ၾကက္ေၾကာ္တစ္ပြဲဘဲ မွာခဲ့ေပမဲ့ အိမ္ေရွ႕ကို FoodPanda ဆိုင္ကယ္ ၄၂စီးေရာက္ခ်လာလို႔ လန္႔ျဖတ္ၿပီး ငိုခ်ပစ္ခဲ့ရတဲ့ ကေလးမေလး

ဖိလစ္ပိုင္ႏိုင္ငံရွိ အသက္ ၇ႏွစ္အ႐ြယ္ ကေလးမေလးတစ္ဦးဟာ FoodPanda မွာ အစားအေသာက္တစ္ခုတည္းကိုသာ မွာခဲ့ေပမဲ့ သူမအိမ္ေရွ႕ကို FoodPanda ဆိုင္ကယ္ေပါင္း ၄၂ စီးေရာက္လာခဲ့ၿပီးေနာက္ သူမဟာ လုံးဝအံ့အားသင့္သြားခဲ့ပါတယ္။သတင္းေဖာ္ျပခ်က္အရ သူမက FoodPanda app မွာ ၾကက္ေၾကာ္မွာေနရင္း အင္တာနက္လိုင္း စုတ္ေနခဲ့ၿပီး ထပ္ခါထပ္ခါ ႏွိပ္ရင္း သူမရဲ႕ order က ၄၂ ခု ျဖစ္သြားခဲ့တာေၾကာင့္ သူမေနအိမ္လမ္းၾကားမွာ ဆိုင္ကယ္ေတြနဲ႔ျပည့္ႏွက္သြားေစခဲ့ပါတယ္။အဆိုပါျဖစ္ရပ္ ျဖစ္ပြါးခဲ့တုန္းက သူမဟာ အဘြားျဖစ္သူနဲ႔ အိမ္မွာရွိေနခဲ့တာပါ။မိဘေတြက အလုပ္သြားေနခဲ့ၿပီး သူမအတြက္ ဖုန္းခ်န္ေပးခဲ့လို႔ သူမက အဘြားျဖစ္သူ စားဖို႔ online ကေန order လုပ္ခဲ့တာပါ။

သူမအိမ္လမ္းၾကားထဲကို ဆိုင္ကယ္အစီးေပါင္း ၄၂ ေရာက္ခ်လာခဲ့ၿပီး သူမမွာလိုက္တဲ့ၾကက္ေၾကာ္က တစ္ပြဲကို ရင္းဂစ္ ၁၆(၅,၅၀၀ က်ပ္) က်သင့္ၿပီး အပြဲေပါင္း ၄၂ပြဲဆို ရင္းဂစ္ ၆၇၂ (၂ သိန္း ၂ေသာင္းေက်ာ္ ) က်သင့္သြားခဲ့တာေၾကာင့္ သူမဟာ လန္႔ျဖတ္သြားခဲ့ၿပီး ႐ုတ္တရက္ ငိုခ်ပစ္ခဲ့ရပါတယ္။ဘာလို႔ဆို မိဘေတြက သူမအတြက္ တစ္ပြဲစာဘဲ ပိုက္ဆံခ်န္ထားေပးခဲ့လို႔ပါ။ကံေကာင္းေထာက္မစြာနဲ႔ အိမ္နီးခ်င္းေတြက ၾကက္ေၾကာ္ဘူးေတြကို ကိုယ္စီ လာဝယ္ရင္း ဆိုင္ကယ္သမားေတြကို တိုက္႐ိုက္ပိုက္ဆံေပးခဲ့ၾကတာေၾကာင့္ သူမအား ကူညီရာေရာက္သြားခဲ့ရပါတယ္။

