ေဆး႐ုံခန္းမွာ ကိုယ့္အိုးအိမ္လို ၆ႏွစ္အၾကာေနထိုင္ၿပီးမွ ေဆး႐ုံဆင္းဖို႔ သေဘာတူခဲ့တဲ့ မိသားစု

တ႐ုတ္ႏိုင္ငံရွိ Tian အမည္ရွိတဲ့အမ်ိဳးသားတစ္ဦး ဟာ ၂၀၁၄ ခုႏွစ္မွာ ၂လၾကာပ်ိဳ႕အန္ေနခဲ့ရၿပီး ၉ ရက္ၾကာတုန္ေနတဲ့ေျခေထာက္ေရာဂါလကၡဏာေတြေၾကာင့္ ထိပ္တန္းေပက်င္းေဆး႐ုံတစ္ခုမွာ ေဆး႐ုံတက္ခဲ့ပါတယ္။ Tian မိဘမ်ားကလည္း သူႏွင့္အတူလိုက္ပါလာၿပီး သူ႔က်န္းမာေရးျပႆနာမ်ားအတြက္ ေဆးကုသမႈခံယူခဲ့တဲ့ကာလတစ္ေလွ်ာက္လုံး သူႏွင့္အတူေနထိုင္ခဲ့ၾကပါတယ္။Tian ဟာ ေဆးကုသမႈခံယူၿပီးေနာက္ ေနာက္ထပ္ရက္အနည္းငယ္ၾကာ ေဆး႐ုံမွာေနရမယ္လို႔ထင္ေနခဲ့ေပမဲ့ သူ႔အား ေဆး႐ုံဆင္းခြင့္ျပဳတဲ့အခ်ိန္မွာ ေဆး႐ုံက သူ႔ကိုမသင့္ေလ်ာ္တဲ့ ေဆးကုသမႈေပးေနတယ္လို႔စြပ္စြဲကာ ေဆး႐ုံမွထြက္ခြါရန္ျငင္းဆန္ခဲ့ပါတယ္။သူ႔ရဲ႕ေဆးကုသမႈဆိုင္ရာက်သင့္ေငြေတာင္းခံလႊာႏွင့္ပတ္သက္ၿပီး အျငင္းပြားမႈေၾကာင့္ Tian ဟာ မိဘမ်ားႏွင့္အတူ အဆိုပါေပက်င္းေဆး႐ုံမွာ ၆ႏွစ္အၾကာေနထိုင္ၿပီးမွ ေဆး႐ုံဆင္းရန္ သေဘာတူခ်က္မ်ား ျပဳလုပ္ခဲ့ပါတယ္။

Tian ႏွင့္မိဘျဖစ္သူေတြက ၎ေဆး႐ုံအခန္းမွာ အိုးခြက္မ်ား၊ အစားအေသာက္ဆိုင္ရာမ်ားႏွင့္ အျခားကိုယ္ပိုင္ပစၥည္းမ်ားပါ ျဖည့္တင္းၿပီး ကိုယ့္အိမ္လို သေဘာထားေနထိုင္ခဲ့ၾကပါတယ္။ေဆး႐ုံမွထြက္ခြာသြားရန္ ေဆး႐ုံသက္ဆိုင္သူေတြက နည္းလမ္းေပါင္းမ်ားစြာနဲ႔ႀကိဳးစားခဲ့ေပမဲ့ အဆိုပါမိသားစုသုံးေယာက္ဟာ ၎ေဆး႐ုံခန္းမွာ သူတို႔ေနအိမ္လို Lunar New Year ပြဲေတာ္ကိုပါ ေအးေဆးက်င္းပခဲ့ၾကပါေသးတယ္။ေဆး႐ုံက အဆိုပါမိသားစုကို အႀကိမ္ႀကိမ္တရား႐ုံးသို႔ေခၚေဆာင္သြားခဲ့ၿပီး ၂၀၁၉ ခုႏွစ္မွာ မွားယြင္းခဲ့တဲ့ေဆးကုသမႈကုန္က်စရိတ္အျဖစ္ ယြမ္ ၁ ဒသမ ၂၆ သန္း ( သိန္းေပါင္း ၂၆၀၀ ေက်ာ္) ကိုယူၿပီး ေဆး႐ုံမွထြက္ခြါဖို႔ ေတာင္းဆိုခဲ့ေပမဲ့လည္း Tian က မည္သည့္ေဆးကုသမႈမွမလိုအပ္ေၾကာင္း ႏွင့္ လူနာေတြကို အမွန္အကန္ေဆးကုသဖို႔အတြက္သာလိုေၾကာင္း ျငင္းခုံေနခဲ့ပါတယ္။

