ကားတိုက္ျပီးေမာင္းေျပးသြားခဲ့လို႔ သန္႔႐ွင္းေရးဝန္ထမ္းမိခင္ကိုဆံု႐ႈံးလိုက္ရမွန္းသိသြားခဲ့တဲ့ ကေလးငယ္အျဖစ္

မိခင္ဆိုတာက သားသမီးေတြအတြက္ ကမာၻေပၚမွာအေကာင္းဆံုးတစ္ဦးတည္းေသာသူလို႔ သတ္မွတ္ရေလာက္ေအာင္ ေႏြးေထြးေမတၱာအျပည့္ေပးႏိုင္တဲ့သူမ်ိဳးပါ ။ ဘယ္ေလာက္ပဲခက္ခဲပင္ပန္းပါေစ ကေလးငယ္ေတြအတြက္ မိခင္ရင္ခြင္ဟာအေႏြးေထြးဆံုးပါပဲ ။ သို႔ေပမဲ့လည္း အသက္ငယ္ရြယ္ေနေသးတဲ့အခ်ိန္ ၊ ဆံုး႐ႈံးသြားတာမ်ိဳးကိုသိတတ္စအရြယ္ ကေလးငယ္ေလးအတြက္ကေတာ့ မိခင္ကိုမ်က္စိေ႐ွ႕တည့္တည့္ဆံုး႐ႈံးခဲ့ရတဲ့အျဖစ္မ်ိဳးအတြက္ သူ႔ခံစားခ်က္ကို ဘယ္လိုစကားမ်ိဳးနဲ႔ႏွစ္သိမ့္ရမလဲဆိုတာကို မသိႏိုင္ေတာ့ေလာက္ေအာင္ပါပဲ ။

MakassarInfo အမည္နဲ႔ Instragram အသံုးျပဳသူတစ္ဦးကေတာ့ ” ကေလးငယ္ရဲ႕အေမ Linna ကကားတိုက္ခံရၿပီး ေမာင္းေျပးသြားခဲ့တဲ့အျဖစ္ေၾကာင့္ အသက္ေသဆံုးသြားခဲ့ရတာပါ ။ သူမက ကြၽန္ေတာ္တို႔ရဲ႕အိမ္နီးခ်င္းျဖစ္ၿပီး သန္႔႐ွင္းေရးအလုပ္သမားပါ ။ သူမဟာအျမဲတမ္းသားျဖစ္သူနဲ႔ အတူ႐ွိေနၿပီး သူမအလုပ္လုပ္ေနခ်ိန္မွာဆိုရင္ သားျဖစ္သူကသူမကိုလမ္းေဘးကေန အျမဲထိုင္ေစာင့္ေနေလ့႐ွိပါတယ္ ။ အဆိုပါအျဖစ္အပ်က္ေၾကာင့္ ကေလးငယ္ဟာမိဘမဲ့ေလး ျဖစ္သြားရတယ္ ” ဆိုၿပီးေရးသားထားခဲ့ပါတယ္ ။

ေကာင္ေလးဟာ မိခင္ျဖစ္သူကထားရစ္သြားခဲ့ၿပီဆိုတာကို သိ႐ွိသြားခဲ့ၿပီးစိတ္မထိန္းႏိုင္ေတာ့ဘဲ ေဆးရံုမွာေအာ္ဟစ္ငိုေႂကြးခဲ့ပါတယ္ ။ ေကာင္ေလးဟာ ေမာင္ႏွမ မ႐ွိ ၊ ေဆြးမ်ိဳးမ႐ွိဘဲ တစ္ေယာက္တည္းက်န္ရစ္ခဲ့တာျဖစ္ပါတယ္ ။ ေကာင္ေလးရဲ႕စိတ္ေဝဒနာ ခံစားေနရမႈကို ဘယ္လိုစကားလံုးနဲ႔ေျဖေဖ်ာက္ေပးကူရမွန္းေတာင္ မသိႏိုင္ေလာက္ေအာင္ပါပဲ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မိခင်ဆိုတာက သားသမီးတွေအတွက် ကမ္ဘာပေါ်မှာအကောင်းဆုံးတစ်ဦးတည်းသောသူလို့ သတ်မှတ်ရလောက်အောင် နွေးထွေးမေတ္တာအပြည့်ပေးနိုင်တဲ့သူမျိုးပါ ။ ဘယ်လောက်ပဲခက်ခဲပင်ပန်းပါစေ ကလေးငယ်တွေအတွက် မိခင်ရင်ခွင်ဟာအနွေးထွေးဆုံးပါပဲ ။ သို့ပေမဲ့လည်း အသက်ငယ်ရွယ်နေသေးတဲ့အချိန် ၊ ဆုံးရှုံးသွားတာမျိုးကိုသိတတ်စအရွယ် ကလေးငယ်လေးအတွက်ကတော့ မိခင်ကိုမျက်စိရှေ့တည့်တည့်ဆုံးရှုံးခဲ့ရတဲ့အဖြစ်မျိုးအတွက် သူ့ခံစားချက်ကို ဘယ်လိုစကားမျိုးနဲ့နှစ်သိမ့်ရမလဲဆိုတာကို မသိနိုင်တော့လောက်အောင်ပါပဲ ။

MakassarInfo အမည်နဲ့ Instragram အသုံးပြုသူတစ်ဦးကတော့ ” ကလေးငယ်ရဲ့အမေ Linna ကကားတိုက်ခံရပြီး မောင်းပြေးသွားခဲ့တဲ့အဖြစ်ကြောင့် အသက်သေဆုံးသွားခဲ့ရတာပါ ။ သူမက ကျွန်တော်တို့ရဲ့အိမ်နီးချင်းဖြစ်ပြီး သန့်ရှင်းရေးအလုပ်သမားပါ ။ သူမဟာအမြဲတမ်းသားဖြစ်သူနဲ့ အတူရှိနေပြီး သူမအလုပ်လုပ်နေချိန်မှာဆိုရင် သားဖြစ်သူကသူမကိုလမ်းဘေးကနေ အမြဲထိုင်စောင့်နေလေ့ရှိပါတယ် ။ အဆိုပါအဖြစ်အပျက်ကြောင့် ကလေးငယ်ဟာမိဘမဲ့လေး ဖြစ်သွားရတယ် ” ဆိုပြီးရေးသားထားခဲ့ပါတယ် ။

ကောင်လေးဟာ မိခင်ဖြစ်သူကထားရစ်သွားခဲ့ပြီဆိုတာကို သိရှိသွားခဲ့ပြီးစိတ်မထိန်းနိုင်တော့ဘဲ ဆေးရုံမှာအော်ဟစ်ငိုကြွေးခဲ့ပါတယ် ။ ကောင်လေးဟာ မောင်နှမ မရှိ ၊ ဆွေးမျိုးမရှိဘဲ တစ်ယောက်တည်းကျန်ရစ်ခဲ့တာဖြစ်ပါတယ် ။ ကောင်လေးရဲ့စိတ်ဝေဒနာ ခံစားနေရမှုကို ဘယ်လိုစကားလုံးနဲ့ဖြေဖျောက်ပေးကူရမှန်းတောင် မသိနိုင်လောက်အောင်ပါပဲ ။

Jasmine (Mckzone Daily)

Be the first to comment on "ကားတိုက္ျပီးေမာင္းေျပးသြားခဲ့လို႔ သန္႔႐ွင္းေရးဝန္ထမ္းမိခင္ကိုဆံု႐ႈံးလိုက္ရမွန္းသိသြားခဲ့တဲ့ ကေလးငယ္အျဖစ္"

Leave a comment

Your email address will not be published.


*