အမြဲအိပ်ချင်မူးတူးရုပ်လေးနဲ့မို့ ချစ်ဖို့ကောင်းလွန်းနေတဲ့ ကြောင်လေး


1

2

3

4

5

6

Mia (Mckzone Daily)

Source : 9GAG

Unicode

ပုံမှန်ဆို ကြောင်လေးတွေက အမွေးတွေတိုတို ရှည်ရှည် သူတို့အသားနဲ့ဘဲ ကပ်နေတတ်တာပါ။ဒါပေမဲ့ အခုဖော်ပြမဲ့ ကြောင်လေးကတော့ အခြားကြောင်တွေနဲ့မတူဘဲ အမွေးတွေက original ကို ထောင်ထောင်လေး ဖြစ်နေပါတယ်။သူ့ပုံစံလေးက အမေလှမ်းအော်လို့ အခုမှ အိပ်ချင်မူးတူးနဲ့ ပြေးထလာခဲ့တဲ့ပုံနဲ့တူနေလို့ လတ်တလော social media မှာ လူချစ်လူခင်များပြီး ရေပန်းစားနေပါတယ်။သူ့ပုံလေးကို တစ်ဆင့်ပြန်မျှဝေပေးခဲ့သူက “ မနက်ခင်းတိုင်းရဲ့ ငါ့ဆံပင်ပုံစံ” ဆိုတဲ့ caption နဲ့ မျှဝေပေးခဲ့တာပါ။ပါးဖောင်းဖောင်းလေးကအစ နားရွက်တွေအထိ အမွေးလေးတွေက ထောင်ထောင်လေးဖြစ်နေပြီး ရုပ်လေးကလည်း တစ်ခုခုကို စိတ်တိုင်းမကျဖြစ်နေတဲ့ရုပ်လေးနဲ့မို့ အတော်လေး ချစ်ဖို့ကောင်းနေပါတယ်လေ ။

Mia (Mckzone Daily)

  • Leave a Comment