၁၀ ႏွစ္ၾကာ ေန႔တိုင္း Selfie ႐ိုက္ယူၿပီး ႀကီးမားတဲ့သူ႔ရဲ႕႐ုပ္ရည္ျခားနားခ်က္ကိုျပသခဲ့တဲ့ ေကာင္ေလးတစ္ဦး(႐ုပ္သံ)

ဆယ္ေက်ာ္သက္အ႐ြယ္မွ အ႐ြယ္ေရာက္ၿပီးသူအျဖစ္သို႔ ေျပာင္းလဲသြားတဲ့သင့္႐ုပ္ရည္ကို ျပန္စဥ္းစားၾကည့္ဖူးပါသလား။Niall Grey အမည္ရွိတဲ့အမ်ိဳးသားတစ္ေယာက္ကေတာ့ အဲဒီအေျပာင္းအလဲေတြကိုျမင္ရဖို႔အတြက္ အသက္ ၁၄ ႏွစ္အ႐ြယ္မွစတင္ခဲ့ၿပီး အသက္ ၂၄ ႏွစ္မျပည့္ခင္အထိ ၁၀ႏွစ္လုံးလုံး ေန႔တိုင္း သူ႔selfieပုံကို ႐ိုက္ယူခဲ့ပါတယ္။သူ႔ရဲ႕ က်ိန္းေသျခားနားခ်က္ေတြကို ေတြ႕ျမင္ႏိုင္ပါတယ္။Niall ဟာ အဆိုပါစီမံကိန္းကိုစတင္ခဲ့ၿပီးေနာက္ တစ္ပတ္အတြင္း သူ႔ရဲ႕ပုံပန္းသ႑န္ေျပာင္းလဲပုံအဆင့္ဆင့္ကို ျမင္ေတြ႕ရေတာ့ နည္းနည္းၾကာေအာင္ ျပဳလုပ္ရန္ဆုံးျဖတ္ခဲ့တာပါ။Niall ဟာ ရက္သတၱပတ္ရဲ႕အဆုံးမွာ နည္းနည္းခ်င္းစီ ကြဲျပားျခားနားသြားတဲ့သူ႔ပုံစံကိုၾကည့္ရႈဖို႔ အိပ္ရာမဝင္ခင္ ေန႔တိုင္းကိုယ့္ကိုယ္ကို ဓာတ္ပုံ႐ိုက္ဖို စိတ္ဝင္စားလာခဲ့ပါတယ္။“အဲဒီအခ်ိန္တုန္းက တစ္ပတ္တာ ၿပီးဆုံးသြားတာက ကြၽန္ေတာ့္အတြက္ အေတာ္ေလးအထင္ႀကီးစရာေကာင္းတယ္လို႔ထင္ခဲ့ေပမဲ့ ဆက္လုပ္ဖို႔ဘယ္ေတာ့မွမစီစဥ္ထားခဲ့ဘူး ၊ ဒါေပမဲ့ တျဖည္းျဖည္းနဲ႔ကြၽန္ေတာ့္ရဲ႕ ေန႔စဥ္လုပ္႐ိုးလုပ္စဥ္တစ္ခုလိုျဖစ္လာခဲ့တယ္” လို႔ Niall က ေျပာျပခဲ့ပါတယ္။အခ်ိန္ၾကာလာတာႏွင့္အမွ် Niall ရဲ႕ကင္မရာလည္း အရည္အေသြးတိုးတက္လာတာကို ေသခ်ာေပါက္ ေတြ႕ျမင္ႏိုင္ပါတယ္။ဒီေတာ့ ၁၀ ႏွစ္တာကာလအတြင္း Niall ရဲ႕အသြင္ေျပာင္းမႈကို စာဖတ္သူတို႔လည္း ၾကည့္ရႈႏိုင္ဖို႔ ေဖာ္ျပေပးခဲ့လိုက္ပါတယ္။ စာဖတ္သူတို႔လည္း ကိုယ့္ရဲ႕တစ္ႏွစ္ၿပီးတစ္ႏွစ္ ေျပားလဲလာတဲ့႐ုပ္ရည္ကို အေသးစိတ္ၾကည့္ရႈခ်င္ေတာ့ Niall လို နည္းလမ္းနဲ႔ လိုက္လုပ္ၾကည့္ၾကည့္ၾကပါေနာ္။

