုံးျဖတ္ခ်က္နဲ႔ ညီငယ္ေလးကို စိတ္ရွည္သည္းခံစြာနဲ႔ သင္ၾကားေပးေနခဲ့ၿပီး အထူးသျဖင့္ ေယာက်ာ္းေလးေတြလည္း ခက္ခဲတဲ့အေျခအေနကေန အေကာင္းဆုံးလုပ္ဖို႔ ဆႏၵရွိေနၾကတယ္ဆိုတဲ့အခ်က္ကို ထည့္သြင္းစဥ္းစားေစခဲ့သလို အခုလို ကာလမွာ လူတိုင္းအတြက္ အမွန္တစ္ကယ္စံျပတစ္ေယာက္လိုျဖစ္ေနခဲ့ပါတယ္။‘အစ္ကိုႀကီး အဖရာ’ ဆိုတဲ့အတိုင္း ေကာင္ေလးက သူ႔တာဝန္ကို ေက်ပြန္ေအာင္ ေဆာင္႐ြက္ေနခဲ့ပါတယ္။အင္ဒိုနီးရွားႏိုင္ငံသားေတြလည္း ဝမ္းစာပူစီေဖာင္းေတြကို ဝယ္ျခင္းအားျဖင့္ အဆိုပါေမာင္ႏွမအား ကူညီေပးၾကလိမ့္မယ္လို႔ အမွန္တကယ္ ေမွ်ာ္လင့္ေနမိပါတယ္ဗ်ာ။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

ကလေးငယ်တွေက ပင်ကိုအားဖြင့် စပ်စုတတ်သူတွေပါ။ဆိုလိုတာက သူတို့ဟာ သူတို့ရဲ့အခြေအနေနဲ့နောက်ခံ ဘယ်လိုပင်ဖြစ်နေပါစေ ၎င်းတို့ဟာ အမြဲတမ်းသင်ယူဖို့ စိတ်နှလုံးတံခါးကိုဖွင့်ထားတတ်ကြပါတယ်။ကောင်လေးတစ်ယောက်က အင်ဒိုနီးရှားနိုင်ငံရဲ့ လမ်းဘေးတစ်နေရာမှာ ပူစီဖောင်းတွေကို ရောင်းနေစဉ်အတွင်း ညီငယ်ဖြစ်သူကို စာဖတ်တတ်ဖို့ တကူးတက သင်ကြားပေးနေခဲ့ပုံကို Andi Rihpan Ramadhana အမည်ရှိတဲ့အမျိုးသားက သူ့ရဲ့ Instagram page မှာ မျှဝေပြသခဲ့ပါတယ်။အဆိုပါဓာတ်ပုံက မြင်သူတိုင်းကို နွေးထွေးသွားစေသလို စိတ်မကောင်းလည်း ဖြစ်သွားစေခဲ့ပါတယ်။အဆိုပါ မောင်နှမနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ netizen တစ်ယောက်က “ ဒီကောင်လေး ဘယ်မှာရောင်းနေလဲလို့ မေးနေတဲ့သူတွေအတွက် သူက Kolaka ပြည်နယ်ရဲ့ Top Swalayan စူပါမားကတ် ရှေ့မှာ သူ့ညီငယ်လေးနဲ့အတူ နေ့တိုင်း ပူစီဖောင်းနဲ့ maskတွေကို ရောင်းတာပါ ” လို့ comment မှာ မန့်ပေးခဲ့ပါတယ်။

အဆိုပါကောင်လေးက အသက်မွေးဝမ်းကျောင်းပြုနေစဉ် သင်ယူစေချင်တဲ့ ဆုံးဖြတ်ချက်နဲ့ ညီငယ်လေးကို စိတ်ရှည်သည်းခံစွာနဲ့ သင်ကြားပေးနေခဲ့ပြီး အထူးသဖြင့် ယောကျာ်းလေးတွေလည်း ခက်ခဲတဲ့အခြေအနေကနေ အကောင်းဆုံးလုပ်ဖို့ ဆန္ဒရှိနေကြတယ်ဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားစေခဲ့သလို အခုလို ကာလမှာ လူတိုင်းအတွက် အမှန်တစ်ကယ်စံပြတစ်ယောက်လိုဖြစ်နေခဲ့ပါတယ်။‘အစ်ကိုကြီး အဖရာ’ ဆိုတဲ့အတိုင်း ကောင်လေးက သူ့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နေခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံသားတွေလည်း ဝမ်းစာပူစီဖောင်းတွေကို ဝယ်ခြင်းအားဖြင့် အဆိုပါမောင်နှမအား ကူညီပေးကြလိမ့်မယ်လို့ အမှန်တကယ် မျှော်လင့်နေမိပါတယ်ဗျာ။

Mia (Mckzone Daily)

Be the first to comment on "ဝမ္းစာအတြက္ ပူစီေဖာင္းေတြေရာင္းရင္း ညီငယ္ေလးကိုပါ စာဖတ္တတ္ေအာင္ တကူးတက သင္ၾကားေပးေနခဲ့တဲ့ ေကာင္ေလး"

Leave a comment

Your email address will not be published.


*