အိမ္ေရွ႕က ေခြးအစာပါဆယ္ေသတၱာကို တိတ္တဆိတ္ခိုးယူသြားခဲ့တဲ့ ဝက္ဝံ(႐ုပ္သံ)

အေမရိကန္ႏိုင္ငံ Pennsylvania ျပည္နယ္ Lackawanna ေကာင္တီရွိ Newman မိသားစုတစ္စု ဟာ Online အိမ္ေမြးတိရိစာၦန္ပစၥည္းဆိုင္မွ သူတို႔မွာယူထားတဲ့ေခြးစာမ်ားပို႔ေဆာင္ေပးရန္ ေမွ်ာ္လင့္ေနခဲ့ၾကပါတယ္။ပထမေတာ့ သူတို႔ဟာ အဆိုပါဆိုင္က ေခြးအစာေသတၱာဘယ္ေတာ့မွမပို႔ေပးခဲ့ဘူးလို႔ ထင္ေနခဲ့ၾကပါတယ္။သို႔ေပမဲ့မၾကာေသးခင္က သူတို႔ဟာ CCTVကင္မရာကေန ဝက္ဝံတစ္ေကာင္က သူတို႔ရဲ႕အိမ္ေရွ႕ဆင္ဝင္ရွိေခြးအစာေသတၱာမ်ားကို တိတ္တခိုး ခိုးယူေနခဲ့ေၾကာင္းကို ေတြ႕ရွိခဲ့ၾကပါတယ္။ဗီဒီယိုမွာ ဝက္ဝံတစ္ကာင္ဟာ ေသတၱာထဲမွာမွ အထုပ္တစ္ခုကို ဖြင့္လိုက္ၿပီး ၎ေသတၱာက yummy ေခြးစာႏွင့္ျပည့္ေနတာကို သေဘာေပါက္သြားခဲ့ပုံရပါတယ္။ဒါေၾကာင့္ အေမြးထူထူနဲ႔သူခိုးႀကီးက ၎ေသတၱာတစ္လုံးကို ခိုးယူရန္ ဆုံးျဖတ္ခဲ့ကာ ၎ေသတၱာကို ဆင္ဝင္ကေန ဂ႐ုတစိုက္နဲ႔ ဒ႐ြတ္တိုက္ဆြဲဆင္းၿပီးေနာက္ ခ်ဳံေတာထဲသို႔ ယူေဆာင္သြားခဲ့ပါတယ္။

၎ဗီဒီယိုက ေပ်ာ္စရာေကာင္းတဲ့ဗီဒီယိုတစ္ခုျဖစ္ေပမဲ့လည္း Newman မိသားစုမွာ ေကြၽးေမြးဖို႔ ဆာေလာင္ေနတဲ့ေခြးတစ္ေကာင္ရွိေနပါေသးတယ္။ကံေကာင္းခ်င္ေတာ့ Newman မိသားစုက သူတို႔ဆီ ပို႔ေပးလိုက္တဲ့ ေခြးအစာကို ဝက္ဝံတစ္ေကာင္က ခိုးယူသြားခဲ့တယ္လို႔ အိမ္ေမြးတိရိစာၦန္စတိုးဆိုင္ကို ေျပာျပတဲ့အခါ ဆိုင္ကလည္း ယုံၾကည္ေပးခဲ့ပါတယ္။၎ဆိုင္ရဲ႕ကုမၸဏီအေနနဲ႔ သူတို႔ရဲ႕အိမ္ေမြးတိရိစာၦန္မ်ား ဆာေလာင္မြတ္သိပ္ျခင္းမရွိေစရန္အတြက္ ေခြးစာအသစ္တစ္ခုပို႔ေပးဖို႔ ကမ္းလွမ္းခဲ့ပါေတာ့တယ္။သို႔ေပမဲ့ သူတို႔ရဲ႕ဆင္ဝင္ေပၚက ပို႔ေပးလိုက္တဲ့ေခြးစာေသတၱာအသစ္ကို အဆိုပါဝက္ဝံမသိခင္ Newman မိသားစုက အရင္ဆုံး လက္ဦးရရွိႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနမိပါတယ္ေလ။

