နှစ်စဉ်နှစ်တိုင်း ထောင်ပေါင်းများစွာသော တန်ဖိုးကြီးဇိမ်ခံကားတွေကို စွန့်ပစ်လေ့ရှိတဲ့ နိုင်ငံ
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
Mia (Mckzone Daily)
Source : buzznicked
Unicode
ကျွန်တော်တို့သာမန်လူအတွက်က ကားတစ်စီးလေးပိုင်ဆိုင်နိုင်ဖို့ အချိန်ကြာငွေရှာ အပင်ပန်းခံပြီး ဝယ်ယူကြရပါတယ်။ဒါပေမဲ့ ထောင်ပေါင်းများစွာတဲ့ တန်ဖိုးကြီး ဇိမ်ခံကားတွေကို နှစ်စဉ်နှစ်တိုင်း စွန့်ပစ်နေတဲ့ နိုင်ငံတစ်နိုင်ငံရှိနေပါတယ်။ဒူဘိုင်းနိုင်ငံက ရေနံတွေနဲ့ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံစာရင်းဝင်နိုင်ငံတစ်နိုင်ငံဆိုတာကို လူတိုင်းသိကြမှာပါ။၂၀၀၀ ပြည့်နှစ်လွန်အစောပိုင်းတွေလောက်က စီးပွါးရေးရှင်တို့က ကြွယ်ဝချမ်းသာတဲ့ဒူဘိုင်းနိုင်ငံသို့ စူးစမ်းလေ့လာရန် ခရီးဆက်ခဲ့ကြပါတယ်။၎င်းနိုင်ငံက စီးပွါးရေးနှင့်လူနေမှုအဆင့်အတန်းမြင့်မားတဲ့ဗဟိုချက်တစ်ခုဖြစ်နေခဲ့ပါတယ်။ဒူဘိုင်းနိုင်ငံသားတွေဟာ ပြိုင်ကား ၊ ဇိမ်ခံပစ္စည်းအပြည့်ပါတဲ့အိမ်ကြီး နဲ့ မယုံနိုင်လောက်တဲ့ဘဏ် acc တွေနဲ့ နတ်ပြည်အလား လိုတိုင်းရတဲ့ ပြည့်စုံတဲ့ဘဝမှာ နေထိုင်ကြရပါတယ်။သို့ပေမဲ့ ၂၀၀၉ ခုနှစ်မှာ စျေးကွက်စီးပွါးရေးပျက်သွားတဲ့အခါ ကမ္ဘာတစ်လွှားရှိစီးပွါးရေးတစ်ခုလုံး ပြောင်းလဲသွားခဲ့တာကြောင့် တစ်ချိန်က ချမ်းသာကြွယ်ဝသူတွေကို ဒေဝါလီခံဖို့ အတင်းအကျပ်စေခိုင်းခဲ့ကြပါတယ်။သို့ပေမဲ့လည်း ယခုနှစ်တွေအထိ ၎င်းတို့မမောင်းချင်တော့ဘဲ အသစ်တစ်စီးကို မျက်စိကျလာတဲ့အခါ ၎င်းအကောင်းအတိုင်းရှိနေတဲ့ဇိမ်ခံကားတွေကို ကားစွန့်ပစ်တဲ့နေရာမှာ ဖုန်တက်နေတဲ့အထိကို ပလစ်ထားတတ်ကြပါတယ်။သူတို့က ကားတွေကို အမှိုက်လို စွန့်ပစ်ထားကြတာပါ။ဒီတော့ ကျွန်တော်တို့ ဝယ်စီးနိုင်ဖို့နေနေသာသာ အပြင်မှာမြင်တောင်မမြင်ဖူးတဲ့ အစွန့်ပစ်ခံဇိမ်ခံကားကြီးတွေရဲ့ပုံရိပ်တွေကို ဆက်လက်ကြည့်ရှုသွားခဲ့ကြပါအုံးနော်။
Mia (Mckzone Daily)
Be the first to comment on "နှစ်စဉ်နှစ်တိုင်း ထောင်ပေါင်းများစွာသော တန်ဖိုးကြီးဇိမ်ခံကားတွေကို စွန့်ပစ်လေ့ရှိတဲ့ နိုင်ငံ"
Leave a comment
Your email address will not be published.
*