ပုံပ်က္ေနတဲ့မ်က္ခုံးတက္တူးေၾကာင့္ ပုံမွန္ ခ်ိန္းေတြ႕ေနက်႕ ခ်စ္သူဆီကေန အျဖတ္ခံလိုက္ရတဲ့ အမ်ိဳးသမီး

Microblading ဆိုတဲ့ မ်က္ခုံးေမြးတက္တူးထိုးျခင္းက ယေန႔ေခတ္မွာ လူႀကိဳက္မ်ားတဲ့အလွကုထုံးနည္းတစ္မ်ိဳးပါ ။အေမရိကန္ႏိုင္ငံ Missouri ျပည္နယ္ Kansas ၿမိဳ႕မွာ ေနထိုင္တဲ့ Jami Ledbetter အမည္ရွိတဲ့အမ်ိဳးသမီးဟာ မၾကာေသးခင္က သမီးေတြဆီမွ လက္ေဆာင္ရတဲ့ Groupon မ်က္ခုံးေမြးတက္တူးထိုးလက္မွတ္တစ္ခုရၿပီးေနာက္ သူမဟာ Microblading လုပ္ၾကည့္ဖို႔ အေတာ္ေလး စိတ္လႈပ္ရွားေနခဲ့ပါတယ္။သို႔ေပမဲ့ အဆိုပါ ေဒၚလာ ၂၅၀ (၃၃၅,၀၀၀ က်ပ္) ေပးရတဲ့ Microblading လုပ္ၿပီးေနာက္ ရလဒ္က သူမအား အေတာ္ေလး အံ့အားသင့္သြားေစခဲ့ပါတယ္။ Ledbetter ရဲ႕ မ်က္ခုံးေတြက မ်က္စိမျမင္တစ္ေယာက္ကဘဲ လုပ္ေပးခဲ့သလိုျဖစ္ေနၿပီး လုံးဝကို ပုံပ်က္ကာ မ်က္ခုံးေလးခုလိုျဖစ္ေနခဲ့ရပါတယ္။ထို႔ေနာက္ သူမဟာ အလြန္ေဒါသထြက္ၿပီး ထျပန္သြားခဲ့ကာ သူမမ်က္ခုံးေတြကို နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ဖုံးၾကည့္ေပမဲ့ အက်ဳံးမဝင္ခဲ့ပါဘူး။

ၾကည့္ရဆိုးၿပီး ပုံပန္းေနတဲ့မ်က္ခုံးတက္တူးေတြေၾကာင့္ သူမ ပုံမွန္ ခ်ိန္းေတြ႕ေနတဲ့ အမ်ိဳးသားကေတာင္ သူမကို အဆက္အသြယ္ျဖတ္သြားခဲ့ေၾကာင္း Ledbetter ကေျပာျပခဲ့ပါေသးတယ္။ထို႔ေနာက္ Ledbetter ဟာ သူမရဲ႕မ်က္ခုံးေတြကို ျပန္လည္ျပဳျပင္ေပးႏိုင္တဲ့ တရားဝင္ အလွျပင္ဆိုင္ပိုင္ဆိုင္ထားတဲ့ Kara Gutierrez အမည္ရွိတဲ့တက္တူးဆရာဆီ သြားခဲ့ရၿပီး “ ကြၽန္မက လွခ်င္လို႔ အနာခံၿပီး လုပ္ခဲ့တာ ဒါေပမဲ့ ရလဒ္က ကြၽန္မဘဝႀကီးကို ပိုဆိုး႐ြားသြားေစခဲ့တယ္” လို႔ဆိုခဲ့ပါတယ္။ Kara က သူမအတြက္ တက္တူးအေရာင္ေတြကို မႈန္ဝါးသြားေစမဲ့ အလွကုန္တစ္ခုကို သုံးေစခဲ့ၿပီး ၈ ပတ္အၾကာအထိ အခ်ိန္ယူခဲ့ရပါတယ္။

