သူမ်ားခိုင္းလို႔ ေဆးရံုကလူနာတင္ကားကိုခိုးခဲ့တာပါဆိုတဲ့ အသက္ 51ႏွစ္အရြယ္အမ်ိဳးသား

ၿပီးခဲ့တဲ့ေအာက္တိုဘာလ 26ရက္ေန႔က အမ်ိဳးသားတစ္ဦးဟာစိတ္ေျခာက္ျခားမႈေၾကာင့္ မေလး႐ွားႏိုင္ငံ ၊ Kuala Lumpur ၿမိဳ႕မွာ႐ွိတဲ့ေဆးရံုက အေရးေပၚလူနာတင္ကားကိုခိုးယူမႈျဖစ္ပြားခဲ့ပါတယ္ ။ ရဲအရာ႐ွိေတြနဲ႔ ေျပာျပခ်က္အရ အဆိုပါအသက္ 51ႏွစ္အရြယ္အမ်ိဳးသားဟာ ည 12:10 အခ်ိန္မွာ အေရးေပၚအထူးကုဌာနေ႐ွ႕မွာ ရပ္ထားတဲ့ လူနာတင္ကားကိုခိုးယူသြားခဲ့ပါတယ္ ။ ထို႔ေၾကာင့္ ည 12:15 အခ်ိန္မွာ ရဲအရာ႐ွိမ်ားက တိုင္ၾကားခ်က္ကိုလက္ခံရ႐ွိခဲ့ၾကပါတယ္ ။ တစ္ခ်ိန္တည္းမွာပဲ အျခားလူနာတင္ကားတစ္စီးက ခိုးယူသြားတဲ့လူနာတင္ကားေနာက္အမွီလိုက္ဖမ္းခဲ့ပါတယ္ ။

ထို႔ေနာက္ 20မိနစ္အၾကာမွာေတာ့ အဆိုပါအမ်ိဳးသားကိုဖမ္းဆီးႏိုင္ခဲ့ၿပီး ၊ စစ္ေဆးေမးျမန္းခဲ့ခ်ိန္မွာေတာ့ အဆိုပါအမ်ိဳးသားက ” ကြၽန္ေတာ့္နားထဲကို အသံတိုးတိုးေလးနဲ႔ ကားကိုခိုးပစ္ဖို႔ေျပာခဲ့လို႔ ကြၽန္ေတာ္ခိုးယူခဲ့တာပါ ” ဆိုၿပီး အေၾကာင္းျပခ်က္ေပးခဲ့ပါတယ္ ။ အဆိုပါအမ်ိဳးသားဟာ ျပစ္မႈက်ဴ းလြန္ေနခ်ိန္မွာ စိတ္ေျခာက္ျခားေနခဲ့တာျဖစ္ေၾကာင္း ေကာက္ခ်က္ခ်ခဲ့ၾကပါတယ္ ။

ေနာက္ပိုင္း စံုစမ္းစစ္ေဆးမႈမ်ားေက္လက္ျပဳလုပ္ခဲ့ခ်ိန္မွာေတာ့ အဆိုပါအမ်ိဳးသားဟာ ျပစ္မႈေပါင္း 17 ခုက်ဴ းလြန္ခဲ့ဖူးေၾကာင္း မွတ္တမ္း႐ွိခဲ့တဲ့အျပင္ ၊ မႈးယစ္ေဆးဝါးျပစ္မႈမ်ားလည္း ပါဝင္ေၾကာင္းသိ႐ွိရပါတယ္ ။ ယခုျပစ္မႈအတြက္ ျပစ္ဒဏ္ခ်မွတ္ဖို႔ ဆက္လက္ၿပီးစစ္ေဆးမႈမ်ားျပဳလုပ္လ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့အောက်တိုဘာလ 26ရက်နေ့က အမျိုးသားတစ်ဦးဟာစိတ်ခြောက်ခြားမှုကြောင့် မလေးရှားနိုင်ငံ ၊ Kuala Lumpur မြို့မှာရှိတဲ့ဆေးရုံက အရေးပေါ်လူနာတင်ကားကိုခိုးယူမှုဖြစ်ပွားခဲ့ပါတယ် ။ ရဲအရာရှိတွေနဲ့ ပြောပြချက်အရ အဆိုပါအသက် 51နှစ်အရွယ်အမျိုးသားဟာ ည 12:10 အချိန်မှာ အရေးပေါ်အထူးကုဌာနရှေ့မှာ ရပ်ထားတဲ့ လူနာတင်ကားကိုခိုးယူသွားခဲ့ပါတယ် ။ ထို့ကြောင့် ည 12:15 အချိန်မှာ ရဲအရာရှိများက တိုင်ကြားချက်ကိုလက်ခံရရှိခဲ့ကြပါတယ် ။ တစ်ချိန်တည်းမှာပဲ အခြားလူနာတင်ကားတစ်စီးက ခိုးယူသွားတဲ့လူနာတင်ကားနောက်အမှီလိုက်ဖမ်းခဲ့ပါတယ် ။

ထို့နောက် 20မိနစ်အကြာမှာတော့ အဆိုပါအမျိုးသားကိုဖမ်းဆီးနိုင်ခဲ့ပြီး ၊ စစ်ဆေးမေးမြန်းခဲ့ချိန်မှာတော့ အဆိုပါအမျိုးသားက ” ကျွန်တော့်နားထဲကို အသံတိုးတိုးလေးနဲ့ ကားကိုခိုးပစ်ဖို့ပြောခဲ့လို့ ကျွန်တော်ခိုးယူခဲ့တာပါ ” ဆိုပြီး အကြောင်းပြချက်ပေးခဲ့ပါတယ် ။ အဆိုပါအမျိုးသားဟာ ပြစ်မှုကျူ းလွန်နေချိန်မှာ စိတ်ခြောက်ခြားနေခဲ့တာဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြပါတယ် ။

နောက်ပိုင်း စုံစမ်းစစ်ဆေးမှုများကေ်လက်ပြုလုပ်ခဲ့ချိန်မှာတော့ အဆိုပါအမျိုးသားဟာ ပြစ်မှုပေါင်း 17 ခုကျူ းလွန်ခဲ့ဖူးကြောင်း မှတ်တမ်းရှိခဲ့တဲ့အပြင် ၊ မှုးယစ်ဆေးဝါးပြစ်မှုများလည်း ပါဝင်ကြောင်းသိရှိရပါတယ် ။ ယခုပြစ်မှုအတွက် ပြစ်ဒဏ်ချမှတ်ဖို့ ဆက်လက်ပြီးစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "သူမ်ားခိုင္းလို႔ ေဆးရံုကလူနာတင္ကားကိုခိုးခဲ့တာပါဆိုတဲ့ အသက္ 51ႏွစ္အရြယ္အမ်ိဳးသား"

Leave a comment

Your email address will not be published.


*