ေခြးအကိုက္ခံေနရတဲ့ ကေလးငယ္ကို အုပ္စုဖြဲ႔ၿပီးရပ္ၾကည့္ေနၾကကာ video ပါ႐ိုက္ကူးခဲ့ၾကတဲ့ အမ်ိဳးသားမ်ား(႐ုပ္သံ)

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ 30ရက္ေန႔က ေခြးႀကီးတစ္ေကာင္က အသက္ 12ႏွစ္အရြယ္ ေကာင္ေလးကိုကိုက္ေနခဲ့တဲ့ ႐ုပ္သံဟာ Facebook အသံုးျပဳသူေတြအၾကား အေတာ္ေလးကိုေရပန္းစားလ်က္႐ွိပါတယ္ ။ ဒီအျဖစ္အပ်က္ကေတာ့ မေလး႐ွားႏိုင္ငံ Kuah ၿမိဳ႕မွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး ၊ Video ထဲမွာေတာ့ အမ်ိဳးသားတစ္ေယာက္က ေခြးကိုတုတ္နဲ႔႐ိုက္ၿပီး ေမာင္းထုတ္ပစ္ဖို႔အတြက္ သူ႔နားတုတ္ယူလာေပးဖို႔ ေျပာဆိုေနခဲ့တာကို အထင္းသားရီးၾကားေနရမွာပါ ။

Video ထဲမွာေတာ့ အကူအညီမဲ့ေနတဲ့ေကာင္ေလးဟာ ေခြးအကိုက္ခံရၿပီးေနာက္ လမ္းေပၚမွာ ထမရပ္ႏိုင္ေလာက္ေအာင္ျဖစ္ေနခဲ့ေပမဲ့ အနီးအနား႐ွိဆိုင္ကယ္ႏွင့္အမ်ိဳးသား 10ေယာက္ေလာက္ဟာ လံုးဝမကူညီပဲ ဒီအတိုင္းသာရပ္ၾကည့္ေနခဲ့ၾကၿပီး ၊ ေခြးသူတို႔ကိုပါရန္မူမွာကို ေၾကာက္ေနပံုရပါတယ္ ။ စိတ္ကူးၾကည့္ရံုနဲ႔ ေခြးအကိုက္ခံခဲ့ရတဲ့ေကာင္ေလးဟာ ဘယ္ေလာက္ေတာင္မွ အကူအညီမဲ့ေနလိုက္မလဲ ။ အဆိုပါ Video ကို online ေပၚမွာ ေဝမ်ွခဲ့ၿပီးခ်ိန္မွာေတာ့ လူအမ်ားစုက မကူညီပဲ ရပ္ၾကည့္ေနၾကတဲ့အမ်ိဳးသားေတြရဲ႕ စာနာစိတ္မ႐ွိပဲ ၊ တစ္ကိုယ္ေကာင္းဆန္လြန္းတဲ့ လုပ္ရပ္ေတြကို အေတာ္ေလး စိတ္ဆိုးေဒါသထြက္ခဲ့ၾကပါတယ္ ။

ကံေကာင္းစြာနဲ႔ပဲ ေကာင္ေလးဟာ ႀကီးႀကီးမားမားထိခိုက္ဒဏ္ရာမ်ိဳး မရ႐ွိခဲ့ပါဘူး ။ ထို႔အျပင္ ရဲအရာ႐ွိမ်ားကလည္း ကေလးငယ္၏ေနအိမ္သို႔လာေရာက္ၿပီး အားေပးႏွစ္သိမ့္စကားေျပာဆိုခဲ့တဲ့အျပင္ ေကာင္ေလး၏အေျခအေနမ်ားကိုလည္းစစ္ေဆးေပးခဲ့ကာ ၊ ေဆးဝါးကုသစရိတ္အတြက္ပါ ေထာက္ပံ့ေၾကးမ်ားေပးအပ္ခဲ့ပါတယ္ ။ ထို႔အျပင္ ေကာင္ေလးကို ကိုက္ခဲ့တဲ့ေခြးမွာ ပိုင္႐ွင္႐ွိတဲ့အျပင္ ၊ သခင္ေတြသတိမထားမိလိုက္ခင္ အိမ္ကေနေျပးထြက္ၿပီး ယခုကဲ့သို႔ ေကာင္ေလးကိုကိုက္ခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔ေၾကာင့္ တာဝန္႐ွိသူရဲအရာ႐ွိမ်ားက ယခုကဲ့သို႔ ေခြးကိုက္မႈမ်ားထပ္မျဖစ္ေစရန္အတြက္ ေခြပိုင္႐ွင္မ်ားအား သတိျဖင့္ေခြးမ်ားကိုၾကည့္႐ႈၾကဖို႔ သတိေပးေျပာဆိုခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ အောက်တိုဘာလ 30ရက်နေ့က ခွေးကြီးတစ်ကောင်က အသက် 12နှစ်အရွယ် ကောင်လေးကိုကိုက်နေခဲ့တဲ့ ရုပ်သံဟာ Facebook အသုံးပြုသူတွေအကြား အတော်လေးကိုရေပန်းစားလျက်ရှိပါတယ် ။ ဒီအဖြစ်အပျက်ကတော့ မလေးရှားနိုင်ငံ Kuah မြို့မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ Video ထဲမှာတော့ အမျိုးသားတစ်ယောက်က ခွေးကိုတုတ်နဲ့ရိုက်ပြီး မောင်းထုတ်ပစ်ဖို့အတွက် သူ့နားတုတ်ယူလာပေးဖို့ ပြောဆိုနေခဲ့တာကို အထင်းသားရီးကြားနေရမှာပါ ။

