ေႁမြကိုအ႐ုပ္လို႔ထင္ၿပီး လက္ျဖင့္အတင္းဆြဲကာေဆာ့ကစားေနခဲ့တဲ့ လမ္းေလ်ွာက္တက္စကေလးငယ္ (႐ုပ္သံ)

ၿပီးခဲ့တဲ့ရက္ပိုင္းအနည္းငယ္ေလာက္က Durian Media အမည္႐ွိတဲ့ Facebook စာမ်က္ႏွာတစ္ခုမွာ လမ္းေလ်ွာက္တက္စကေလးငယ္ဟာ ေႁမြအ႐ွင္ကိုအ႐ုပ္လို႔ထင္ၿပီးေဆာ့ကစားေနခဲ့တဲ့ video ကိုေဝမ်ွခဲ့ပါတယ္ ။ အဆိုပါ video ဟာ 2.21 မိနစ္သာၾကာျမင့္ခဲ့ေပမဲ့လည္း ၾကည့္႐ႈသူေတြကိုေတာ့ အေတာ္ေလးၾကက္သီးထေစခဲ့ပါတယ္ ။ အဆိုပါအျဖစ္အပ်က္ဟာ မေလး႐ွားႏိုင္ငံ ၊ Shah Alam ၿမိဳ႕႐ွိေနအိမ္တစ္အိမ္မွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး အစပိုင္းမွာကေလးငယ္ဟာ အ႐ုပ္ေတြထည့္ထားတဲ့ ျခင္းေတာင္းထဲကအ႐ုပ္ေတြနဲ႔ေဆာ့ကစားေနခဲ့တာပါ ။ ထိုမခ်ိန္မွာပဲ ျခင္းေတာင္းနားကအေပါက္ေလးမွာ ညႇပ္ေနခဲ့တဲ့ေႁမြကို ကေလးဟာ အ႐ုပ္ကေလးလို႔ထင္ၿပီး အတင္ဆြဲယူကာ ေဆာ့ကစားေနခဲ့တာပါ ။ သို႔ေပမဲ့လည္း ေျမဟာျခင္းေတာင္းေလးမွာ ညႇပ္ေနတုန္းပါပဲ ။

ဒီလိုနဲ႔ပဲ ကေလးငယ္ဟာ ျခင္းေတာင္းထဲ႐ွိေႁမြေပၚ အ႐ုပ္ေလးေတြျပန္ထည့္ၿပီး ျခင္းေတာင္းကိုမကာ အိမ္ထဲသို႔ ျပန္ဝင္ဖို႔ လုပ္ေနခ်ိန္မွာပဲ ေႁမြဟာကေလးငယ္ရဲ႕ ဒူးေခါင္းကိုလွမ္းေပါက္ပစ္ခဲ့ပါတယ္ ။ ကေလးငယ္ဟာ ေၾကာက္လန္႔တၾကားျဖင့္ ေအာ္ဟစ္ခဲ့ခ်ိန္မွာေတာ့ ကေလးငယ္၏အုပ္ထိန္းသူေတြေရာက္႐ွိလာခဲ့ၾကပါတယ္ ။

