ကိုယ့်ကားနဲ့ကိုယ် ၊ ကိုယ့်ပေါ့ဆမှုနဲ့ကိုယ် ကားတက်ကြိတ်ခံခဲ့ရတဲ့ အမျိုးသမီး (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီတစ်ခေါက်အဖြစ်အပျက်မှာတော့ မလေးရှားနိုင်ငံက အမျိုးသမီးဟာ သူမကားပေါ်သို့မတက်ခင် ကားသော့ထိုးထည့်နေတုန်းတန်းလန်း ကားနောက်ပြန် လိမ့်သွားခဲ့လို့ မတော်တဆမှုတစ်ခုဖြစ်ပျက်ခဲ့ပါတယ် ။ Facebook စာမျက်နှာတစ်ခုမှာဖော်ပြထားတဲ့ video ထဲမှာတော့ သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦးဟာ သူမရဲ့ကားဆီသို့အေးအေးဆေးဆေးလမ်းလျှောက်လာခဲ့ပြီနောက် ၊ ကားပေါ်သို့ခြေတစ်ဖက်သာတက်ပြီး ကားသော့ကိုထိုးပြီး ကားစက်နိုးခဲ့ပါတယ် ။ ထို့အပြင်သူမကားစက်နိုးနေချိန်မှာ သူမရဲ့စိတ်အာရုံဟာလည်းတခြားဖက်သို့ရောက်နေပုံရပြီး ၊ သူမဟာအခြားဘေးတစ်ဖက်သို့လှည့်ကြည့်နေခဲ့တာပါ ။

ရုတ်တရက်မှာပဲ ကားဟာဂီယာပြုတ်နေပုံရပြီးအနောက်ဖက်သို့လိမ့်သွားကာ ၊ သူမဟာလည်းကားပေါ်ကနေပြုတ်ကျပြီး အရှေ့ကားဘီးဟာလည်း သူမရဲ့အောက်ပိုင်းခန္ဓာကိုယ်ကို တက်ကြိတ်သွားခဲ့ပါတယ် ။ သူမရဲ့အောက်ပိုင်းခန္ဓာကိုယ်ကို တက်ကြိတ်မိတဲ့အချိန်မှာမှ ကားလိမ့်နေတာဟာ ရပ်သွားခဲ့ပြီး အနီးအနားမှလူများကလည်း သူမကိုကားအောက်ကနေ ကူဆွဲထုတ်ပေးခဲ့ကြပါတယ် ။

သူမဟာ အတော်လေးကိုထိခိုက်သွားပုံရပေမဲ့လည်း ကံကောင်းထောက်မစွာနဲ့ အနီးအနားမှာသူမကိုကူညီခဲ့တဲ့သူ အများအပြားရှိနေခဲ့လို့ပါပဲ ။ ဒါကြောင့် ကားမမောင်းခင်အမြဲသတိဝီရိယထားပြီး စစ်ဆေးသင့်ကြောင့် သတိပေးပြောဆိုလိုက်ရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ကိုယ့်ကားနဲ့ကိုယ် ၊ ကိုယ့်ပေါ့ဆမှုနဲ့ကိုယ် ကားတက်ကြိတ်ခံခဲ့ရတဲ့ အမျိုးသမီး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*