Video ထဲမှာတော့ အကူအညီမဲ့နေတဲ့ကောင်လေးဟာ ခွေးအကိုက်ခံရပြီးနောက် လမ်းပေါ်မှာ ထမရပ်နိုင်လောက်အောင်ဖြစ်နေခဲ့ပေမဲ့ အနီးအနားရှိဆိုင်ကယ်နှင့်အမျိုးသား 10ယောက်လောက်ဟာ လုံးဝမကူညီပဲ ဒီအတိုင်းသာရပ်ကြည့်နေခဲ့ကြပြီး ၊ ခွေးသူတို့ကိုပါရန်မူမှာကို ကြောက်နေပုံရပါတယ် ။ စိတ်ကူးကြည့်ရုံနဲ့ ခွေးအကိုက်ခံခဲ့ရတဲ့ကောင်လေးဟာ ဘယ်လောက်တောင်မှ အကူအညီမဲ့နေလိုက်မလဲ ။ အဆိုပါ Video ကို online ပေါ်မှာ ဝေမျှခဲ့ပြီးချိန်မှာတော့ လူအများစုက မကူညီပဲ ရပ်ကြည့်နေကြတဲ့အမျိုးသားတွေရဲ့ စာနာစိတ်မရှိပဲ ၊ တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ လုပ်ရပ်တွေကို အတော်လေး စိတ်ဆိုးဒေါသထွက်ခဲ့ကြပါတယ် ။

ကံကောင်းစွာနဲ့ပဲ ကောင်လေးဟာ ကြီးကြီးမားမားထိခိုက်ဒဏ်ရာမျိုး မရရှိခဲ့ပါဘူး ။ ထို့အပြင် ရဲအရာရှိများကလည်း ကလေးငယ်၏နေအိမ်သို့လာရောက်ပြီး အားပေးနှစ်သိမ့်စကားပြောဆိုခဲ့တဲ့အပြင် ကောင်လေး၏အခြေအနေများကိုလည်းစစ်ဆေးပေးခဲ့ကာ ၊ ဆေးဝါးကုသစရိတ်အတွက်ပါ ထောက်ပံ့ကြေးများပေးအပ်ခဲ့ပါတယ် ။ ထို့အပြင် ကောင်လေးကို ကိုက်ခဲ့တဲ့ခွေးမှာ ပိုင်ရှင်ရှိတဲ့အပြင် ၊ သခင်တွေသတိမထားမိလိုက်ခင် အိမ်ကနေပြေးထွက်ပြီး ယခုကဲ့သို့ ကောင်လေးကိုကိုက်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ ထို့ကြောင့် တာဝန်ရှိသူရဲအရာရှိများက ယခုကဲ့သို့ ခွေးကိုက်မှုများထပ်မဖြစ်စေရန်အတွက် ခွေပိုင်ရှင်များအား သတိဖြင့်ခွေးများကိုကြည့်ရှုကြဖို့ သတိပေးပြောဆိုခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေခြးအကိုက္ခံေနရတဲ့ ကေလးငယ္ကို အုပ္စုဖြဲ႔ၿပီးရပ္ၾကည့္ေနၾကကာ video ပါ႐ိုက္ကူးခဲ့ၾကတဲ့ အမ်ိဳးသားမ်ား(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*