ၿပီးခဲ့တဲ့အပတ္ကဘဲ တ႐ုတ္ႏိုင္ငံ Xicheng ခ႐ိုင္ျပည္သူ႔တရား႐ုံးမွ တရားသူႀကီးခ်ဳပ္ Luo Shengli က Tian ႏွင့္သူရဲ႕မိဘေတြဟာ ၿပီးခဲ့တဲ့ ၆ႏွစ္တာကာလအတြင္း ေဆးကုသမႈခံယူခဲ့တဲ့အျပင္ သူတို႔အား ေဆး႐ုံမွေလ်ာ္ေၾကးရရွိႏိုင္ေအာင္ ဆုံးျဖတ္ေပးခဲ့ၿပီး ေနာက္ဆုံး Tian တို႔မိသားစုဟာ ယြမ္ ၄၈၀,၀၀၀ (၉၇၉ သိန္းနီးပါး) ကိုလက္ခံခဲ့ကာ ေဆး႐ုံမွထြက္ခြါရန္ သေဘာတူခဲ့ၾကပါတယ္။ထို႔အျပင္ သူတို႔ကို ေဆး႐ုံလူနာတင္ယာဥ္ျဖင့္ အိမ္တိုင္ရာေရာက္ပို႔ေပးခဲ့ရပါေသးတယ္။

Mia (Mckzone Daily)

Source : odditycentral

Unicode

တရုတ်နိုင်ငံရှိ Tian အမည်ရှိတဲ့အမျိုးသားတစ်ဦး ဟာ ၂၀၁၄ ခုနှစ်မှာ ၂လကြာပျို့အန်နေခဲ့ရပြီး ၉ ရက်ကြာတုန်နေတဲ့ခြေထောက်ရောဂါလက္ခဏာတွေကြောင့် ထိပ်တန်းပေကျင်းဆေးရုံတစ်ခုမှာ ဆေးရုံတက်ခဲ့ပါတယ်။ Tian မိဘများကလည်း သူနှင့်အတူလိုက်ပါလာပြီး သူ့ကျန်းမာရေးပြဿနာများအတွက် ဆေးကုသမှုခံယူခဲ့တဲ့ကာလတစ်လျှောက်လုံး သူနှင့်အတူနေထိုင်ခဲ့ကြပါတယ်။Tian ဟာ ဆေးကုသမှုခံယူပြီးနောက် နောက်ထပ်ရက်အနည်းငယ်ကြာ ဆေးရုံမှာနေရမယ်လို့ထင်နေခဲ့ပေမဲ့ သူ့အား ဆေးရုံဆင်းခွင့်ပြုတဲ့အချိန်မှာ ဆေးရုံက သူ့ကိုမသင့်လျော်တဲ့ ဆေးကုသမှုပေးနေတယ်လို့စွပ်စွဲကာ ဆေးရုံမှထွက်ခွါရန်ငြင်းဆန်ခဲ့ပါတယ်။

Tian နှင့်မိဘဖြစ်သူတွေက ၎င်းဆေးရုံအခန်းမှာ အိုးခွက်များ၊ အစားအသောက်ဆိုင်ရာများနှင့် အခြားကိုယ်ပိုင်ပစ္စည်းများပါ ဖြည့်တင်းပြီး ကိုယ့်အိမ်လို သဘောထားနေထိုင်ခဲ့ကြပါတယ်။ဆေးရုံမှထွက်ခွာသွားရန် ဆေးရုံသက်ဆိုင်သူတွေက နည်းလမ်းပေါင်းများစွာနဲ့ကြိုးစားခဲ့ပေမဲ့ အဆိုပါမိသားစုသုံးယောက်ဟာ ၎င်းဆေးရုံခန်းမှာ သူတို့နေအိမ်လို Lunar New Year ပွဲတော်ကိုပါ အေးဆေးကျင်းပခဲ့ကြပါသေးတယ်။

ပြီးခဲ့တဲ့အပတ်ကဘဲ တရုတ်နိုင်ငံ Xicheng ခရိုင်ပြည်သူ့တရားရုံးမှ တရားသူကြီးချုပ် Luo Shengli က Tian နှင့်သူရဲ့မိဘတွေဟာ ပြီးခဲ့တဲ့ ၆နှစ်တာကာလအတွင်း ဆေးကုသမှုခံယူခဲ့တဲ့အပြင် သူတို့အား ဆေးရုံမှလျော်ကြေးရရှိနိုင်အောင် ဆုံးဖြတ်ပေးခဲ့ပြီး နောက်ဆုံး Tian တို့မိသားစုဟာ ယွမ် ၄၈၀,၀၀၀ (၉၇၉ သိန်းနီးပါး) ကိုလက်ခံခဲ့ကာ ဆေးရုံမှထွက်ခွါရန် သဘောတူခဲ့ကြပါတယ်။ထို့အပြင် သူတို့ကို ဆေးရုံလူနာတင်ယာဉ်ဖြင့် အိမ်တိုင်ရာရောက်ပို့ပေးခဲ့ရပါသေးတယ်။

Mia (Mckzone Daily)

  • Leave a Comment