လူအမ်ားရဲ႕ရက္ေရာမႈေၾကာင့္ အိမ္မီးေလာင္ၿပီး ၈လၾကာမွ ပထမဆုံးအႀကိမ္ တိုက္ခန္းမွာေနခြင့္ရလို႔ ဝမ္းသာမဆုံးျဖစ္ခဲ့ရတဲ့ မိသားစု

မေလးရွားႏိုင္ငံရွိ အသက္ ၃၄ ႏွစ္အ႐ြယ္ Ganesh အမည္ရွိတဲ့အမ်ိဳးသား ႏွင့္ အသက္ ၃၂ ႏွစ္အ႐ြယ္ Parameswari အမည္ရွိတဲ့ဇနီးျဖစ္သူတို႔ရဲ႕ေနအိမ္ဟာ ၿပီးခဲ့တဲ့ဧၿပီလမွာ မီးေလာင္သြားခဲ့ၿပီးေနာက္ သူတို႔မိသားစုဟာ ကားေပၚမွာ ရွစ္လၾကာေနထိုင္ခဲ့ၾကပါတယ္။သူတို႔ရဲ႕မိသားစုဟာ Ganesh ရဲ႕လစာ ရင္းဂစ္ ၁,၂၀၀ ဝင္ေငြကိုသာမွီခိုေနၾကရၿပီး ဝင္ေငြအမ်ားစုကို ကေလးအႏွီးမ်ား၊ ကားဓာတ္ဆီ ႏွင့္ကားျပဳျပင္ေရးေတြမွာသာ အသုံးျပဳခဲ့ရပါတယ္။သူတို႔အိမ္မီးေလာင္သြားခဲ့စဥ္က Parameswari ဟာ တတိယေျမာက္ကိုယ္ဝန္လြယ္ထားခဲ့ၿပီး ႏွစ္ပတ္အၾကာမွာဘဲ သူမဟာ Kirthana အမည္ရွိတဲ့ကေလးကို ကားေပၚမွာေမြးခဲ့ပါတယ္။သူတို႔မွာ ရွစ္ႏွစ္အ႐ြယ္ Girthikanesh ႏွင့္ ေျခာက္ႏွစ္အ႐ြယ္ Devi Shri အပါအ၀င္ မိသားစုငါးဦး ရွိပါတယ္။

မိသားစုရဲ႕တစ္ကိုယ္ေရသန္႔ရွင္းေရးအတြက္ အမ်ားသုံးအိမ္သာကို အသုံးျပဳခဲ့ရၿပီး ကေလးေတြကို ေထာက္ပံ့ဖို႔ေငြအလုံအေလာက္မရွိတာေၾကာင့္ Parameswari က သူမရဲ႕ရွစ္လအ႐ြယ္ကေလးငယ္ Kirthana ကို အာဟာရမႈန္႔မတိုက္ႏိုင္ဘဲ ေကာ္ဖီဘဲတိုက္ခဲ့ရပါတယ္။Ganesh က သူ႔ဝင္ေငြက နည္းတာေၾကာင့္ အိမ္ရာစီမံကိန္းက တိုက္ခန္းတစ္ခန္းငွါးေပးဖို႔ ေတာင္းခံခဲ့ေပမယ့္ ျပည္နယ္အာဏာပိုင္မ်ားရဲ႕တုံ႔ျပန္မႈကို မရခဲ့ေၾကာင္း ဆိုခဲ့ပါတယ္။ဒါေပမဲ့ ကံတရားက သူတို႔ကို လ်စ္လ်ဴရႈမထားခဲ့ပါဘူး။ကံေကာင္းေထာက္မစြာနဲ႔ မေလးရွား ကူညီေထာက္ပံ့ေရးအဖြဲ႕က Ustaz Ebit Lew ႏွင့္အဖြဲ႕ဝင္ေတြက Ganesan ႏွင့္သူ႔မိသားစုကို ေတြ႕ဆုံခြင့္ရခဲ့ၿပီး သူတို႔မိသားစုအား တစ္လစာေငြေပးေခ်ၿပီးသားျဖစ္တဲ့ပရိေဘာဂအသစ္မ်ားပါတဲ့ တိုက္ခန္းအသစ္တစ္ခန္းကို ငွါးရမ္းေပးခဲ့ပါတယ္။

