ဇနီးသည်က အတော်လေးချောပြီး နုပျိုလွန်းလို့ ခင်ပွန်းရဲ့သမီးလို့ ထင်မှတ်ခံနေရတဲ့အဖြစ်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူအများစုကတော့ ပိုက်ဆံချမ်းသားတဲ့ အသက်ကြီးကြီးသူဋ္ဌေးကို ယူလိုက်ကြတဲ့မိန်းကလေးတွေကိုဆိုရင် အတော်လေးကိုပြောချင် ၊ ကဲ့ရဲ့ချင်ကြတာ သဘာဝလို့ပဲ ပြောရမလားမသိတော့ပါဘူး ။ ဒီတစ်ခေါက်မှာလည်း ထိုင်ဝမ်က အမျိုးသားတစ်ယောက်ဟာ သူ၏ဗီယက်နမ်နိုင်ငံသူဇနီးချောလေးနဲ့ တွဲရိုက်ထားတဲ့ဓာတ်ပုံကို Internet ပေါ်မှာဝေမျှပေးခဲ့ပါတယ် ။ ထို့အပြင် ခင်ပွန်းဖြစ်သူက ၎င်းတို့ဇနီးမောင်နှံဟာ အချင်းချင်တွေ့ဆုံပြီးမကြာခင်မှာပဲ လက်ထပ်ခဲ့ကြကြောင်း caption လေးပါရေးပြီး ဓာတ်ပုံလေးနဲ့တင်ခဲ့တာဖြစ်ပါတယ် ။

ထို့ကြောင့် ဓာတ်ပုံတင်ပြီးမကြာခင်မှာပဲ Facebook အသုံးပြုသူအများစုဟာ အမျိုးမျိုးဝေဖန်ကြတဲ့ comment မျိုးရေးသားခဲ့ကြပြီး ၊ လင်မယားမဟုတ်ဘဲ ၊ အဖေနှင့်သမီးဖြစ်ကြောင်း မျိုးစုံရေးသားခဲ့ကြပါတယ် ။ ထို့ကြောင့် ခင်ပွန်းဖြစ်သူက ဇနီးသည်မှာ အသက် 26နှစ်အရွယ်ရှိပြီးသား မိန်းကလေးဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတော့တယ် ။

မိန်းကလေးရဲ့အသက်အရွယ်ကို ဖြေကြားလိုက်တဲ့အချိန်မှာတော့ လူအများစုက ခင်ပွန်းဖြစ်သူကိုဝေဖန်တိုက်ခိုက်ခြင်းမျိုးမပြုလုပ်တော့ဘဲ ၊ အမျိုးသားအများစုက ခင်ပွန်ဖြစ်သူကို အတော်လေးအားကျခဲ့ကြပြီး ဗီယက်နမ်သို့သွားပြီး ဇနီးချောလေရှာပုံတော်ဖွင့်တော့မည့်အကြောင်း မျိုးစုံစနောက်ရေးသားခဲ့ကြပါတယ် ။ ထို့ကြောင့် အချစ်စစ်မှန်ရင် အသက်အရွယ်က သာမာန်ကိန်းဂဏန်းတစ်ခုသာသာ ပါပဲလေ ။

Jasmine (Mckzone Daily)

Be the first to comment on "ဇနီးသည်က အတော်လေးချောပြီး နုပျိုလွန်းလို့ ခင်ပွန်းရဲ့သမီးလို့ ထင်မှတ်ခံနေရတဲ့အဖြစ်"

Leave a comment

Your email address will not be published.


*