ရေနုတ်မြောင်းတူးရင်း ရှေးခေတ်ရောမဒင်္ဂါးအိုးပေါင်း ၁၉ လုံးကို အမှတ်မထင်တွေ့ရှိခဲ့တဲ့ ဆောက်လုပ်ရေးသမားများ
1
2
3
4
5
6
Mia (Mckzone Daily)
Source : buzznicked
Unicode
ဥရောပနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်သားများဟာ ဥယျာဉ်တစ်ခုသို့လျှပ်စစ်ဓာတ်အားထုတ်လွင့်နိုင်ရန် ရေနုတ်မြောင်းတူးနေစဉ် ဟောင်းနွမ်းနေတဲ့ အိုးဟောင်းများကို တွေ့ရှိခဲ့ကြပါတယ်။အဆိုပါအိုးမတွေကို Amphoras လို့ ခေါ်ကြပြီး အိုးတွေကို ရောမအင်ပါယာက ဥရောပကို စိုးမိုးခဲ့တဲ့အချိန်တုန်းမှာ ပြုလုပ်ခဲ့ကြပါတာပါ။ဆောက်လုပ်ရေးလုပ်သားများက အဆိုပါအိုးဟောင်းများရဲ့အနီးဝန်းကျင်ရှိအညစ်အကြေးများကို ဖယ်ရှားပြီးနောက် အိုးထဲမှာ ဒင်္ဂါးပြားများနှင့်ပြည့်နှက်နေတာကို တွေ့ရှိခဲ့ကြပါတယ်။ထို့နောက် တစ်ကယ်လည်း အဲ့ဧရိယာတစ်ဝိုက်မှာ Amphoras (၁၉) ခုထွက်ပေါ်လာခဲ့ပြီး Amphoras အိုးအလုံးတိုင်းမှာ ရောမအင်ပါယာရဲ့ကြေးဝါဒင်္ဂါးပြားများနှင့် ပြည့်နှက်နေခဲ့ပါတယ်။
ဒင်္ဂါးပြားများရဲ့ စုစုပေါင်းအလေးချိန်က ပေါင် ၁၃၀၀ ခန့်ရှိပြီး ၎င်းဒင်္ဂါးပြားတွေက အေဒီ ၃ သို့မဟုတ် အေဒီ ၄ ရာစုခန့်က ဒင်္ဂါးများဖြစ်ပါတယ်။အံ့ဩစရာကောင်းတာက အဆိုပါင်္ဒဂါးပြားများကို ရောမခေတ်က အမှန်တကယ် အသုံးပြုခဲ့ခြင်းမရှိခဲ့ဘူးလို့ သုတေသီများက ဆိုထားပါတယ်။အဆိုပါ Amphoras အိုးများကို ဝိုင်၊ သံလွင်ဆီနှင့်အခြားအစားအစာများ သိုလှောင်သိမ်းဆည်းဖို့သာ အသုံးပြုတာပါ။အဆိုပါဒင်္ဂါးပြားတွေထဲမှာ Maximian နဲ့ Constantine တို့ပါဝင်ပြီး ယနေ့ခေတ်ကာလအရ အနည်းဆုံးယူရိုသန်းပေါင်းများစွာ တန်ပါတယ်။
သုတေသီများက ၎င်းအကြွေစေ့တွေကို အသေအချာစစ်ဆေးပြီးတာနှင့် လူတိုင်း ကြည့်ရှုနိုင်အောင် Seville ရှေးဟောင်းသုတေသနပြတိုက်သို့ ပို့ဆောင်ထားရှိမယ်လို့ ဆိုထားပါသေးတယ်။သုတေသီများက အခုလိုစုဆောင်းမှုမျိုးကို တစ်ခါမှမတွေ့ဖူးခဲ့တာကြောင့် အဆိုပါဒင်္ဂါးပြားတွေဆီကနေ သူတို့ရရှိနိုင်မယ့် ဗဟုသုတတွေကိုသိဖို့ အရမ်းစိတ်လှုပ်ရှားနေကြရပါတယ်။ဒီ Amphoras အိုးဟောင်းထဲက ဒင်္ဂါးပြားတွေကို နှစ်ပေါင်းရာချီမြေအောက်မှာ မပျက်မစီးဘဲ မြုပ်နှံထားနိုင်ခဲ့တာကိုက အတော်လေး အံ့သဩစရာကောင်းလှနေပါတယ်။
Mia (Mckzone Daily)
Be the first to comment on "ရေနုတ်မြောင်းတူးရင်း ရှေးခေတ်ရောမဒင်္ဂါးအိုးပေါင်း ၁၉ လုံးကို အမှတ်မထင်တွေ့ရှိခဲ့တဲ့ ဆောက်လုပ်ရေးသမားများ"
Leave a comment
Your email address will not be published.
*