မီးေခ်ာင္းအလင္းလို ေတာက္ပေနဟန္တူတဲ့ ခဲျခစ္ပန္းခ်ီကို လွပစြာ ေရးဆြဲျပခဲ့သူ

ပန္းခ်ီ၊ပန္းပု စတဲ့အႏုပညာမ်ားရဲ႕ တီထြင္ဖန္တီးမႈက ပုံစံအမ်ိဳးမ်ိဳးအျဖစ္ ထြက္ေပၚလာတတ္ၾကပါတယ္။Enrique Bernal အမည္ရွိတဲ့အႏုပညာရွင္တစ္ဦးဟာ အခုပန္းခ်ီကားရဲ႕ပုံၾကမ္းေတြကို ခဲတံျဖင့္ လက္ေတြ႕က်က်ေရးဆြဲထားခဲ့ၿပီး ဘယ္လို အသက္ဝင္ေတာက္ပေအာင္လုပ္မရလဲဆိုတာကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။Bernal ဟာ လူေတြရဲ႕ပုံတူမွ တိရိစာၦန္ေတြအထိ လွပတဲ့ပန္းခ်ီကားအမ်ိဳးမ်ိဳးကို ေရးဆြဲေလ့ရွိပါတယ္။Bernal က ခဲတံျဖင့္ ပုံၾကမ္းကိုေရးဆြဲၿပီးေနာက္ ေဘာပင္ႏွင့္ စက္ခဲတံေတြကို အသုံးျပဳၿပီး ေနာက္ဆုံးမွာေတာ့ သူ႔ရဲ႕ပန္းခ်ီကားေတြကို ဒီဂ်စ္တယ္အလင္းေရာင္ထည့္ရန္ Medibang Paint ေခၚ တဲ့ အက္ပလီေကးရွင္းကို အသုံးျပဳပါတယ္။ပုံထဲရွိအလင္းေရာင္ေတြက သဘာဝမီးေခ်ာင္းအလင္းေရာင္အရင္းအျမစ္ကို တုပထားတာပါ။Bernal ဟာ ထူးျခားဆန္းၾကယ္တဲ့အလင္းအားျဖင့္ ေႏြးေထြးေနသလိုထင္ရတဲ့ ပန္းခ်ီကားတစ္ခု ျဖစ္ေစဖို႔ ၎အေပၚမွ အလင္းေရာင္နည္းနည္းျဖင့္ ေနသားတက်ေနရာခ်ထားခဲ့ပါေသးတယ္။Bernal ဟာ ဆန္းသစ္တဲ့တီထြင္မႈျဖစ္ေစရန္ သူ႔ရဲ႕ပန္းခ်ီကားအခ်ိဳ႕ေတြမွာ အျခားေတာက္ပတဲ့ တက္တူးမ်ားႏွင့္လိပ္ျပာမ်ားကို ကြၽမ္းက်င္ပိုင္ႏိုင္စြာ ထပ္မံထည့္ထားခဲ့ပါေသးတယ္။

1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

Mia (Mckzone Daily)

Source : buzznicked

Unicode

ပန်းချီ၊ပန်းပု စတဲ့အနုပညာများရဲ့ တီထွင်ဖန်တီးမှုက ပုံစံအမျိုးမျိုးအဖြစ် ထွက်ပေါ်လာတတ်ကြပါတယ်။Enrique Bernal အမည်ရှိတဲ့အနုပညာရှင်တစ်ဦးဟာ အခုပန်းချီကားရဲ့ပုံကြမ်းတွေကို ခဲတံဖြင့် လက်တွေ့ကျကျရေးဆွဲထားခဲ့ပြီး ဘယ်လို အသက်ဝင်တောက်ပအောင်လုပ်မရလဲဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။Bernal ဟာ လူတွေရဲ့ပုံတူမှ တိရိစ္ဆာန်တွေအထိ လှပတဲ့ပန်းချီကားအမျိုးမျိုးကို ရေးဆွဲလေ့ရှိပါတယ်။Bernal က ခဲတံဖြင့် ပုံကြမ်းကိုရေးဆွဲပြီးနောက် ဘောပင်နှင့် စက်ခဲတံတွေကို အသုံးပြုပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ပန်းချီကားတွေကို ဒီဂျစ်တယ်အလင်းရောင်ထည့်ရန် Medibang Paint ခေါ် တဲ့ အက်ပလီကေးရှင်းကို အသုံးပြုပါတယ်။ပုံထဲရှိအလင်းရောင်တွေက သဘာဝမီးချောင်းအလင်းရောင်အရင်းအမြစ်ကို တုပထားတာပါ။Bernal ဟာ ထူးခြားဆန်းကြယ်တဲ့အလင်းအားဖြင့် နွေးထွေးနေသလိုထင်ရတဲ့ ပန်းချီကားတစ်ခု ဖြစ်စေဖို့ ၎င်းအပေါ်မှ အလင်းရောင်နည်းနည်းဖြင့် နေသားတကျနေရာချထားခဲ့ပါသေးတယ်။Bernal ဟာ ဆန်းသစ်တဲ့တီထွင်မှုဖြစ်စေရန် သူ့ရဲ့ပန်းချီကားအချို့တွေမှာ အခြားတောက်ပတဲ့ တက်တူးများနှင့်လိပ်ပြာများကို ကျွမ်းကျင်ပိုင်နိုင်စွာ ထပ်မံထည့်ထားခဲ့ပါသေးတယ်။

Mia (Mckzone Daily)

Be the first to comment on "မီးေခ်ာင္းအလင္းလို ေတာက္ပေနဟန္တူတဲ့ ခဲျခစ္ပန္းခ်ီကို လွပစြာ ေရးဆြဲျပခဲ့သူ"

Leave a comment

Your email address will not be published.


*