“ ဒီအရာကို ဖယ္ရွားပစ္ဖို႔ အရမ္းခက္ခဲေပမဲ့ Kara ေပးလိုက္တဲ့အလွကုန္က အလုပ္ျဖစ္သြားခဲ့တယ္ ၊ ဒါေပမဲ့လည္း ကြၽန္မမ်က္ႏွာေပၚမွာ အၿမဲအရာရွိေနေသးတယ္” လို႔ဆိုၿပီး “ အျခားမိန္းကေလးေတြလည္း ကြၽန္မလို မျဖစ္ေအာင္ တက္တူးဆရာကို ေသခ်ာေ႐ြးခ်ယ္သင့္တယ္” လို႔ Ledbetter က အလြယ္လိုက္မိလို႔ သူမေနာင္တအႀကီးႀကီးရခဲ့ေၾကာင္းကို ေျပာျပခဲ့ပါေသးတယ္။မိန္းကေလးေတြ ေတာ္ေတာ္မ်ားမ်ားက ေခတ္ကာလေနာက္အမီလိုက္ခ်င္တတ္ၾကၿပီး အျခားလူေတြ လုပ္သလို လုပ္ခ်င္တတ္ၾကပါတယ္။လိုက္လုပ္တာေတာ့ ေကာင္းေပမဲ့ တစ္ခုခုလုပ္ရင္ ၎ရဲ႕အေၾကာင္းေတြကို အေသအခ်ာေလး ရွာၾကည့္ၿပီးမွ လုပ္သင့္ပါတယ္။

Mia (Mckzone Daily)

Source : buzznicked

Unicode

Microblading ဆိုတဲ့ မျက်ခုံးမွေးတက်တူးထိုးခြင်းက ယနေ့ခေတ်မှာ လူကြိုက်များတဲ့အလှကုထုံးနည်းတစ်မျိုးပါ ။အမေရိကန်နိုင်ငံ Missouri ပြည်နယ် Kansas မြို့မှာ နေထိုင်တဲ့ Jami Ledbetter အမည်ရှိတဲ့အမျိုးသမီးဟာ မကြာသေးခင်က သမီးတွေဆီမှ လက်ဆောင်ရတဲ့ Groupon မျက်ခုံးမွေးတက်တူးထိုးလက်မှတ်တစ်ခုရပြီးနောက် သူမဟာ Microblading လုပ်ကြည့်ဖို့ အတော်လေး စိတ်လှုပ်ရှားနေခဲ့ပါတယ်။

ကြည့်ရဆိုးပြီး ပုံပန်းနေတဲ့မျက်ခုံးတက်တူးတွေကြောင့် သူမ ပုံမှန် ချိန်းတွေ့နေတဲ့ အမျိုးသားကတောင် သူမကို အဆက်အသွယ်ဖြတ်သွားခဲ့ကြောင်း Ledbetter ကပြောပြခဲ့ပါသေးတယ်။ထို့နောက် Ledbetter ဟာ သူမရဲ့မျက်ခုံးတွေကို ပြန်လည်ပြုပြင်ပေးနိုင်တဲ့ တရားဝင် အလှပြင်ဆိုင်ပိုင်ဆိုင်ထားတဲ့ Kara Gutierrez အမည်ရှိတဲ့တက်တူးဆရာဆီ သွားခဲ့ရပြီး “ ကျွန်မက လှချင်လို့ အနာခံပြီး လုပ်ခဲ့တာ ဒါပေမဲ့ ရလဒ်က ကျွန်မဘဝကြီးကို ပိုဆိုးရွားသွားစေခဲ့တယ်” လို့ဆိုခဲ့ပါတယ်။

“ ဒီအရာကို ဖယ်ရှားပစ်ဖို့ အရမ်းခက်ခဲပေမဲ့ Kara ပေးလိုက်တဲ့အလှကုန်က အလုပ်ဖြစ်သွားခဲ့တယ် ၊ ဒါပေမဲ့လည်း ကျွန်မမျက်နှာပေါ်မှာ အမြဲအရာရှိနေသေးတယ်” လို့ဆိုပြီး “ အခြားမိန်းကလေးတွေလည်း ကျွန်မလို မဖြစ်အောင် တက်တူးဆရာကို သေချာရွေးချယ်သင့်တယ်” လို့ Ledbetter က အလွယ်လိုက်မိလို့ သူမနောင်တအကြီးကြီးရခဲ့ကြောင်းကို ပြောပြခဲ့ပါသေးတယ်။

Mia (Mckzone Daily)

  • Leave a Comment