ေမာင္ေလးေဆးဖိုးအတြက္ မစားမေသာက္ပဲေငြစုေနခဲ့လို႔ အသက္သာႀကီးၿပီး ကေလးခႏၶာကိုယ္သာ ျဖစ္ေနခဲ့တဲ့မိန္းကေလး (႐ုပ္သံ)

တစ္ခ်ိဳ႕ေသာသူေတြကေတာ့ ကိုယ့္ကိုယ္ကိုထက္ ကိုယ့္မိသားစုဝင္ေတြအတြက္သာေပးဆပ္ရင္ အသက္႐ွင္သန္ေနထိုင္ေနၾကတာပါ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံ Wu Huayuan အမည္႐ွိတဲ့ အမ်ိဳးသမီး နဲ႔ သူမရဲ႕ေမာင္ေလးျဖစ္သူတို႔ဟာ ငယ္ငယ္ရြယ္ရြယ္နဲ႔ မိဘေတြေသဆံုးသြားခဲ့တဲ့အတြက္ မိဘမဲ့ေတြျဖစ္သြားခဲ့ၾကပါတယ္ ။ သူမရဲ႕မိခင္က သူမအသက္ 4ႏွစ္အရြယ္မွာေသဆံုးသြားခဲ့လို႔ သူမတို႔မိသားစုဟာ ဝင္ေငြမ႐ွိၾကေတာ့ပါဘူး ။ ထို႔အျပင္ သူမ၏ဖခင္မွာ 2014ခုႏွစ္တြင္ အသည္းရြတ္ေရာဂါျဖင့္ အသက္ေသဆံုးသြားခဲ့ရတာပါ ။ မိဘေတြမ႐ွိေတာ့ မိသားစုတာဝန္ေတြအကုန္းလံုးဟာ Wu ရဲ႕ပုခံုးေပၚက်ေရာက္လာခဲ့ပါေတာ့တယ္ ။

Wu ရဲ႕ေမာင္းေလးဟာ စိတ္ပိုင္းဆိုင္ရာေရာဂါမ်ိဳးခံစားေနရသူျဖစ္တဲ့အတြက္ ေမာင္ေလးျဖစ္သူကိုကုသႏိုင္ဖို႔ သူမအေတာ္ေလးကို႐ုန္းကန္ကာ ပိုက္ဆံမ်ားစုေဆာင္းခဲ့ရပါတယ္ ။ ထို႔အျပင္ သူမတို႔ဟာ တစ္လလံုးကို 1,290 yuan (ျမန္မာေငြ 2သိန္းဝန္းက်င္) ျဖင့္ေလာက္ငွေအာင္ အသံုးျပဳခဲ့ရၿပီး ၊ အပိုေငြမ်ားစုေဆာင္းႏိုင္ရန္အတြက္ သူမဟာ မနက္စာမစားဘဲ ေန႔လည္စာကိုေပါင္မုန္႔သာစားၿပီး ၊ ညစာကို ထမင္းျဖဴအနဲငယ္ႏွင့္ င႐ုတ္သီးအႏွစ္တို႔ကိုသာေရာၿပီးစားေသာက္ခဲ့ပါတယ္ ။ သူမရဲ႕အစားအေသာက္စရိတ္ကို တစ္ရက္လ်ွင္ 2yuan ( ျမန္မာေငြ 400က်ပ္ ဝန္က်င္) သာ အကုန္အက်ခံခဲပါတယ္ ။ ထို႔ေၾကာင့္သူမဟာ အသက္ 24ႏွစ္အရြယ္ ႐ွိၿပီဆိုေပမဲ့လည္း ကေလးခႏၶာကိုယ္ကဲ့သို႔ျဖစ္ေနခဲ့ကာ ကိုယ္အေလးခ်ိန္မွာလည္း 21kg သာ႐ွိၿပီး အဟာရခ်ိဳ႕တဲ့လြန္ေသာေၾကာင့္ ဆံပင္ေမြးမ်ားလည္းကြၽတ္ကာ ၊ မ်က္ခံုေမြးမ်ားလည္း မ႐ွိေတာ့ေၾကာင္းသိ႐ွိရပါတယ္ ။