Video ထဲမွာေတြ႔ရတဲ့အတိုင္း ကေလးငယ္ရဲ႕ဖခင္လို႔ယူဆရတဲ့အမ်ိဳးသားတစ္ေယာက္ဟာ ေႁမြကိုျမင္ေတာ့ထိတ္လန္႔သြားၿပီး ၎ျခင္းေတာင္းကိုအေဝးသို႔ဖယ္ထုတ္ပစ္ခဲ့ၿပီး ကေလးကယ္ကိုေပြ႔ခ်ီခဲ့ပါတယ္ ။ ထိုအခ်ိန္မွာပဲ အမ်ိဳးသမီးတစ္ေယာက္ဟာ ႀကိဳးျဖင့္ကေလးငယ္၏ေျခေထာက္ကို ခ်ည္ေႏွာင္ၿပီး အဆိပ္ေတြမပ်ံ့သြားေအာင္ျပဳလုပ္ေနခဲ့တာကို ေတြ႔႐ွိရမွာပါ ။ ထို႔ေၾကာင့္ အဆိုပါ Video ကိုၾကည့္ၿပီး လူအမ်ားစုဟာ အေတာ္ေလးကိုထိတ္လန္႔အံၾသသြားခဲ့ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ရက်ပိုင်းအနည်းငယ်လောက်က Durian Media အမည်ရှိတဲ့ Facebook စာမျက်နှာတစ်ခုမှာ လမ်းလျှောက်တက်စကလေးငယ်ဟာ မြွေအရှင်ကိုအရုပ်လို့ထင်ပြီးဆော့ကစားနေခဲ့တဲ့ video ကိုဝေမျှခဲ့ပါတယ် ။ အဆိုပါ video ဟာ 2.21 မိနစ်သာကြာမြင့်ခဲ့ပေမဲ့လည်း ကြည့်ရှုသူတွေကိုတော့ အတော်လေးကြက်သီးထစေခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ မလေးရှားနိုင်ငံ ၊ Shah Alam မြို့ရှိနေအိမ်တစ်အိမ်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး အစပိုင်းမှာကလေးငယ်ဟာ အရုပ်တွေထည့်ထားတဲ့ ခြင်းတောင်းထဲကအရုပ်တွေနဲ့ဆော့ကစားနေခဲ့တာပါ ။ ထိုမချိန်မှာပဲ ခြင်းတောင်းနားကအပေါက်လေးမှာ ညှပ်နေခဲ့တဲ့မြွေကို ကလေးဟာ အရုပ်ကလေးလို့ထင်ပြီး အတင်ဆွဲယူကာ ဆော့ကစားနေခဲ့တာပါ ။ သို့ပေမဲ့လည်း မြေဟာခြင်းတောင်းလေးမှာ ညှပ်နေတုန်းပါပဲ ။

ဒီလိုနဲ့ပဲ ကလေးငယ်ဟာ ခြင်းတောင်းထဲရှိမြွေပေါ် အရုပ်လေးတွေပြန်ထည့်ပြီး ခြင်းတောင်းကိုမကာ အိမ်ထဲသို့ ပြန်ဝင်ဖို့ လုပ်နေချိန်မှာပဲ မြွေဟာကလေးငယ်ရဲ့ ဒူးခေါင်းကိုလှမ်းပေါက်ပစ်ခဲ့ပါတယ် ။ ကလေးငယ်ဟာ ကြောက်လန့်တကြားဖြင့် အော်ဟစ်ခဲ့ချိန်မှာတော့ ကလေးငယ်၏အုပ်ထိန်းသူတွေရောက်ရှိလာခဲ့ကြပါတယ် ။

Video ထဲမှာတွေ့ရတဲ့အတိုင်း ကလေးငယ်ရဲ့ဖခင်လို့ယူဆရတဲ့အမျိုးသားတစ်ယောက်ဟာ မြွေကိုမြင်တော့ထိတ်လန့်သွားပြီး ၎င်းခြင်းတောင်းကိုအဝေးသို့ဖယ်ထုတ်ပစ်ခဲ့ပြီး ကလေးကယ်ကိုပွေ့ချီခဲ့ပါတယ် ။ ထိုအချိန်မှာပဲ အမျိုးသမီးတစ်ယောက်ဟာ ကြိုးဖြင့်ကလေးငယ်၏ခြေထောက်ကို ချည်နှောင်ပြီး အဆိပ်တွေမပျံ့သွားအောင်ပြုလုပ်နေခဲ့တာကို တွေ့ရှိရမှာပါ ။ ထို့ကြောင့် အဆိုပါ Video ကိုကြည့်ပြီး လူအများစုဟာ အတော်လေးကိုထိတ်လန့်အံသြသွားခဲ့ရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေႁမြကိုအ႐ုပ္လို႔ထင္ၿပီး လက္ျဖင့္အတင္းဆြဲကာေဆာ့ကစားေနခဲ့တဲ့ လမ္းေလ်ွာက္တက္စကေလးငယ္ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*