ဟိုတယ္ခန္းထဲမွာ အေလာင္းေတြ႔လို႔ ေၾကာက္လန္႔လြန္ၿပီး ရဲတိုင္လိုက္တဲ့ ဟိုတယ္ဝန္ထမ္း၏အျဖစ္

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ 29ရက္ေန႔က ၊ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ႐ွိတဲ့ရဲတပ္ဖြဲမ်ားဟာ ဟိုတယ္ဝန္ထမ္တစ္ဦးမွ ဟိုတယ္ခန္း႐ွိ ကုတင္ေဘးတြင္အေလာင္းေကာင္ကိုေတြ႔႐ွိခဲ့ေၾကာင္း တိုင္ၾကားခဲ့၍ အခင္းျဖစ္ပြားရာေနရာသို႔ ခ်က္ခ်င္းအေျပးသြားခဲ့ရပါတယ္ ။ ရဲအရာ႐ွိမ်ားေရာက္႐ွိလာခဲ့ခ်ိန္မွာေတာ့ ဟိုတယ္ခန္းထဲ႐ွိကုတင္ေဘးတြင္ ေဆာင္ေတြႏွင့္ရစ္ပတ္ထားၿပီး ေသြးမ်ားစြန္းထင္ေနခဲ့တဲ့အေလာင္းပံုစံကိုေတြ႔႐ွိခဲ့ၿပီး တိုင္ၾကားခဲ့သည့္ဟိုတယ္သန္႔႐ွင္းေရးဝန္ထမ္းမွာေတာ့ အခန္းအျပင္ဖက္မွာအေတာ္ေလးေၾကာက္လန္႔စြာျဖင့္ ရပ္ၾကည့္ေနခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ရဲအရာ႐ွိမ်ားက အေသအခ်ာစစ္ေဆးၾကည့္ခဲ့ခ်ိန္မွာေတာ့ အေလာင္းေကာင္ဟုတ္မေနခဲ့ပဲ ေခါင္းအံုးကို ေသြးကြက္မ်ားစြန္းေပေနသည့္သဘက္ ၊ ေဆာင္မ်ားျဖင့္ ရစ္ပတ္ထားခဲ့တာမ်ိဳးသားျဖစ္ေၾကာင္း ေတြ႔႐ွိခဲ့ရပါတယ္ ။ မေသခ်ာမေရရာဘဲ အေၾကာက္လြန္ေနတဲ့ သန္႔႐ွင္းေရးဝန္ထမ္းကိုပဲ အျပစ္ေျပာရမလားပါပဲ ။

ျဖစ္စဥ္မွာေတာ့ ၿပီးခဲ့တဲ့ ည 1am အခ်ိန္မွာ အမ်ိဳးသားတစ္ဦး ႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔မွာ တစ္ညတာတည္ခိုဖို႔ အခန္းငွါးခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း 2am အခ်ိန္မွာေတာ့ အေၾကာင္းျပခ်က္မေပးဘဲ အခန္းအပ္သြားခဲ့ၾကတာျဖစ္ပါတယ္ ။ ရဲအရာ႐ွိေတြရဲ႕ ေကာက္ႏႈတ္ခ်က္အရ အဆိုပါစံုတြဲဟာတစ္ညတာ အခ်ိန္အတူတူကုန္ဆံုးဖို႔စီစဥ္ထားခဲ့ေပမဲ့လည္း အမ်ိဳးသမီးျဖစ္မွာဟာ ႐ုတ္တရက္ ရာသီလာ၍ သဘက္မ်ားႏွင့္ အခင္းမ်ားကို စြန္းထင္သြားေစခဲ့၍ ဟိုတယ္မွမထြက္ခြာခင္ ဟိုတယ္ဝန္ထမ္းမ်ားေတြ႔ျမင္သြားခဲ့မွာကိုဆိုး၍ အခင္း ၊ ေဆာင္ ၊ ေခါင္အံုး ႏွင့္ တဘက္တို႔ကို အကုန္လံုးၿပီးထုပ္ပိုးကာ ကုတင္ေဘးဖက္မွာ ထားရစ္ခဲ့ၾကတာျဖစ္ေၾကာင္း ေကာက္ခ်က္ခ်ခဲ့ၾကပါတယ္ ။

