ႏိုင္ငံထဲကို တရားမဝင္အျဖစ္ေျပာင္းေ႐ြ႕ေနထိုင္ဖို႔ ႐ႊံ႕ပြက္ထဲဝင္ပုန္းေနခဲ့ၾကတဲ့ မိသားစု

ဇန္နဝါရီလ ၆ရက္ေန႔ မနက္အေစာပိုင္းေလာက္က မေလးရွားႏိုင္ငံ Selangor ျပည္နယ္ရွိ Kampung Sungai Serdang ျပည္သူ႔ခန္းမ ေနာက္ကြယ္မွ ေရကန္ရွိ ႐ႊံ႕ပြက္ထဲ ပိတ္မိေနတဲ့ အမ်ိဳးသမီးတစ္ဦး ႏွင့္ မိန္းကေလး သုံးဦးတို႔အား ကယ္ဆယ္ေရးအဖြဲ႕က အျမန္ကယ္ဆယ္ႏိုင္ခဲ့ပါတယ္။တရားမဝင္ေျပာင္းေ႐ြ႕ေနထိုင္သူမ်ား ( PATI ) လို႔ယူဆရတဲ့ အဆိုပါအမ်ိဳးသမီးႏွင့္ ကေလးမေလးသုံးေယာက္တို႔ဟာ မေန႔မနက္ ၄နာရီဝန္းက်င္ေလာက္က ၎ေရကန္ထဲကို ဆင္းၿပီး ပုန္းခိုေနၾကတာပါ။မီးသတ္ႏွင့္ကယ္ဆယ္ေရးေရးဌာနရဲ႕ ေျပာေရးဆိုခြင့္ရွိသူ Norazam Khamis က သူရဲ႕အဖြဲ႕ဟာ မနက္ ၄ နာရီခြဲ ဝန္းက်င္ေလာက္မွာ အေရးေပၚဖုန္းေခၚဆိုမႈကို လက္ခံရရွိခဲ့ကာ ျဖစ္ပြါးရာေနရာကို အလ်င္အျမန္သြားခဲ့ၿပီး “ ေနရာကို ေရာက္ေတာ့ မိန္းမႀကီးတစ္ေယာက္နဲ႔ ကေလးမေလး သုံးေယာက္က ႐ႊံ႕ပြက္ထဲမွာ ပိတ္မိေနတယ္” လို႔ ဆိုထားပါတယ္။

ထို႔ေနာက္ ဆယ္ကယ္ေရးအဖြဲ႕ဝင္ေတြက ေလွငယ္တစ္စင္းျဖင့္ ႀကိဳးႏွစ္ေခ်ာင္းနဲ႔ အဆို ဒုကၡသည္ေတြကို တစ္ေယာက္ခ်င္းစီ ဆြဲထုတ္ၿပီး ႐ႊံ႕ေတြကို ဖယ္ရွားေပးခဲ့ၾကပါတယ္။အဆိုပါ တရားမဝင္ေျပာင္းေ႐ြ႕ေနထိုင္သူ ၃ဦးမွာ အသက္ ၅ႏွစ္မွ ၃၀ အၾကားရွိတဲ့ ႐ိုဟင္ဂ်ာမ်ားျဖစ္ေၾကာင္း Khamis က အတည္ျပဳထားပါတယ္။ကယ္ဆယ္ေရးကို မနက္ ၇ နာရီ ၁၀မိနစ္မွာ အၿပီးသတ္ႏိုင္ခဲ့ၿပီး အဆိုပါ တရားမဝင္ေျပာင္းေ႐ြ႕သူေတြကို ရဲစခန္းသို႔ ထပ္မံအေရးယူရန္ လႊဲေျပာင္းေပးခဲ့ပါတယ္။ Khamis က ၎တရားမဝင္ေျပာင္းေ႐ြ႕ေနထိုင္သူေတြက အေယာက္ ၄၀ နီးပါးရွိေၾကာင္း သတင္းရထားေပမဲ့ ဒီေလးေယာက္ကိုေတာ့ ႐ႊံ႕ပြက္ထဲကေန ဆယ္ထုတ္ႏိုင္ခဲ့ေၾကာင္း ဆိုထားပါေသးတယ္။ဒီျဖစ္ရပ္ကို စာဖတ္သူတို႔ဘယ္လိုထင္ျမင္မိပါသလဲ။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

ဇန်နဝါရီလ ၆ရက်နေ့ မနက်အစောပိုင်းလောက်က မလေးရှားနိုင်ငံ Selangor ပြည်နယ်ရှိ Kampung Sungai Serdang ပြည်သူ့ခန်းမ နောက်ကွယ်မှ ရေကန်ရှိ ရွှံ့ပွက်ထဲ ပိတ်မိနေတဲ့ အမျိုးသမီးတစ်ဦး နှင့် မိန်းကလေး သုံးဦးတို့အား ကယ်ဆယ်ရေးအဖွဲ့က အမြန်ကယ်ဆယ်နိုင်ခဲ့ပါတယ်။တရားမဝင်ပြောင်းရွေ့နေထိုင်သူများ ( PATI ) လို့ယူဆရတဲ့ အဆိုပါအမျိုးသမီးနှင့် ကလေးမလေးသုံးယောက်တို့ဟာ မနေ့မနက် ၄နာရီဝန်းကျင်လောက်က ၎င်းရေကန်ထဲကို ဆင်းပြီး ပုန်းခိုနေကြတာပါ။မီးသတ်နှင့်ကယ်ဆယ်ရေးရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Norazam Khamis က သူရဲ့အဖွဲ့ဟာ မနက် ၄ နာရီခွဲ ဝန်းကျင်လောက်မှာ အရေးပေါ်ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ကာ ဖြစ်ပွါးရာနေရာကို အလျင်အမြန်သွားခဲ့ပြီး “ နေရာကို ရောက်တော့ မိန်းမကြီးတစ်ယောက်နဲ့ ကလေးမလေး သုံးယောက်က ရွှံ့ပွက်ထဲမှာ ပိတ်မိနေတယ်” လို့ ဆိုထားပါတယ်။

ထို့နောက် ဆယ်ကယ်ရေးအဖွဲ့ဝင်တွေက လှေငယ်တစ်စင်းဖြင့် ကြိုးနှစ်ချောင်းနဲ့ အဆို ဒုက္ခသည်တွေကို တစ်ယောက်ချင်းစီ ဆွဲထုတ်ပြီး ရွှံ့တွေကို ဖယ်ရှားပေးခဲ့ကြပါတယ်။အဆိုပါ တရားမဝင်ပြောင်းရွေ့နေထိုင်သူ ၃ဦးမှာ အသက် ၅နှစ်မှ ၃၀ အကြားရှိတဲ့ ရိုဟင်ဂျာများဖြစ်ကြောင်း Khamis က အတည်ပြုထားပါတယ်။ကယ်ဆယ်ရေးကို မနက် ၇ နာရီ ၁၀မိနစ်မှာ အပြီးသတ်နိုင်ခဲ့ပြီး အဆိုပါ တရားမဝင်ပြောင်းရွေ့သူတွေကို ရဲစခန်းသို့ ထပ်မံအရေးယူရန် လွှဲပြောင်းပေးခဲ့ပါတယ်။

Mia (Mckzone Daily)

Be the first to comment on "ႏိုင္ငံထဲကို တရားမဝင္အျဖစ္ေျပာင္းေ႐ြ႕ေနထိုင္ဖို႔ ႐ႊံ႕ပြက္ထဲဝင္ပုန္းေနခဲ့ၾကတဲ့ မိသားစု"

Leave a comment

Your email address will not be published.


*