1

Mia (Mckzone Daily)

Source : elitereaders

Unicode

အမေရိကန်နိုင်ငံ Pennsylvania ပြည်နယ် Lackawanna ကောင်တီရှိ Newman မိသားစုတစ်စု ဟာ Online အိမ်မွေးတိရိစ္ဆာန်ပစ္စည်းဆိုင်မှ သူတို့မှာယူထားတဲ့ခွေးစာများပို့ဆောင်ပေးရန် မျှော်လင့်နေခဲ့ကြပါတယ်။ပထမတော့ သူတို့ဟာ အဆိုပါဆိုင်က ခွေးအစာသေတ္တာဘယ်တော့မှမပို့ပေးခဲ့ဘူးလို့ ထင်နေခဲ့ကြပါတယ်။သို့ပေမဲ့မကြာသေးခင်က သူတို့ဟာ CCTVကင်မရာကနေ ဝက်ဝံတစ်ကောင်က သူတို့ရဲ့အိမ်ရှေ့ဆင်ဝင်ရှိခွေးအစာသေတ္တာများကို တိတ်တခိုး ခိုးယူနေခဲ့ကြောင်းကို တွေ့ရှိခဲ့ကြပါတယ်။ဗီဒီယိုမှာ ဝက်ဝံတစ်ကာင်ဟာ သေတ္တာထဲမှာမှ အထုပ်တစ်ခုကို ဖွင့်လိုက်ပြီး ၎င်းသေတ္တာက yummy ခွေးစာနှင့်ပြည့်နေတာကို သဘောပေါက်သွားခဲ့ပုံရပါတယ်။ဒါကြောင့် အမွေးထူထူနဲ့သူခိုးကြီးက ၎င်းသေတ္တာတစ်လုံးကို ခိုးယူရန် ဆုံးဖြတ်ခဲ့ကာ ၎င်းသေတ္တာကို ဆင်ဝင်ကနေ ဂရုတစိုက်နဲ့ ဒရွတ်တိုက်ဆွဲဆင်းပြီးနောက် ချုံတောထဲသို့ ယူဆောင်သွားခဲ့ပါတယ်။

၎င်းဗီဒီယိုက ပျော်စရာကောင်းတဲ့ဗီဒီယိုတစ်ခုဖြစ်ပေမဲ့လည်း Newman မိသားစုမှာ ကျွေးမွေးဖို့ ဆာလောင်နေတဲ့ခွေးတစ်ကောင်ရှိနေပါသေးတယ်။ကံကောင်းချင်တော့ Newman မိသားစုက သူတို့ဆီ ပို့ပေးလိုက်တဲ့ ခွေးအစာကို ဝက်ဝံတစ်ကောင်က ခိုးယူသွားခဲ့တယ်လို့ အိမ်မွေးတိရိစ္ဆာန်စတိုးဆိုင်ကို ပြောပြတဲ့အခါ ဆိုင်ကလည်း ယုံကြည်ပေးခဲ့ပါတယ်။၎င်းဆိုင်ရဲ့ကုမ္ပဏီအနေနဲ့ သူတို့ရဲ့အိမ်မွေးတိရိစ္ဆာန်များ ဆာလောင်မွတ်သိပ်ခြင်းမရှိစေရန်အတွက် ခွေးစာအသစ်တစ်ခုပို့ပေးဖို့ ကမ်းလှမ်းခဲ့ပါတော့တယ်။သို့ပေမဲ့ သူတို့ရဲ့ဆင်ဝင်ပေါ်က ပို့ပေးလိုက်တဲ့ခွေးစာသေတ္တာအသစ်ကို အဆိုပါဝက်ဝံမသိခင် Newman မိသားစုက အရင်ဆုံး လက်ဦးရရှိနိုင်မယ်လို့ မျှော်လင့်နေမိပါတယ်လေ။

Mia (Mckzone Daily)

Be the first to comment on "အိမ္ေရွ႕က ေခြးအစာပါဆယ္ေသတၱာကို တိတ္တဆိတ္ခိုးယူသြားခဲ့တဲ့ ဝက္ဝံ(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*