ထို႔ေၾကာင့္ ဟိုတယ္သန္႔႐ွင္းေရးဝန္ထမ္းဟာ အခန္းထဲသို႔ဝင္ၿပီး သန္႔႐ွင္းေရးလုပ္ရန္စီစဥ္ထားခဲ့ေပမဲ့လည္း ႐ုတ္တရက္ အဆိုပါအေလာင္းႏွင့္တူေလာက္ေအာင္ ေသြးမ်ားစြန္းထင္ေနခဲ့ၿပီး ထုပ္ပိုးထားေသာအခင္းမ်ားကိုေတြ႕႐ွိသြားခဲ့ၿပီး ႐ုတ္တရက္ အလန္႔လြန္းသြားၿပီး ရဲစခန္းသို႔အေၾကာင္းၾကားခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ အောက်တိုဘာလ 29ရက်နေ့က ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ရဲတပ်ဖွဲများဟာ ဟိုတယ်ဝန်ထမ်တစ်ဦးမှ ဟိုတယ်ခန်းရှိ ကုတင်ဘေးတွင်အလောင်းကောင်ကိုတွေ့ရှိခဲ့ကြောင်း တိုင်ကြားခဲ့၍ အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းအပြေးသွားခဲ့ရပါတယ် ။ ရဲအရာရှိများရောက်ရှိလာခဲ့ချိန်မှာတော့ ဟိုတယ်ခန်းထဲရှိကုတင်ဘေးတွင် ဆောင်တွေနှင့်ရစ်ပတ်ထားပြီး သွေးများစွန်းထင်နေခဲ့တဲ့အလောင်းပုံစံကိုတွေ့ရှိခဲ့ပြီး တိုင်ကြားခဲ့သည့်ဟိုတယ်သန့်ရှင်းရေးဝန်ထမ်းမှာတော့ အခန်းအပြင်ဖက်မှာအတော်လေးကြောက်လန့်စွာဖြင့် ရပ်ကြည့်နေခဲ့ပါတယ် ။ သို့ပေမဲ့လည်း ရဲအရာရှိများက အသေအချာစစ်ဆေးကြည့်ခဲ့ချိန်မှာတော့ အလောင်းကောင်ဟုတ်မနေခဲ့ပဲ ခေါင်းအုံးကို သွေးကွက်များစွန်းပေနေသည့်သဘက် ၊ ဆောင်များဖြင့် ရစ်ပတ်ထားခဲ့တာမျိုးသားဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ် ။ မသေချာမရေရာဘဲ အကြောက်လွန်နေတဲ့ သန့်ရှင်းရေးဝန်ထမ်းကိုပဲ အပြစ်ပြောရမလားပါပဲ ။

ဖြစ်စဉ်မှာတော့ ပြီးခဲ့တဲ့ ည 1am အချိန်မှာ အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့မှာ တစ်ညတာတည်ခိုဖို့ အခန်းငှါးခဲ့ပါတယ် ။ သို့ပေမဲ့လည်း 2am အချိန်မှာတော့ အကြောင်းပြချက်မပေးဘဲ အခန်းအပ်သွားခဲ့ကြတာဖြစ်ပါတယ် ။ ရဲအရာရှိတွေရဲ့ ကောက်နှုတ်ချက်အရ အဆိုပါစုံတွဲဟာတစ်ညတာ အချိန်အတူတူကုန်ဆုံးဖို့စီစဉ်ထားခဲ့ပေမဲ့လည်း အမျိုးသမီးဖြစ်မှာဟာ ရုတ်တရက် ရာသီလာ၍ သဘက်များနှင့် အခင်းများကို စွန်းထင်သွားစေခဲ့၍ ဟိုတယ်မှမထွက်ခွာခင် ဟိုတယ်ဝန်ထမ်းများတွေ့မြင်သွားခဲ့မှာကိုဆိုး၍ အခင်း ၊ ဆောင် ၊ ခေါင်အုံး နှင့် တဘက်တို့ကို အကုန်လုံးပြီးထုပ်ပိုးကာ ကုတင်ဘေးဖက်မှာ ထားရစ်ခဲ့ကြတာဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြပါတယ် ။

ထို့ကြောင့် ဟိုတယ်သန့်ရှင်းရေးဝန်ထမ်းဟာ အခန်းထဲသို့ဝင်ပြီး သန့်ရှင်းရေးလုပ်ရန်စီစဉ်ထားခဲ့ပေမဲ့လည်း ရုတ်တရက် အဆိုပါအလောင်းနှင့်တူလောက်အောင် သွေးများစွန်းထင်နေခဲ့ပြီး ထုပ်ပိုးထားသောအခင်းများကိုတွေ့ရှိသွားခဲ့ပြီး ရုတ်တရက် အလန့်လွန်းသွားပြီး ရဲစခန်းသို့အကြောင်းကြားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဟိုတယ္ခန္းထဲမွာ အေလာင္းေတြ႔လို႔ ေၾကာက္လန္႔လြန္ၿပီး ရဲတိုင္လိုက္တဲ့ ဟိုတယ္ဝန္ထမ္း၏အျဖစ္"

Leave a comment

Your email address will not be published.


*