ခါးပိုက္ႏႈိက္တစ္ေယာက္ကို လူ10ေယာက္ေက်ာ္ခန္႔႐ွိတဲ့အုပ္စုက အားရပါးရ႐ိုက္ႏွက္ခဲ့ၾကတဲ့ (႐ုပ္သံ)

လူတိုင္းလိုလို သူခိုးေတြ ၊ ဓားျပေတြကို မုန္းေလ့႐ွိၾကပါတယ္ ။ သို႔ေပမဲ့လည္း တစ္ခါတစ္ေလမွာေတာ့ သူခိုး ၊ ဓားျပေတြကိုျပန္ၿပီး သနားမိတဲ့အျဖစ္မ်ိဳးေကာျဖစ္ဖူးၾကလား ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ Video ကေတာ့ မေလး႐ွားႏိုင္ငံ ၊ Kuching ၿမိဳ႕မွာ႐ွိတဲ့ ေကာ္ဖီဆိုင္တစ္ဆိုင္ကေန သူခိုးတစ္ေယာက္က အမ်ိဳးသမီးလက္ကိုင္အိတ္ကို လွမ္းဆြဲၿပီးလုယူခဲ့တဲ့အျဖစ္ပါ ။အဆိုပါအျဖစ္အပ်က္ဟာ မနက္ 9နာရီအခ်ိန္ေလာက္မွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး ၊ အမ်ိဳးသမီးတစ္ေယာက္ဟာ ေကာ္ဖီဆိုင္မွာ မနက္စာစားေနခဲ့တာပါ ။

ထိုအခ်ိန္မွာ ဆိုင္ထဲထိသူခိုးဟာ သူမရဲ႕လက္ကိုင္အိတ္ကိုဝင္ၿပီးလုယက္ခဲ့ၿပီးေနာက္ ဆိုင္ကယ္ျဖင့္ထြက္ေျပးဖို႔ႀကိဳးစားခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း သူ၏ဆိုင္ကယ္ကိုကားကဝင္တိုက္ခဲ့မိ၍ အခြင့္မသာေတာ့ပဲ ေျခလ်င္ထြက္ေျပးဖို႔ႀကိဳးစားခဲ့ပါတယ္ ။ ထိုအခ်ိန္မွာေတာ့ လူအုပ္စုႀကီးက အဆိုပါသူခိုးကို ဝိုု္င္းဖမ္းခဲ့၍လြတ္လမ္းမ႐ွိေတာ့ေအာင္ျဖစ္ခဲ့ရပါတယ္ ။ Video ထဲမွာေတြ႔ရတဲ့အတိုင္းပါပဲ လူအုပ္စုႀကီးက အဆိုပါအမ်ိဳးသားကို ဝိုင္းဝန္းထိုးႏွက္ ၊ ကန္ေက်ာက္ခဲ့ၾကတဲ့အျပင္ ထိုင္ခံုေတြက်ိဳးသြားေလာက္တဲ့အထိ ဝိုင္း႐ိုက္ခဲ့ၾကပါတယ္ ။

အဆိုပါ Video ဟာ Online ေပၚမွာအေတာ္ေလးေရပန္းစားခဲ့ၿပီးေနာက္ လူအမ်ားစုက “သူခိုးေတြဆိုတာက အျမဲတမ္းမွားတယ္ ၊ ဒါေပမဲ့လည္း အဲ့လိုနည္းမ်ိဳးနဲ႔ေတာ့ လက္စားမေခ်သင့္ပါဘူး ၊ ငါတို႔က တရားသူႀကီးေတြ မဟုတ္ဘူး ၊ သူ႔ကိုသာ ရဲလက္အပ္ပစ္လိုက္ပါ ” ဆိုၿပီး ေဝဖန္ေရးသားတာမ်ိဳး႐ွိေပမဲ့လည္း အခ်ိဳ႕မွာေတာ့ ” သူခိုးေတြကို အဲ့လိုမ်ိဳးနည္းနဲ႔ပဲ အဆံုးသတ္ေပးလို႔ရတာ ” ဆိုၿပီး မ်ိဳးစံုေရးသားခဲ့ၾကပါတယ္ ။ တာဝန္႐ွိသူ ရဲအရာ႐ွိေတာ့ ” ျပည္သူေတြက အခုလို သူခိုးကိုဝိုင္းဝန္းၿပီး ဖမ္းေပးၾကလို႔ အေတာ္ေလးကို ေက်းဇူးတင္ပါတယ္ ။ သို႔ေပမဲ့ လမ္းမေပၚမွာ ယခုလိုေျခလြန္လက္လြန္႐ိုက္ႏွက္တာမ်ိဳးေတာ့ မျပဳသင့္ပါဘူး ” ဆိုၿပီးျပန္လည္ေျပာဆိုထားပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူတိုင်းလိုလို သူခိုးတွေ ၊ ဓားပြတွေကို မုန်းလေ့ရှိကြပါတယ် ။ သို့ပေမဲ့လည်း တစ်ခါတစ်လေမှာတော့ သူခိုး ၊ ဓားပြတွေကိုပြန်ပြီး သနားမိတဲ့အဖြစ်မျိုးကောဖြစ်ဖူးကြလား ။ ဒီတစ်ခေါက်ဖော်ပြမဲ့ Video ကတော့ မလေးရှားနိုင်ငံ ၊ Kuching မြို့မှာရှိတဲ့ ကော်ဖီဆိုင်တစ်ဆိုင်ကနေ သူခိုးတစ်ယောက်က အမျိုးသမီးလက်ကိုင်အိတ်ကို လှမ်းဆွဲပြီးလုယူခဲ့တဲ့အဖြစ်ပါ ။အဆိုပါအဖြစ်အပျက်ဟာ မနက် 9နာရီအချိန်လောက်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ အမျိုးသမီးတစ်ယောက်ဟာ ကော်ဖီဆိုင်မှာ မနက်စာစားနေခဲ့တာပါ ။