သူမရဲ႕အိမ္နီးခ်င္းျဖစ္တဲ့ Dann Kayne Suarez အမည္ရွိတဲ့အမ်ိဳးသားကလည္း အဆိုပါၾကက္သားဘူးေတြကို သူတတ္ႏိုင္သေလာက္ ကူဝယ္ေပးခဲ့ရင္း သူမရဲ႕အျဖစ္အပ်က္ကို social media ေပၚ မွ်ေဝေပးခဲ့တာပါ။ထို႔ေနာက္ ၾကက္သားဘူးကို မေရာင္းလိုက္ရတဲ့ FoodPanda သမားေတြကေတာ့ ဆိုင္ကို order နဲ႔ ျပန္သြားခဲ့ၾကပါတယ္။ကေလးမေလးအတြက္ကေတာ့ ေနာက္ပိုင္းက်႕ရင္ online ေပၚ အစာမွာစားဖို႔ အေတာ္ေလး စိတ္ဆုံးျဖတ္ထားရေတာ့မယ့္ပုံပါဘဲဗ်ာ။

1

2

Mia (Mckzone Daily)

Source : worldofbuzz

Unicode

ဖိလစ်ပိုင်နိုင်ငံရှိ အသက် ၇နှစ်အရွယ် ကလေးမလေးတစ်ဦးဟာ FoodPanda မှာ အစားအသောက်တစ်ခုတည်းကိုသာ မှာခဲ့ပေမဲ့ သူမအိမ်ရှေ့ကို FoodPanda ဆိုင်ကယ်ပေါင်း ၄၂ စီးရောက်လာခဲ့ပြီးနောက် သူမဟာ လုံးဝအံ့အားသင့်သွားခဲ့ပါတယ်။သတင်းဖော်ပြချက်အရ သူမက FoodPanda app မှာ ကြက်ကြော်မှာနေရင်း အင်တာနက်လိုင်း စုတ်နေခဲ့ပြီး ထပ်ခါထပ်ခါ နှိပ်ရင်း သူမရဲ့ order က ၄၂ ခု ဖြစ်သွားခဲ့တာကြောင့် သူမနေအိမ်လမ်းကြားမှာ ဆိုင်ကယ်တွေနဲ့ပြည့်နှက်သွားစေခဲ့ပါတယ်။

သူမအိမ်လမ်းကြားထဲကို ဆိုင်ကယ်အစီးပေါင်း ၄၂ ရောက်ချလာခဲ့ပြီး သူမမှာလိုက်တဲ့ကြက်ကြော်က တစ်ပွဲကို ရင်းဂစ် ၁၆(၅,၅၀၀ ကျပ်) ကျသင့်ပြီး အပွဲပေါင်း ၄၂ပွဲဆို ရင်းဂစ် ၆၇၂ (၂ သိန်း ၂သောင်းကျော် ) ကျသင့်သွားခဲ့တာကြောင့် သူမဟာ လန့်ဖြတ်သွားခဲ့ပြီး ရုတ်တရက် ငိုချပစ်ခဲ့ရပါတယ်။

သူမရဲ့အိမ်နီးချင်းဖြစ်တဲ့ Dann Kayne Suarez အမည်ရှိတဲ့အမျိုးသားကလည်း အဆိုပါကြက်သားဘူးတွေကို သူတတ်နိုင်သလောက် ကူဝယ်ပေးခဲ့ရင်း သူမရဲ့အဖြစ်အပျက်ကို social media ပေါ် မျှဝေပေးခဲ့တာပါ။ထို့နောက် ကြက်သားဘူးကို မရောင်းလိုက်ရတဲ့ FoodPanda သမားတွေကတော့ ဆိုင်ကို order နဲ့ ပြန်သွားခဲ့ကြပါတယ်။ကလေးမလေးအတွက်ကတော့ နောက်ပိုင်းကျ့ရင် online ပေါ် အစာမှာစားဖို့ အတော်လေး စိတ်ဆုံးဖြတ်ထားရတော့မယ့်ပုံပါဘဲဗျာ။

Mia (Mckzone Daily)

Be the first to comment on "ၾကက္ေၾကာ္တစ္ပြဲဘဲ မွာခဲ့ေပမဲ့ အိမ္ေရွ႕ကို FoodPanda ဆိုင္ကယ္ ၄၂စီးေရာက္ခ်လာလို႔ လန္႔ျဖတ္ၿပီး ငိုခ်ပစ္ခဲ့ရတဲ့ ကေလးမေလး"

Leave a comment

Your email address will not be published.


*