သစၥာမဲ့တဲ့ဇနီးအတြက္ ပိုင္ဆိုင္မႈအားလုံးကို ပညာသားပါပါ တစ္ဝက္ခ်င္းစီခြဲေပးခဲ့တဲ့ အမ်ိဳးသား(႐ုပ္သံ)

လူေတြဟာ သူတို႔ရဲ႕အိမ္ေထာင္ဖက္က သူတို႔အေပၚလိမ္လည္လွည့္စားေနခဲ့တာကို သိသြားရတဲ့အခါတိုင္း ပုံမွန္အားျဖင့္ မိုးၿပိဳေတာ့မလို ခံစားၾကရပါတယ္။အဆိုပါကိစၥေၾကာင့္ အမ်ိဳးသမီးတစ္ဦးက သူတို႔ရဲ႕ကား သို႔မဟုတ္ သူတို႔ရဲ႕အျခားပုဂၢိဳလ္ေရးပစၥည္းေတြကို ဖ်က္ဆီးခဲ့တဲ့အျဖစ္လည္း ကြၽန္ေတာ္ၾကားဖူးခဲ့ပါတယ္။သို႔ေပမဲ့ သူမထက္အေျခအေနဆိုးတဲ့အျဖစ္အပ်က္တစ္ခုလည္းရွိေနပါတယ္။မၾကာေသးခင္က ဂ်ာမနီႏိုင္ငံရွိ အမ်ိဳးသားတစ္ဦးဟာ ဇနီးသည္က သူ႔အေပၚလိမ္လည္ေနတာကို သိလိုက္ရေတာ့ ခ်က္ခ်င္း ကြာရွင္းလိုက္ၿပီးေနာက္ သူတို႔ရဲ႕ပိုင္ဆိုင္မႈေတြကို ၅၀/၅၀ စီခြဲယူဖို႔ သေဘာတူခဲ့ၾကပါတယ္။သို႔ေပမဲ့ အဆိုပါအမ်ိဳးသားဟာ သူ႔အားလိမ္လည္ၿပီး မထီမဲ့ျမင္လုပ္တဲ့ဇနီးကို လြယ္လြယ္ေလး အလြတ္မေပးခဲ့ပါဘူး ။ သူဟာ သူတို႔ပိုင္ဆိုင္တဲ့ပစၥည္းအခ်ိဳ႕ေတြကို ေရာင္းပစ္ခဲ့သလို ပိုဆိုးတာက ပစၥည္းအခ်ိဳ႕ကို တစ္ဝက္စီယူမယ္ဆိုတဲ့အတိုင္း ပစၥည္းတစ္ခ်င္းစီကို စက္နဲ႔ တစ္ဝက္တိတိ ဖ်က္ပစ္ခဲ့တာပါဘဲ။ဒီေတာ့ အေတာ္ေလးေဒါသထြက္ေနတဲ့အဆိုပါအမ်ိဳးသားရဲ႕ပစၥည္းဖ်က္ျခင္းအႏုပညာကို ဆက္လက္ၾကည့္ရႈခဲ့ၾကပါအုံး။သူက ဗီဒီယိုနဲ႔ပါ မွတ္တမ္းတင္ထားခဲ့ပါေသးတယ္။

1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

Mia (Mckzone Daily)

Source : buzznicked

Unicode

လူတွေဟာ သူတို့ရဲ့အိမ်ထောင်ဖက်က သူတို့အပေါ်လိမ်လည်လှည့်စားနေခဲ့တာကို သိသွားရတဲ့အခါတိုင်း ပုံမှန်အားဖြင့် မိုးပြိုတော့မလို ခံစားကြရပါတယ်။အဆိုပါကိစ္စကြောင့် အမျိုးသမီးတစ်ဦးက သူတို့ရဲ့ကား သို့မဟုတ် သူတို့ရဲ့အခြားပုဂ္ဂိုလ်ရေးပစ္စည်းတွေကို ဖျက်ဆီးခဲ့တဲ့အဖြစ်လည်း ကျွန်တော်ကြားဖူးခဲ့ပါတယ်။သို့ပေမဲ့ သူမထက်အခြေအနေဆိုးတဲ့အဖြစ်အပျက်တစ်ခုလည်းရှိနေပါတယ်။မကြာသေးခင်က ဂျာမနီနိုင်ငံရှိ အမျိုးသားတစ်ဦးဟာ ဇနီးသည်က သူ့အပေါ်လိမ်လည်နေတာကို သိလိုက်ရတော့ ချက်ချင်း ကွာရှင်းလိုက်ပြီးနောက် သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ၅၀/၅၀ စီခွဲယူဖို့ သဘောတူခဲ့ကြပါတယ်။သို့ပေမဲ့ အဆိုပါအမျိုးသားဟာ သူ့အားလိမ်လည်ပြီး မထီမဲ့မြင်လုပ်တဲ့ဇနီးကို လွယ်လွယ်လေး အလွတ်မပေးခဲ့ပါဘူး ။ သူဟာ သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းအချို့တွေကို ရောင်းပစ်ခဲ့သလို ပိုဆိုးတာက ပစ္စည်းအချို့ကို တစ်ဝက်စီယူမယ်ဆိုတဲ့အတိုင်း ပစ္စည်းတစ်ချင်းစီကို စက်နဲ့ တစ်ဝက်တိတိ ဖျက်ပစ်ခဲ့တာပါဘဲ။ဒီတော့ အတော်လေးဒေါသထွက်နေတဲ့အဆိုပါအမျိုးသားရဲ့ပစ္စည်းဖျက်ခြင်းအနုပညာကို ဆက်လက်ကြည့်ရှုခဲ့ကြပါအုံး။သူက ဗီဒီယိုနဲ့ပါ မှတ်တမ်းတင်ထားခဲ့ပါသေးတယ်။

Mia (Mckzone Daily)

Be the first to comment on "သစၥာမဲ့တဲ့ဇနီးအတြက္ ပိုင္ဆိုင္မႈအားလုံးကို ပညာသားပါပါ တစ္ဝက္ခ်င္းစီခြဲေပးခဲ့တဲ့ အမ်ိဳးသား(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*