ကိုယ့္ရဲ႕ေနအိမ္ျခံဝန္းထဲမွာတင္ ဓားျပတိုက္ခံခဲ့ရလို႔ ကူကယ္ရာမဲ့ေနတဲ့အဘြားအို (႐ုပ္သံ)

ဒီအျဖစ္အပ်က္ကေတာ့ မေလး႐ွားႏိုင္ငံက ေနအိမ္တစ္အိမ္မွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး ၊ ေနအိမ္အတြင္းသို႔ကားေမာင္းဝင္လာတဲ့ အဘြားအိုတစ္ေယာက္ကို အမ်ိဳးသားတစ္စုက ဓားျပတိုက္ခဲ့ၾကတဲ့ျဖစ္ရပ္တစ္ခုပါ ။ Video ထဲမွာေဖာ္ျပထားခဲ့တာကေတာ့ အဘြားအိုတစ္ေယာက္မွာ သူမ၏အိမ္ဝန္းအတြင္းသို႔ ကားေမာင္းဝင္ရန္အတြက္ အိမ္ဝန္းတံခါးကိုခလုတ္ျဖင့္ဖြင့္ေနတုန္း ကားတစ္စီးဟာ အိမ္ေ႐ွ႕မွာရပ္ေစာင့္ေနရာမွ ေမာင္းထြက္သြားခဲ့ပါတယ္ ။ ထို႔ေနာက္ အဘြားအိုဟာ အိမ္ဝန္းထဲ႐ွိအရိပ္႐ွိရာေနရာသို႔ သူမ၏ကားကိုရပ္နားလိုက္ပါတယ္ ။ ထိုအခ်ိန္မွာပဲ ေမာင္းထြက္သြားတဲ့ကားတစ္စီးဟာ ျပန္ေရာက္လာခဲ့ၿပီး အိမ္ဝန္းတံခါးမပိတ္မီ ကားထဲကလူတစ္ေယာက္ကထြက္လာၿပီး အိမ္ဝန္းထဲသို႔ေျပးဝင္ကာ အဘြားအိုးအနားသို႔သြားေရာက္ၿခိမ္းေျခာက္ခဲ့ပါေတာ့တယ္ ။

ထိုေနာက္အဘြားႀကီးကို အိမ္ဝန္းတံခါးျပန္ဖြင့္ခိုင္းၿပီးေနာက္ ေနာက္ထပ္အမ်ိဳးသားတစ္ဦးေျပးဝင္လာခဲ့ကာ အဘြားအိုဆီမွေသာ့ယူၿပီး အိမ္တံခါးဖြင့္ခဲ့ပါတယ္ ။ ထို႔ေနာက္ အဘြားအိုကိုအတင္းေနအိမ္သို႔ဆြဲေခၚသြားခဲ့ပါတယ္ ။ ထိုေနာက္ဆက္တြဲ အေျခအေနကိုေတာ့ ထပ္မံသိ႐ွိခဲ့ရျခင္းမ်ိဳးေတာ့ မ႐ွိပါဘူး ။

