ဘယ်ဖက်လက်ကိုဖြတ်ပစ်ခဲ့ရပေမဲ့ ဆက်လှုပ်ရှားနိုင်ဖို့ bionic လက်မောင်းတစ်ခုကို ကိုယ်တိုင်ဖန်တီးခဲ့တဲ့ အမျိုးသား(ရုပ်သံ)


1

2

3

4

5

6

7

8

Mia (Mckzone Daily)

Source : buzznicked

Unicode

Indonesia နိုင်ငံရှိ Wayan Sumardana အမည်ရှိ ဂဟေဆော်အမျိုးသားတစ်ဦးဟာ လွန်ခဲ့တဲ့ ၆ လခန့်က လေဖြတ်တဲ့ရောဂါဝေဒနာကို ခံစားနေခဲ့ရပြီး အကြောသေသွားတဲ့ သူ့ရဲ့ဘယ်ဖက်လက်ကို ဖြတ်ပစ်ခဲ့ရပါတယ်။ထိုအရာက သူရဲ့ဂဟေဆော်တဲ့အလုပ်ကို မလုပ်နိုင်အောင်တားဆီးနေခဲ့ပေမဲ့ Wayan ဟာ ၎င်းဆုတ်ယုတ်မှုက သူ့ကိုဘယ်လိုအကြောင်းနဲ့မှ မနှေးကွေးသွားစေခဲ့ပါဘူး။ထို့နောက် Wayan က သူ့လက်မောင်းကိုဆက်လှုပ်ရှားနိုင်စေမဲ့ သူ့ရဲ့လက်ဖြစ် bionic လက်မောင်းကို အင်ဒိုနီးရှားနိုင်ငံ Baliကျွန်း Karangasem ဒေသ Nyuh Tebel ရွာရှိ သူ့ရဲ့ဝပ်ရှော့ဆိုင်မှာ တစ်ကိုယ်တည်း ဖန်းတီးပြုလုပ်ခဲ့ပါတယ်။ခင်ဗျားတို့မြင်တဲ့အတိုင်း Wayan ရဲ့ bionic လက်မောင်းက အတော်လေးအကြမ်းဖျင်းဘဲ တည်ဆောက်ထားပုံရပေမဲ့ တကယ့်ကို အလုပ်ဖြစ်ကြောင်း “ ဦးခေါင်းမှအချက်ပြမှုကို အနည်းငယ်သာယူဖို့ ကျွန်တော့်ရဲ့ဦးရေပြားနဲ့ တွဲဖက်ထားတဲ့လျှပ်ကူးပစ္စည်းတွေ ပါတယ် ၊ ဒီကိရိယာတွေမပါဘဲ အချက်ပြမှုတွေကို ရှာဖွေတွေ့ရှိနိုင်မှာမဟုတ်ပါဘူး၊ ဒီအချက်ပြမှုက ကြီးမားတဲ့အချက်ပြမှုဆီသို့ ပို့လိုက်ပြီးတော့ ကျွန်တော့်နောက်ကျောမှာရှိတဲ့ micro-control မှတဆင့် အရှေ့ပိုင်းဆီသို့ ပြောင်းရွှေ့ပေးစေတယ် ” လို့ Wayan က ဆိုခဲ့ပါတယ်။အဆိုပါကိရိယာကလည်း သူ့ကိုဆက်ပြီး ရှင်သန်ရပ်တည်နိုင်အောင် ခွင့်ပြုပေးခဲ့ပါတယ်။သူ့ရဲ့အကန့်အသတ်မရှိတဲ့ နည်းပညာနှင့် ဗဟုသုတတို့မှ အခုလိုအရာတစ်ခုကို ဖန်တီးနိုင်ခဲ့ခြင်းကလည်း တစ်ကယ့်ကို အံ့အားသင့်စရာကောင်းနေပါတယ်။

Mia (Mckzone Daily)

Be the first to comment on "ဘယ်ဖက်လက်ကိုဖြတ်ပစ်ခဲ့ရပေမဲ့ ဆက်လှုပ်ရှားနိုင်ဖို့ bionic လက်မောင်းတစ်ခုကို ကိုယ်တိုင်ဖန်တီးခဲ့တဲ့ အမျိုးသား(ရုပ်သံ)"

Leave a comment

Your email address will not be published.


*