ကားထဲမှာ သီချင်းထိုင်ဆိုပေးရုံနဲ့ Taxi အခမဲ့စီးခွင့်ပေးတဲ့ ကားဆရာ(ရုပ်သံ)
Tu ဟာ အခုလိုမလုပ်ခင် လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက ခရီးသည်တွေကို သီချင်းခေါင်းစဉ် ခန့်မှန်းခိုင်းတဲ့အစီအစဉ်နဲ့ စတင်ခဲ့တာပါ။အခုတော့ ကားထဲကို ကင်မရာတွေတပ်ပြီး ခရီးသည်တွေကို ကာရာအိုကေ ဆိုခိုင်းတဲ့အစီအစဉ်အဖြစ် ပြောင်းလဲလိုက်ပါတယ်။“ ငါ ကားမောင်းလာတာ သက်တမ်း ၂၇ နှစ်ရှိနေပါပြီ ၊ကာရာအိုကေဆိုပြီး ဆုချတဲ့အစီအစဉ်ကို ၈ နှစ် ကြာလုပ်ခဲ့တယ် ၊ ဗီဒီယိုရိုက်တာကိုတော့ ၆ နှစ်ကြာလုပ်ခဲ့တယ် ၊ဗီဒီယိုအခုပေါင်း ၁၀,၀၀၀ ကျော် ရိုက်ကူးခဲ့ပြီး ငါ မတူညီတဲ့နိုင်ငံ ၁၀ခုရဲ့ TV show မှာ ပါခဲ့ဖူးတယ်” လို့ Tu က သူစတင်ခဲ့တဲ့အချိန်ကို ပြောပြခဲ့ပါတယ်။လက်ရှိမှာ Tu ရဲ့YouTube channel ဟာ subscriber ပေါင်း ၂၀,၀၀၀ ကျော်ရှိနေပြီး သူဟာ international influencer တစ်ယောက်လည်း ဖြစ်နေပါပြီ။
Tu က “ထိုင်ဝမ်လူမျိုးတွေက သီချင်းဆိုရတာကိုနှစ်သက်ကြတယ် ၊ ဒါပေမဲ့ ကားအပြင်ဘက်မှာ ထွက်နေတဲ့အသံကြောင့် ရဲတွေက ဒဏ်ငွေရိုက်နိုင်ပြီး လူတွေက တစ်ခါတစ်ရံ ဖျော်ဖြေတင်ဆက်ရမှာကို ရှက်နေတတ်ကြတယ် ၊ ကျွန်တော်တို့ကားကိုစီးပြီး သီချင်းဆိုရမဲ့အစား သူတို့ကိုယ်သူတို့ လမ်းလျှောက်ပြီးဘဲပြန်ချင်တတ်ကြတယ်၊ တစ်ကယ်တော့ သူတို့ ရဲစွမ်းသတ္တိကိုလေ့ကျင့်ပေးဖို့ပါ ၊ သူတို့ရဲ့လေ့ကျင့်မှုက မပြောနိုင်ဘူး တစ်ချိန်ချိန်မှာ စူပါစတားဖြစ်လာနိုင်တာဘဲ မဟုတ်လား ” လို့ ဆိုပြီး သူ့သဘောကျတဲ့ အဆိုတော်ကို မေးတော့ Tu က Ed Sheeran ကို ရွေးချယ်ခဲ့ပါသေးတယ်။သီချင်းလည်းဆိုရ အလကားလည်းစီးရဆိုတော့ တန်တာပေါ့ဗျာ။
1
2
Mia (Mckzone Daily)
Source : ladbible
Unicode
ထိုင်ဝမ်နိုင်ငံရှိ အသက် ၅၇ နှစ် အရွယ် Tu Ching Liang အမည်ရှိတဲ့ Taxi driver တစ်ဦးဟာ ခရီးသည်တွေအား သူတို့ရဲ့လမ်းကြောင်းပေါ်သွားနေစဉ်အတွင်း သူ့အတွက် ကာရာအိုကေသီချင်း သီဆိုပေးသူတွေအား ၎င်းတို့ရဲ့လိုရာခရီးကို အခမဲ့ပို့ဆောင်ပေးနေပါတယ်။Tu ဟာ သူ့ရဲ့YouTube channel မှာ ပုံမှန်မဟုတ်တဲ့လျှော့စျေးအစီအစဉ်ရဲ့နောက်ကွယ်မှ သန်းပေါင်းများစွာသောဗီဒီယိုတွေကို ထုတ်လွှင့်ပြသခဲ့ပါတယ်။
Tu က “ထိုင်ဝမ်လူမျိုးတွေက သီချင်းဆိုရတာကိုနှစ်သက်ကြတယ် ၊ ဒါပေမဲ့ ကားအပြင်ဘက်မှာ ထွက်နေတဲ့အသံကြောင့် ရဲတွေက ဒဏ်ငွေရိုက်နိုင်ပြီး လူတွေက တစ်ခါတစ်ရံ ဖျော်ဖြေတင်ဆက်ရမှာကို ရှက်နေတတ်ကြတယ် ၊တစ်ကယ်တော့ သူတို့ ရဲစွမ်းသတ္တိကိုလေ့ကျင့်ပေးဖို့ပါ ၊ သူတို့ရဲ့လေ့ကျင့်မှုက မပြောနိုင်ဘူး တစ်ချိန်ချိန်မှာ စူပါစတားဖြစ်လာနိုင်တာဘဲ မဟုတ်လား ” လို့ ဆိုပြီး သူ့သဘောကျတဲ့ အဆိုတော်ကို မေးတော့ Tu က Ed Sheeran ကို ရွေးချယ်ခဲ့ပါသေးတယ်။
Mia (Mckzone Daily)
  • Leave a Comment