အဘြားအို၏ေနအိမ္မွာ အေစာင့္တဲအိမ္၏အေ႐ွ႕ဖက္မ်က္ႏွာခ်င္းဆိုင္အိမ္ျဖစ္ေပမဲ့လည္း မည္သူမွရိပ္မိခဲ့ျခင္းမ်ိဳးမ႐ွိေၾကာင္းသိ႐ွိရပါတယ္ ။ ထို႔အျပင္ အဘြားအိုဟာေဘးအိမ္သို႔ေအာ္ဟစ္အကူအညီမေတာင္းခံႏိုင္ခဲ့တဲ့အျပင္ ထြက္ေျပးတိမ္ေ႐ွာင္သြားဖို႔ဆိုလ်ွင္လည္း သူမကိုယ္တိုင္ကပါ တုတ္ေထာက္ႏွင့္လမ္းေလ်ွာက္ေနရတဲ့အတြက္ အေတာ္ေလးအကူအညီမဲ့ေနခဲ့တာကို video ထဲမွာ အထင္သားႀကီးျမင္ေတြ႔ရမွာပါ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီအဖြစ်အပျက်ကတော့ မလေးရှားနိုင်ငံက နေအိမ်တစ်အိမ်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ နေအိမ်အတွင်းသို့ကားမောင်းဝင်လာတဲ့ အဘွားအိုတစ်ယောက်ကို အမျိုးသားတစ်စုက ဓားပြတိုက်ခဲ့ကြတဲ့ဖြစ်ရပ်တစ်ခုပါ ။ Video ထဲမှာဖော်ပြထားခဲ့တာကတော့ အဘွားအိုတစ်ယောက်မှာ သူမ၏အိမ်ဝန်းအတွင်းသို့ ကားမောင်းဝင်ရန်အတွက် အိမ်ဝန်းတံခါးကိုခလုတ်ဖြင့်ဖွင့်နေတုန်း ကားတစ်စီးဟာ အိမ်ရှေ့မှာရပ်စောင့်နေရာမှ မောင်းထွက်သွားခဲ့ပါတယ် ။ ထို့နောက် အဘွားအိုဟာ အိမ်ဝန်းထဲရှိအရိပ်ရှိရာနေရာသို့ သူမ၏ကားကိုရပ်နားလိုက်ပါတယ် ။ ထိုအချိန်မှာပဲ မောင်းထွက်သွားတဲ့ကားတစ်စီးဟာ ပြန်ရောက်လာခဲ့ပြီး အိမ်ဝန်းတံခါးမပိတ်မီ ကားထဲကလူတစ်ယောက်ကထွက်လာပြီး အိမ်ဝန်းထဲသို့ပြေးဝင်ကာ အဘွားအိုးအနားသို့သွားရောက်ခြိမ်းခြောက်ခဲ့ပါတော့တယ် ။

ထိုနောက်အဘွားကြီးကို အိမ်ဝန်းတံခါးပြန်ဖွင့်ခိုင်းပြီးနောက် နောက်ထပ်အမျိုးသားတစ်ဦးပြေးဝင်လာခဲ့ကာ အဘွားအိုဆီမှသော့ယူပြီး အိမ်တံခါးဖွင့်ခဲ့ပါတယ် ။ ထို့နောက် အဘွားအိုကိုအတင်းနေအိမ်သို့ဆွဲခေါ်သွားခဲ့ပါတယ် ။ ထိုနောက်ဆက်တွဲ အခြေအနေကိုတော့ ထပ်မံသိရှိခဲ့ရခြင်းမျိုးတော့ မရှိပါဘူး ။

အဘွားအို၏နေအိမ်မှာ အစောင့်တဲအိမ်၏အရှေ့ဖက်မျက်နှာချင်းဆိုင်အိမ်ဖြစ်ပေမဲ့လည်း မည်သူမှရိပ်မိခဲ့ခြင်းမျိုးမရှိကြောင်းသိရှိရပါတယ် ။ ထို့အပြင် အဘွားအိုဟာဘေးအိမ်သို့အော်ဟစ်အကူအညီမတောင်းခံနိုင်ခဲ့တဲ့အပြင် ထွက်ပြေးတိမ်ရှောင်သွားဖို့ဆိုလျှင်လည်း သူမကိုယ်တိုင်ကပါ တုတ်ထောက်နှင့်လမ်းလျှောက်နေရတဲ့အတွက် အတော်လေးအကူအညီမဲ့နေခဲ့တာကို video ထဲမှာ အထင်သားကြီးမြင်တွေ့ရမှာပါ ။

Jasmine (Mckzone Daily)

Be the first to comment on "ကိုယ့္ရဲ႕ေနအိမ္ျခံဝန္းထဲမွာတင္ ဓားျပတိုက္ခံခဲ့ရလို႔ ကူကယ္ရာမဲ့ေနတဲ့အဘြားအို (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*