သဘောကျနေတဲ့မိန်းကလေးကို Google forms သုံးပြီး အပြင်မှာ ဒိတ်လုပ်ဖို့ တောင်းဆိုခဲ့တဲ့ အမျိုးသား



1

Mia (Mckzone Daily)

Source : worldofbuzz

Unicode

အခုဖော်ပြမဲ့အကြောင်းအရာက ကိုယ်သဘောကျနေတဲ့လူတစ်ယောက်ကို ဘယ်လိုစခေါ်ပြီး ဒိတ်လုပ်ရမလဲမသိတဲ့လူတွေအတွက် အထူးအသုံးဝင်စေမှာပါ။Twitter အသုံးပြုသူ Bella @momothedinoo က Dating app တစ်ခုမှ အမျိုးသားတစ်ဦးက သူမအား ဒိတ်လုပ်ဖို့ Google forms ကိုအသုံးပြုပြီး မေးမြန်းခဲ့တဲ့အကြောင်းကို မျှဝေခဲ့ပါတယ်။ပထမဆုံး အဆိုပါအမျိုးသားက Bella ကို အချိန်ရလားလို့ မေးနေတဲ့ screenshot တစ်ခုကို ကျွန်တော်တို့ တွေ့နိုင်ပါတယ်။ထို့နောက် အဆိုပါအမျိုးသားက သူမအား Google Form မှ link ကို ပေးပို့ခဲ့ပြီး မေးခွန်းလွှာမှာ သူ့ရဲ့ meme ဂိမ်းအား ပြသထားတာကို မြင်တွေ့နိုင်သလို Bellaအား အပြင်ထွက်ချိန်းတွေ့ရန် ရွေးချယ်ခွင့်အနည်းငယ်ပေးပြီး သူမအားမေးမြန်းခဲ့ပါတယ်။

အဆိုပါအမျိုးသားက သူမအား ချိန်းတွေ့မယ့်တည်နေရာ ၊ သူမဘာကြိုက်တတ်လဲစတဲ့ ဦးစားပေးမှုတွေနှင့် တစ်ဦးချင်းအကြောင်းမေးဖို့ နောက်ဆက်တွဲမေးခွန်းတွေကိုပါ ထပ်မံထည့်သွင်းထားခဲ့ပါသေးတယ်။အဲ့လိုချောမွေ့တဲ့အကွက်တွေက Bella ကို တကယ် စွဲလမ်းစေခဲ့တာကြောင့် သူမ က တိရိစ္ဆာန်ဥယျာဉ်မှာ ချိန်းတွေ့ဖို့ သဘောတူခဲ့ပါတော့တယ်။ကံမကောင်းစွာနဲ့ဘဲ အဲ့ဒီနေ့မှာ မိုးရွာနေခဲ့တာကြောင့် တိရိစ္ဆာန်ဥယျာဉ်အစား သူတို့နှစ်ဦးက ငါးပြတိုက်သို့သွားခဲ့ကြပါတယ်။ဒါက အရမ်းကို ချစ်ဖို့ကောင်းတဲ့ အချစ်ပုံပြင်လေးလို့ဆိုရမှာပါ ၊ စာဖတ်သူတို့မှာကော ချစ်စရာကောင်းတဲ့ အချစ်နေ့စွဲပုံပြင်တွေရှိပါလား။ကံမကောင်းစွာနဲ့ မရှိခဲ့ရင်လည်း အခုအမျိုးသားလုပ်သလို ကောင်မလေးကို အရည်ပျော်သွားစေမယ့် နည်းလမ်းနဲ့ ဒိတ်လုပ်ဖို့ မေးမြန်းလို့ရပါတယ်နော်။

Mia (Mckzone Daily)

Be the first to comment on "သဘောကျနေတဲ့မိန်းကလေးကို Google forms သုံးပြီး အပြင်မှာ ဒိတ်လုပ်ဖို့ တောင်းဆိုခဲ့တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*