ထိုအချိန်မှာ ဆိုင်ထဲထိသူခိုးဟာ သူမရဲ့လက်ကိုင်အိတ်ကိုဝင်ပြီးလုယက်ခဲ့ပြီးနောက် ဆိုင်ကယ်ဖြင့်ထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ် ။ သို့ပေမဲ့လည်း သူ၏ဆိုင်ကယ်ကိုကားကဝင်တိုက်ခဲ့မိ၍ အခွင့်မသာတော့ပဲ ခြေလျင်ထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ် ။ ထိုအချိန်မှာတော့ လူအုပ်စုကြီးက အဆိုပါသူခိုးကို ဝိုင်းဖမ်းခဲ့၍လွတ်လမ်းမရှိတော့အောင်ဖြစ်ခဲ့ရပါတယ် ။ Video ထဲမှာတွေ့ရတဲ့အတိုင်းပါပဲ လူအုပ်စုကြီးက အဆိုပါအမျိုးသားကို ဝိုင်းဝန်းထိုးနှက် ၊ ကန်ကျောက်ခဲ့ကြတဲ့အပြင် ထိုင်ခုံတွေကျိုးသွားလောက်တဲ့အထိ ဝိုင်းရိုက်ခဲ့ကြပါတယ် ။

အဆိုပါ Video ဟာ Online ပေါ်မှာအတော်လေးရေပန်းစားခဲ့ပြီးနောက် လူအများစုက “သူခိုးတွေဆိုတာက အမြဲတမ်းမှားတယ် ၊ ဒါပေမဲ့လည်း အဲ့လိုနည်းမျိုးနဲ့တော့ လက်စားမချေသင့်ပါဘူး ၊ ငါတို့က တရားသူကြီးတွေ မဟုတ်ဘူး ၊ သူ့ကိုသာ ရဲလက်အပ်ပစ်လိုက်ပါ ” ဆိုပြီး ဝေဖန်ရေးသားတာမျိုးရှိပေမဲ့လည်း အချို့မှာတော့ ” သူခိုးတွေကို အဲ့လိုမျိုးနည်းနဲ့ပဲ အဆုံးသတ်ပေးလို့ရတာ ” ဆိုပြီး မျိုးစုံရေးသားခဲ့ကြပါတယ် ။ တာဝန်ရှိသူ ရဲအရာရှိတော့ ” ပြည်သူတွေက အခုလို သူခိုးကိုဝိုင်းဝန်းပြီး ဖမ်းပေးကြလို့ အတော်လေးကို ကျေးဇူးတင်ပါတယ် ။ သို့ပေမဲ့ လမ်းမပေါ်မှာ ယခုလိုခြေလွန်လက်လွန်ရိုက်နှက်တာမျိုးတော့ မပြုသင့်ပါဘူး ” ဆိုပြီးပြန်လည်ပြောဆိုထားပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ခါးပိုက္ႏႈိက္တစ္ေယာက္ကို လူ10ေယာက္ေက်ာ္ခန္႔႐ွိတဲ့အုပ္စုက အားရပါးရ႐ိုက္ႏွက္ခဲ့ၾကတဲ့ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*