သူမဟာမၾကာခဏဖ်ားနာေလ့႐ွိေပမဲ့လည္း သူမအတြက္ကိုက်ေတာ့ေစ်းသက္သာတဲ့ ေသာက္ေဆးမ်ားကိုသာဝယ္ေသာက္ၿပီးပိုက္ဆံ ေခ်ြတာခဲ့ပါတယ္ ။ သူမ၏ေမာင္ေလးကို တစ္ႏွစ္ေလာက္ေဆးကုသၿပီးေနာက္မွာေတာ့ စိတ္က်န္းမာေရးအေျခအေနဟာအေတာ္ေလးတိုးတက္လာခဲ့ပါတယ္ ။ ဘယ္ေလာက္ပဲ ဆင္းရဲေစကာမူ Wu ဟာသူမရဲ႕ရည္မွန္းခ်က္ကို လက္မေလ်ွာ့ဘဲ ေက်ာင္းသားေခ်းေငြယူကာ Guizhou တကၠသိုလ္တြင္ ၊ တတိယႏွစ္ စီးပြားေရးအထူးျပဳဘာသာကိုတက္ေရာက္ေနေၾကာင္း သိ႐ွိရပါတယ္ ။ သို႔ေပမဲ့လည္း ေက်ာင္းစရိတ္မ်ားလြန္းတဲ့အတြက္ ေခ်းေငြအျပင္ သူမဟာ အျခားအလုပ္ႏွစ္မ်ိဳးထပ္လုပ္ၿပီး ေက်ာင္းဆက္တက္ခဲ့ပါတယ္ ။

ေခြၽတာလြန္ၿပီး အလုပ္ႀကိဳးစားလြန္းတဲ့အတြက္ Wu ဟာေနာက္ပိုင္းက်န္းမာေရးအေျခအေနဟာ အေတာ္ဆိုးဝါးလာၿပီး လမ္းမေလ်ွာက္ႏိုင္ေတာ့ေလာက္ေအာင္ျဖစ္ခဲ့ပါတယ္ ။ ထို႔ေနာက္ ဆရာဝန္ေျပာၾကားခ်က္အရ သူမဟာႏွလံုးေရာဂါ ခံစားေနရၿပီး ခြဲစိတ္ကုသရန္လိုအပ္ေနေၾကာင္း ႏွင့္ ခြဲစိတ္ကုသစရိတ္မွာ 200,000 yuan က်သင့္မည္ျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။ သို႔ေပမဲ့လည္း သူမကခြဲစိတ္ဖို႔ျငင္းပယ္ေနခဲ့တဲ့အတြက္ သူမရဲ႕သူငယ္ခ်င္းေတြႏွင့္ေဆြးမ်ိဳးေတြက ၾကည့္မေနႏိုင္ေတာ့ဘဲ ဝိုင္းဝန္းလႉဒါန္းေထာက္ပံ့ေပးခဲ့ၾကပါတယ္ ။ ထို႔အျပင္ သူမရဲ႕ေမာင္ေလးကလည္း အသက္ႏိုင္ဆံုးအလုပ္ႀကိဳးစားၿပီး အစ္မျဖစ္သူကိုအစြမ္းေကာင္ ကုသေပးသြားမည္ျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တစ်ချို့သောသူတွေကတော့ ကိုယ့်ကိုယ်ကိုထက် ကိုယ့်မိသားစုဝင်တွေအတွက်သာပေးဆပ်ရင် အသက်ရှင်သန်နေထိုင်နေကြတာပါ ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံ Wu Huayuan အမည်ရှိတဲ့ အမျိုးသမီး နဲ့ သူမရဲ့မောင်လေးဖြစ်သူတို့ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘတွေသေဆုံးသွားခဲ့တဲ့အတွက် မိဘမဲ့တွေဖြစ်သွားခဲ့ကြပါတယ် ။ သူမရဲ့မိခင်က သူမအသက် 4နှစ်အရွယ်မှာသေဆုံးသွားခဲ့လို့ သူမတို့မိသားစုဟာ ဝင်ငွေမရှိကြတော့ပါဘူး ။ ထို့အပြင် သူမ၏ဖခင်မှာ 2014ခုနှစ်တွင် အသည်းရွတ်ရောဂါဖြင့် အသက်သေဆုံးသွားခဲ့ရတာပါ ။ မိဘတွေမရှိတော့ မိသားစုတာဝန်တွေအကုန်းလုံးဟာ Wu ရဲ့ပုခုံးပေါ်ကျရောက်လာခဲ့ပါတော့တယ် ။

