အာထရာေဆာင္း႐ိုက္ေနခ်ိန္အတြင္း အေမျဖစ္သူကို လက္မေထာင္ျပေနခဲ့တဲ့ ကေလးေလး

အာထရာေဆာင္းရလဒ္ဓာတ္ပုံေၾကာင့္ အမ်ိဳးသမီးတစ္ဦးကေတာ့ အေတာ္ေလး အံ့အားသင့္သြားခဲ့ရပါတယ္။အေၾကာင္းက မေကာင္းတဲ့သတင္းမဟုတ္ပါဘူး။အမိဝမ္းထဲမွာသာရွိေနေသးတဲ့ ကေလးေလးက လုံးဝအထင္သားျမင္ရေအာင္ သူ႔လက္မကိုေထာင္ျပခဲ့လို႔ပါ။ဒီဇင္ဘာလ ၉ ရက္ေန႔က အေမရိကန္ျပည္ေထာင္စု Massachusetts ျပည္နယ္ Boston ၿမိဳ႕ Pilgrim Hospital မွာ check-up လုပ္ခဲ့တဲ့ ကိုယ္ဝန္ ၅လ ရွိၿပီျဖစ္တဲ့ အသက္ ၃၃ ႏွစ္အ႐ြယ္ Holly Giles အမည္ရွိတဲ့အမ်ိဳးသမီးက ၎အျဖစ္အပ်က္ကို ႀကဳံေတြ႕ခဲ့ရတာပါ။ Giles က သူငယ္ခ်င္းျဖစ္သူနဲ႔အတူ အာထရာေဆာင္း႐ိုက္ခဲ့ၿပီး ၎ရလဒ္ကို ျမင္ေတာ့ စစ္ေဆးေပးတဲ့ sonographerက အံ့ဩသြားခဲ့ရပါတယ္။

ထို႔ေနာက္ သူငယ္ခ်င္းျဖစ္သူက ဓာတ္ပုံ႐ိုက္ယူထားခဲ့ၿပီး“ ကြၽန္မကေလး လက္မေထာင္ျပေနတာကို ျမင္ေတာ့ ဆရာမအပါအဝင္ အခန္းထဲလူအားလုံးက ‘oh my god ’ ဆိုၿပီး အေတာ္ေလး စပ႐ိုက္ျဖစ္သြားခဲ့ရတယ္” လို႔ Giles က ဆိုခဲ့ပါတယ္။ Giles ဟာ ၎အျဖစ္အပ်က္ကို ျမင္ၿပီးေနာက္ သူမငယ္ဘဝကတည္းက မိခင္ျဖစ္သူကြယ္လြန္သြားခဲ့တာေၾကာင့္ ဝမ္းနည္းသြားခဲ့ရပါတယ္။“ ကြၽန္မ သူ႔ကို ဒါမွမဟုတ္ သူမကို ၾကည့္ဖို႔ သြားခဲ့တာပါ ၊ သူတို႔က ကြၽန္မအေမဆီက ရတဲ့လက္ေဆာင္လို႔ ခံစားမိတယ္” လို႔ဆိုခဲ့ပါေသးတယ္။ကေလးေလးက အေမ့ဗိုက္ထဲေနရတာ အဆင္ေျပၿပီး စိတ္မပူဖို႔ လက္မေထာင္ျပခဲ့ပုံပါဘဲ ။ သူ႔လက္မေထာင္ေနတဲ့ပုံကို လုံးဝ အထင္သားေတြ႕ႏိုင္ပါတယ္။

1

Mia (Mckzone Daily)

Source : siakapkeli

Unicode

အာထရာဆောင်းရလဒ်ဓာတ်ပုံကြောင့် အမျိုးသမီးတစ်ဦးကတော့ အတော်လေး အံ့အားသင့်သွားခဲ့ရပါတယ်။အကြောင်းက မကောင်းတဲ့သတင်းမဟုတ်ပါဘူး။အမိဝမ်းထဲမှာသာရှိနေသေးတဲ့ ကလေးလေးက လုံးဝအထင်သားမြင်ရအောင် သူ့လက်မကိုထောင်ပြခဲ့လို့ပါ။ဒီဇင်ဘာလ ၉ ရက်နေ့က အမေရိကန်ပြည်ထောင်စု Massachusetts ပြည်နယ် Boston မြို့ Pilgrim Hospital မှာ check-up လုပ်ခဲ့တဲ့ ကိုယ်ဝန် ၅လ ရှိပြီဖြစ်တဲ့ အသက် ၃၃ နှစ်အရွယ် Holly Giles အမည်ရှိတဲ့အမျိုးသမီးက ၎င်းအဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရတာပါ။ Giles က သူငယ်ချင်းဖြစ်သူနဲ့အတူ အာထရာဆောင်းရိုက်ခဲ့ပြီး ၎င်းရလဒ်ကို မြင်တော့ စစ်ဆေးပေးတဲ့ sonographerက အံ့ဩသွားခဲ့ရပါတယ်။

ထို့နောက် သူငယ်ချင်းဖြစ်သူက ဓာတ်ပုံရိုက်ယူထားခဲ့ပြီး“ ကျွန်မကလေး လက်မထောင်ပြနေတာကို မြင်တော့ ဆရာမအပါအဝင် အခန်းထဲလူအားလုံးက ‘oh my god ’ ဆိုပြီး အတော်လေး စပရိုက်ဖြစ်သွားခဲ့ရတယ်” လို့ Giles က ဆိုခဲ့ပါတယ်။ Giles ဟာ ၎င်းအဖြစ်အပျက်ကို မြင်ပြီးနောက် သူမငယ်ဘဝကတည်းက မိခင်ဖြစ်သူကွယ်လွန်သွားခဲ့တာကြောင့် ဝမ်းနည်းသွားခဲ့ရပါတယ်။“ ကျွန်မ သူ့ကို ဒါမှမဟုတ် သူမကို ကြည့်ဖို့ သွားခဲ့တာပါ ၊ သူတို့က ကျွန်မအမေဆီက ရတဲ့လက်ဆောင်လို့ ခံစားမိတယ်” လို့ဆိုခဲ့ပါသေးတယ်။ကလေးလေးက အမေ့ဗိုက်ထဲနေရတာ အဆင်ပြေပြီး စိတ်မပူဖို့ လက်မထောင်ပြခဲ့ပုံပါဘဲ ။ သူ့လက်မထောင်နေတဲ့ပုံကို လုံးဝ အထင်သားတွေ့နိုင်ပါတယ်။

Mia (Mckzone Daily)

  • Leave a Comment