1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

19

20

21

Mia (Mckzone Daily)

Source : boredpanda

Unicode

ဆယ်ကျော်သက်အရွယ်မှ အရွယ်ရောက်ပြီးသူအဖြစ်သို့ ပြောင်းလဲသွားတဲ့သင့်ရုပ်ရည်ကို ပြန်စဉ်းစားကြည့်ဖူးပါသလား။Niall Grey အမည်ရှိတဲ့အမျိုးသားတစ်ယောက်ကတော့ အဲဒီအပြောင်းအလဲတွေကိုမြင်ရဖို့အတွက် အသက် ၁၄ နှစ်အရွယ်မှစတင်ခဲ့ပြီး အသက် ၂၄ နှစ်မပြည့်ခင်အထိ ၁၀နှစ်လုံးလုံး နေ့တိုင်း သူ့selfieပုံကို ရိုက်ယူခဲ့ပါတယ်။သူ့ရဲ့ ကျိန်းသေခြားနားချက်တွေကို တွေ့မြင်နိုင်ပါတယ်။Niall ဟာ အဆိုပါစီမံကိန်းကိုစတင်ခဲ့ပြီးနောက် တစ်ပတ်အတွင်း သူ့ရဲ့ပုံပန်းသဏ္ဍန်ပြောင်းလဲပုံအဆင့်ဆင့်ကို မြင်တွေ့ရတော့ နည်းနည်းကြာအောင် ပြုလုပ်ရန်ဆုံးဖြတ်ခဲ့တာပါ။Niall ဟာ ရက်သတ္တပတ်ရဲ့အဆုံးမှာ နည်းနည်းချင်းစီ ကွဲပြားခြားနားသွားတဲ့သူ့ပုံစံကိုကြည့်ရှုဖို့ အိပ်ရာမဝင်ခင် နေ့တိုင်းကိုယ့်ကိုယ်ကို ဓာတ်ပုံရိုက်ဖို စိတ်ဝင်စားလာခဲ့ပါတယ်။“အဲဒီအချိန်တုန်းက တစ်ပတ်တာ ပြီးဆုံးသွားတာက ကျွန်တော့်အတွက် အတော်လေးအထင်ကြီးစရာကောင်းတယ်လို့ထင်ခဲ့ပေမဲ့ ဆက်လုပ်ဖို့ဘယ်တော့မှမစီစဉ်ထားခဲ့ဘူး ၊ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ကျွန်တော့်ရဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်တစ်ခုလိုဖြစ်လာခဲ့တယ်” လို့ Niall က ပြောပြခဲ့ပါတယ်။အချိန်ကြာလာတာနှင့်အမျှ Niall ရဲ့ကင်မရာလည်း အရည်အသွေးတိုးတက်လာတာကို သေချာပေါက် တွေ့မြင်နိုင်ပါတယ်။ဒီတော့ ၁၀ နှစ်တာကာလအတွင်း Niall ရဲ့အသွင်ပြောင်းမှုကို စာဖတ်သူတို့လည်း ကြည့်ရှုနိုင်ဖို့ ဖော်ပြပေးခဲ့လိုက်ပါတယ်။ စာဖတ်သူတို့လည်း ကိုယ့်ရဲ့တစ်နှစ်ပြီးတစ်နှစ် ပြေားလဲလာတဲ့ရုပ်ရည်ကို အသေးစိတ်ကြည့်ရှုချင်တော့ Niall လို နည်းလမ်းနဲ့ လိုက်လုပ်ကြည့်ကြည့်ကြပါနော်။

Mia (Mckzone Daily)

  • Leave a Comment