ရင္သားကင္ဆာေရာဂါခံစားေနရတဲ့ဇနီးအတြက္ ပန္းေရာင္ဘဲေလးစကပ္ဝတ္ၿပီး ကမာၻပတ္ခဲ့တဲ့ အမ်ိဳးသား(႐ုပ္သံ)

Bob အမည္ရွိတဲ့ အမ်ိဳးသား ႏွင့္ Linda Carey အမည္ရွိတဲ့အမ်ိဳးသမီးတို႔ ဇနီးေမာင္ႏွံဟာ ၂၀၀၃ ခုႏွစ္မွာ ၿမိဳ႕ျပႀကီးကေန ကမ္းေျခေဒသသို႔ ေပ်ာ္ေပ်ာ္ ႐ႊင္႐ႊင္ေနထိုင္ႏိုင္ဖို႔ အိမ္ေျပာင္းခဲ့ၾကေပမဲ့ ၆လအၾကာေတာ့ Linda မွာ ရင္သားကင္ဆာရွိေနေၾကာင္း သိခဲ့ပါတယ္။Linda ဟာ သူမရဲ႕ေရာဂါကို အႏိုင္တိုက္ႏိုင္ခဲ့ၿပီး၂၀၀၆ ခုႏွစ္မွာ နလန္ျပန္ထူႏိုင္ခဲ့ပါတယ္။ထို႔ေနာက္ သူတို႔စုံတြဲဟာ ကင္ဆာေရာဂါကိုတိုက္ဖ်က္ေနရတဲ့ အျခားအမ်ိဳးသမီးမ်ားအား အသိပညာေပးရန္ႀကိဳးစားေနခဲ့ၿပီး Bob က သူ႔ဇနီး Linda နဲ႔ ရင္သားကင္ဆာေရာဂါသည္အမ်ိဳးသမီးမ်ားရဲ႕ေထာက္ခံအားေပးမႈေၾကာင့္ ပန္းေရာင္ဘဲကေလးစကပ္ကိုအၿမဲ ဝတ္ဆင္ခဲ့သလို ကိုယ္တိုင္ဓာတ္ပုံ႐ိုက္ယူကာ ရန္ပုံေငြ ရွာေဖြခဲ့ပါတယ္။၂၀၀၃ ခုႏွစ္မွာ Linda မွာရင္သားကင္ဆာရွိေၾကာင္းသိရွိၿပီးေနာက္ အဆိုပါစုံတြဲဟာ The Tutu Project ကို စတင္ခဲ့ၿပီး ရန္ပုံေငြရွာရန္ သူတို႔ရဲ႕ ၂၀၁၅ခုႏွစ္ ျပကၡဒိန္ကိုလည္း ျဖန႔္ခ်ီခဲ့ပါေသးတယ္။ႏွစ္စဥ္ ရင္သားကင္ဆာေရာဂါခံစားေနရတဲ့ မ်ားစြာေသာအမ်ိဳးသမီးတို႔ရဲ႕ဘ၀ကို Bob ႏွင့္ Linda တို႔က တစ္ဖက္တစ္လမ္းအေနနဲ႔ ရန္ပုံေငြေတြ အၿမဲေထာက္ပံ့ေပးေနၿပီး ၎တို႔အား ခြန္အားရွိတဲ့စကားလုံးေတြနဲ႔ အၿမဲ လႈံ႕ေဆာ္ေပးေနခဲ့ပါတယ္။ဒီေတာ့ ဘဲေလးစကပ္တိုေလးနဲ႔ Bob ရဲ႕ ကမာၻ႔ေနရာအႏွံ႔မွာ ႐ိုက္ကူးထားတဲ့ဓာတ္ပုံေတြကို စာဖတ္သူတို႔အဖို႔ မွ်ေဝေပးခဲ့လိုက္ပါတယ္ေနာ္။

1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

Mia (Mckzone Daily)

Source : buzznicked

Unicode

Bob အမည်ရှိတဲ့ အမျိုးသား နှင့် Linda Carey အမည်ရှိတဲ့အမျိုးသမီးတို့ ဇနီးမောင်နှံဟာ ၂၀၀၃ ခုနှစ်မှာ မြို့ပြကြီးကနေ ကမ်းခြေဒေသသို့ ပျော်ပျော် ရွှင်ရွှင်နေထိုင်နိုင်ဖို့ အိမ်ပြောင်းခဲ့ကြပေမဲ့ ၆လအကြာတော့ Linda မှာ ရင်သားကင်ဆာရှိနေကြောင်း သိခဲ့ပါတယ်။Linda ဟာ သူမရဲ့ရောဂါကို အနိုင်ရရှိခဲ့ပြီး၂၀၀၆ ခုနှစ်မှာ နလန်ပြန်ထူနိုင်ခဲ့ပါတယ်။ထို့နောက် သူတို့စုံတွဲဟာ ကင်ဆာရောဂါကိုတိုက်ဖျက်နေရတဲ့ အခြားအမျိုးသမီးများအား အသိပညာပေးရန်ကြိုးစားနေခဲ့ပြီး Bob က သူ့ဇနီး Linda နဲ့ ရင်သားကင်ဆာရောဂါသည်အမျိုးသမီးများရဲ့ထောက်ခံအားပေးမှုကြောင့် ပန်းရောင်ဘဲကလေးစကပ်ကိုအမြဲ ဝတ်ဆင်ခဲ့သလို ကိုယ်တိုင်ဓာတ်ပုံရိုက်ယူကာ ရန်ပုံငွေ ရှာဖွေခဲ့ပါတယ်။၂၀၀၃ ခုနှစ်မှာ Linda မှာရင်သားကင်ဆာရှိကြောင်းသိရှိပြီးနောက် အဆိုပါစုံတွဲဟာ The Tutu Project ကို စတင်ခဲ့ပြီး ရန်ပုံငွေရှာရန် သူတို့ရဲ့ ၂၀၁၅ခုနှစ် ပြက္ခဒိန်ကိုလည်း ဖြန့်ချီခဲ့ပါသေးတယ်။နှစ်စဉ် ရင်သားကင်ဆာရောဂါခံစားနေရတဲ့ များစွာသောအမျိုးသမီးတို့ရဲ့ဘဝကို Bob နှင့် Linda တို့က တစ်ဖက်တစ်လမ်းအနေနဲ့ ရန်ပုံငွေတွေ အမြဲထောက်ပံ့ပေးနေပြီး ၎င်းတို့အား ခွန်အားရှိတဲ့စကားလုံးတွေနဲ့ အမြဲ လှုံ့ဆော်ပေးနေခဲ့ပါတယ်။ဒီတော့ ဘဲလေးစကပ်တိုလေးနဲ့ Bob ရဲ့ ကမ္ဘာ့နေရာအနှံ့မှာ ရိုက်ကူးထားတဲ့ဓာတ်ပုံတွေကို စာဖတ်သူတို့အဖို့ မျှဝေပေးခဲ့လိုက်ပါတယ်နော်။

Mia (Mckzone Daily)

Be the first to comment on "ရင္သားကင္ဆာေရာဂါခံစားေနရတဲ့ဇနီးအတြက္ ပန္းေရာင္ဘဲေလးစကပ္ဝတ္ၿပီး ကမာၻပတ္ခဲ့တဲ့ အမ်ိဳးသား(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*