Ganesan က သူတို႔ကိုကူညီေပးေနခဲ့သူအားလုံးႏွင့္ မေလးရွားလူမ်ိဳးမ်ားရဲ႕ ၾကင္နာမႈေတြေၾကာင့္“ ဒီရွစ္လအတြင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္မိသားစုက ေမြ႕ရာေပၚမွာ အိပ္ၾကရေတာ့မယ္” လို႔ ဆိုရင္း ေက်းဇူးတင္ေနခဲ့ပါတယ္။တစ္ကယ္ေတာ့ Ustaz က ေဒသခံပရဟိတလုပ္ငန္းရွင္တစ္ဦးျဖစ္ၿပီး Ram THR လို႔လူသိမ်ားပါတယ္။သူ႔ရဲ႕မိသားစုကလည္း Ganesanတို႔မိသားစုအတြက္ လိုအပ္တဲ့ပစၥည္းေတြကို ခ်က္ခ်င္းစီစဥ္ေပးခဲ့သလို ေငြအနည္းငယ္ပါ လႉဒါန္းခဲ့ပါေသးတယ္။

1

2

Mia (Mckzone Daily)

Source : worldofbuzz

Unicode

မလေးရှားနိုင်ငံရှိ အသက် ၃၄ နှစ်အရွယ် Ganesh အမည်ရှိတဲ့အမျိုးသား နှင့် အသက် ၃၂ နှစ်အရွယ် Parameswari အမည်ရှိတဲ့ဇနီးဖြစ်သူတို့ရဲ့နေအိမ်ဟာ ပြီးခဲ့တဲ့ဧပြီလမှာ မီးလောင်သွားခဲ့ပြီးနောက် သူတို့မိသားစုဟာ ကားပေါ်မှာ ရှစ်လကြာနေထိုင်ခဲ့ကြပါတယ်။သူတို့ရဲ့မိသားစုဟာ Ganesh ရဲ့လစာ ရင်းဂစ် ၁,၂၀၀ ဝင်ငွေကိုသာမှီခိုနေကြရပြီး ဝင်ငွေအများစုကို ကလေးအနှီးများ၊ ကားဓာတ်ဆီ နှင့်ကားပြုပြင်ရေးတွေမှာသာ အသုံးပြုခဲ့ရပါတယ်။သူတို့အိမ်မီးလောင်သွားခဲ့စဉ်က Parameswari ဟာ တတိယမြောက်ကိုယ်ဝန်လွယ်ထားခဲ့ပြီး နှစ်ပတ်အကြာမှာဘဲ သူမဟာ Kirthana အမည်ရှိတဲ့ကလေးကို ကားပေါ်မှာမွေးခဲ့ပါတယ်။

မိသားစုရဲ့တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အများသုံးအိမ်သာကို အသုံးပြုခဲ့ရပြီး ကလေးတွေကို ထောက်ပံ့ဖို့ငွေအလုံအလောက်မရှိတာကြောင့် Parameswari က သူမရဲ့ရှစ်လအရွယ်ကလေးငယ် Kirthana ကို အာဟာရမှုန့်မတိုက်နိုင်ဘဲ ကော်ဖီဘဲတိုက်ခဲ့ရပါတယ်။Ganesh က သူ့ဝင်ငွေက နည်းတာကြောင့် အိမ်ရာစီမံကိန်းက တိုက်ခန်းတစ်ခန်းငှါးပေးဖို့ တောင်းခံခဲ့ပေမယ့် ပြည်နယ်အာဏာပိုင်များရဲ့တုံ့ပြန်မှုကို မရခဲ့ကြောင်း ဆိုခဲ့ပါတယ်။ဒါပေမဲ့ ကံတရားက သူတို့ကို လျစ်လျူရှုမထားခဲ့ပါဘူး။

Ganesan က သူတို့ကိုကူညီပေးနေခဲ့သူအားလုံးနှင့် မလေးရှားလူမျိုးများရဲ့ ကြင်နာမှုတွေကြောင့်“ ဒီရှစ်လအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကျွန်တော်နဲ့ ကျွန်တော့်မိသားစုက မွေ့ရာပေါ်မှာ အိပ်ကြရတော့မယ်” လို့ ဆိုရင်း ကျေးဇူးတင်နေခဲ့ပါတယ်။တစ်ကယ်တော့ Ustaz က ဒေသခံပရဟိတလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး Ram THR လို့လူသိများပါတယ်။

Mia (Mckzone Daily)

Be the first to comment on "လူအမ်ားရဲ႕ရက္ေရာမႈေၾကာင့္ အိမ္မီးေလာင္ၿပီး ၈လၾကာမွ ပထမဆုံးအႀကိမ္ တိုက္ခန္းမွာေနခြင့္ရလို႔ ဝမ္းသာမဆုံးျဖစ္ခဲ့ရတဲ့ မိသားစု"

Leave a comment

Your email address will not be published.


*