Wu ရဲ့မောင်းလေးဟာ စိတ်ပိုင်းဆိုင်ရာရောဂါမျိုးခံစားနေရသူဖြစ်တဲ့အတွက် မောင်လေးဖြစ်သူကိုကုသနိုင်ဖို့ သူမအတော်လေးကိုရုန်းကန်ကာ ပိုက်ဆံများစုဆောင်းခဲ့ရပါတယ် ။ ထို့အပြင် သူမတို့ဟာ တစ်လလုံးကို 1,290 yuan (မြန်မာငွေ 2သိန်းဝန်းကျင်) ဖြင့်လောက်ငှအောင် အသုံးပြုခဲ့ရပြီး ၊ အပိုငွေများစုဆောင်းနိုင်ရန်အတွက် သူမဟာ မနက်စာမစားဘဲ နေ့လည်စာကိုပေါင်မုန့်သာစားပြီး ၊ ညစာကို ထမင်းဖြူအနဲငယ်နှင့် ငရုတ်သီးအနှစ်တို့ကိုသာရောပြီးစားသောက်ခဲ့ပါတယ် ။ သူမရဲ့အစားအသောက်စရိတ်ကို တစ်ရက်လျှင် 2yuan ( မြန်မာငွေ 400ကျပ် ဝန်ကျင်) သာ အကုန်အကျခံခဲပါတယ် ။ ထို့ကြောင့်သူမဟာ အသက် 24နှစ်အရွယ် ရှိပြီဆိုပေမဲ့လည်း ကလေးခန္ဓာကိုယ်ကဲ့သို့ဖြစ်နေခဲ့ကာ ကိုယ်အလေးချိန်မှာလည်း 21kg သာရှိပြီး အဟာရချို့တဲ့လွန်သောကြောင့် ဆံပင်မွေးများလည်းကျွတ်ကာ ၊ မျက်ခုံမွေးများလည်း မရှိတော့ကြောင်းသိရှိရပါတယ် ။

သူမဟာမကြာခဏဖျားနာလေ့ရှိပေမဲ့လည်း သူမအတွက်ကိုကျတော့ဈေးသက်သာတဲ့ သောက်ဆေးများကိုသာဝယ်သောက်ပြီးပိုက်ဆံ ချွေတာခဲ့ပါတယ် ။ သူမ၏မောင်လေးကို တစ်နှစ်လောက်ဆေးကုသပြီးနောက်မှာတော့ စိတ်ကျန်းမာရေးအခြေအနေဟာအတော်လေးတိုးတက်လာခဲ့ပါတယ် ။ ဘယ်လောက်ပဲ ဆင်းရဲစေကာမူ Wu ဟာသူမရဲ့ရည်မှန်းချက်ကို လက်မလျှော့ဘဲ ကျောင်းသားချေးငွေယူကာ Guizhou တက္ကသိုလ်တွင် ၊ တတိယနှစ် စီးပွားရေးအထူးပြုဘာသာကိုတက်ရောက်နေကြောင်း သိရှိရပါတယ် ။ သို့ပေမဲ့လည်း ကျောင်းစရိတ်များလွန်းတဲ့အတွက် ချေးငွေအပြင် သူမဟာ အခြားအလုပ်နှစ်မျိုးထပ်လုပ်ပြီး ကျောင်းဆက်တက်ခဲ့ပါတယ် ။

ချွေတာလွန်ပြီး အလုပ်ကြိုးစားလွန်းတဲ့အတွက် Wu ဟာနောက်ပိုင်းကျန်းမာရေးအခြေအနေဟာ အတော်ဆိုးဝါးလာပြီး လမ်းမလျှောက်နိုင်တော့လောက်အောင်ဖြစ်ခဲ့ပါတယ် ။ ထို့နောက် ဆရာဝန်ပြောကြားချက်အရ သူမဟာနှလုံးရောဂါ ခံစားနေရပြီး ခွဲစိတ်ကုသရန်လိုအပ်နေကြောင်း နှင့် ခွဲစိတ်ကုသစရိတ်မှာ 200,000 yuan ကျသင့်မည်ဖြစ်ကြောင်းလည်း သိရှိရပါတယ် ။ သို့ပေမဲ့လည်း သူမကခွဲစိတ်ဖို့ငြင်းပယ်နေခဲ့တဲ့အတွက် သူမရဲ့သူငယ်ချင်းတွေနှင့်ဆွေးမျိုးတွေက ကြည့်မနေနိုင်တော့ဘဲ ဝိုင်းဝန်းလှူဒါန်းထောက်ပံ့ပေးခဲ့ကြပါတယ် ။ ထို့အပြင် သူမရဲ့မောင်လေးကလည်း အသက်နိုင်ဆုံးအလုပ်ကြိုးစားပြီး အစ်မဖြစ်သူကိုအစွမ်းကောင် ကုသပေးသွားမည်ဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေမာင္ေလးေဆးဖိုးအတြက္ မစားမေသာက္ပဲေငြစုေနခဲ့လို႔ အသက္သာႀကီးၿပီး ကေလးခႏၶာကိုယ္သာ ျဖစ္ေနခဲ့တဲ့မိန္းကေလး (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*