“အေမ့ကိုခ်စ္တယ္ ” ဆိုၿပီး ေအာ္ဟစ္ၿပီးေနာက္ တိုက္ေပၚမွခုန္ခ်ကာ ကိုယ့္ကိုအဆံုးစီရင္ခဲ့တဲ့ ေက်ာင္းသား

တ႐ုတ္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 14ႏွစ္အရြယ္ Wang Jiale အမည္႐ွိတဲ့ ေက်ာင္းသားေလးဟာ ၿပီးခဲ့တဲ့ေအာက္တိုဘာလ 24ရက္ေန႔က ေက်ာင္းမွအိမ္သို႔ျပန္လာၿပီးေနာက္ သူ၏ေနအိမ္တိုက္ခန္း 14လႊာကေန ” အေမ့ကိုခ်စ္တယ္ ” ဟုေအာ္ဟစ္ၿပီး ပုတင္းေပါက္ကေန ခုန္ခ်ကာကိုယ့္ကိုအဆံုးစီရင္ခဲ့မႈျဖစ္ပြားခဲ့ပါတယ္ ။ မိခင္ျဖစ္သူက အသံၾကား၍သြားေရာက္စစ္ေဆးခဲ့ခ်ိန္မွာေတာ့ အေတာ္ေလးကိုေနာက္က်သြားခဲ့ပါတယ္ ။ ထို႔အျပင္ ေသတမ္းစာႏွစ္ေစာင္ထားခဲ့ၿပီး တစ္ေစာင္မွာသူ၏မိခင္အတြက္ျဖစ္ကာ ၊ ေနာက္တစ္ေစာင္မွာေတာ့ သူတစ္ဖက္သက္ႀကိတ္ေႂကြေနရတဲ့မိန္းကေလးအတြက္ျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

မိခင္ ႏွင့္ မိသားစုဝင္ေတြအတြက္ေသတမ္းစာမွာေတာ့ သူရဲ႕ဆံုးျဖတ္ခ်က္ကိုေလးစားဖို႔ ႏွင့္ အခုလိုအဆံုးစီရင္ခဲ့မႈအတြက္ေတာင္းပန္ေၾကာင္းေရးသားထားခဲ့ပါတယ္ ။ သူ႔ရဲ႕ေပါက္တက္ကရ လုပ္တတ္တဲ့အျပဳအမႈေတြေၾကာင့္ သူငယ္ခ်င္းမ်ားတယ္လို႔ထင္ရေပမဲ့လည္း အမွန္တကယ္မွာေတာ့ JiaLe ဟာ မေရမတြက္ႏိုင္ေလာက္ေအာင္ကို တိတ္တဆိတ္ငိုခဲ့ရတဲ့အျပင္ ေက်ာင္းတြင္လည္းအေတာ္ေလး အထီးက်န္ေနသလိုခံစားခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။

သူတစ္ဖက္သတ္ခ်စ္ေနရတဲ့ေကာင္မေလးကို ေရးသားထားတဲ့စာမွာေတာ့ ” အေျပာနဲ႔ႏွိပ္စက္တာက အေတာ္ေလးကိုနာက်င္ရတယ္ ၊ ရည္ရြယ္ခ်က္႐ွိ႐ွိနဲ႔ေျပာတာျဖစ္ျဖစ္ မျဖစ္ျဖစ္ ၊ အဲ့ တစ္ေယာက္ကေတာ့ က်င္နာႏိုင္မယ္လို႔ ေမ်ွာ္လင့္ပါတယ္ ” ဆိုၿပီး ေရးသားထားခဲ့ပါတယ္ ။ ထို႔ေၾကာင့္ JiaLe ရဲ႕မိသားစုဝင္မ်ားကေတာ့ JaeLe ေသဆံုးမႈအတြက္ စံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ခ်င္ေပမဲ့ ေက်ာင္းဖက္က သက္ေသေတြေဖာ္ထုတ္ေပးဖို႔ ျငင္းဆိုခဲ့တဲ့အျပင္ ၊ JiaLe ေက်ာင္းမွာငိုယိုခဲ့တဲ့ေန႔က CCTV မွတ္တမ္းမ်ားကိုလည္း ေဖာ္ထုတ္ဖို႔ ျငင္းပယ္ခဲ့ၾကပါတယ္ ။

မ်က္ျမင္သက္ေသျဖစ္ၾကတဲ့ ေက်ာင္းသားအမ်ားစုကေတာ့ အဆိုပါအခင္းျဖစ္ပြားခဲ့တဲ့ေန႔က JiaLe ဟာ ငိုယိုၿပီးေလွကားေပၚကေန ေျပးဆင္းခဲ့တာကို ေတြ႔႐ွိခဲ့ေၾကာင္း ႏွင့္ JiaLe ဟာ ဆရာျဖစ္သူရဲ႕ဆူပူမႈကို ခံခဲ့ရေၾကာင္း ေျပာဆိုခဲ့ၾကပါတယ္ ။ ထို႔ေၾကာင့္ ေက်ာင္းသားေလးရဲ႕ေသဆံုးမႈဟာ အႏိုင္က်င့္မႈေၾကာင့္လား ၊ ဒါမွမဟုတ္ တျခားအေၾကာင္းအရင္းေၾကာင့္လားဆိုတာကိုေတာ့ ေသေသခ်ာခ်ာမသိ႐ွိခဲ့ရေပမယ့္လည္း အေတာ္ေလးကိုစိတ္ထိခိုက္ၿပီး အဆံုးစီရင္ခဲ့တာကေတာ့ အေတာ္ေလးေသခ်ာေနေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံမှာနေထိုင်တဲ့ အသက် 14နှစ်အရွယ် Wang Jiale အမည်ရှိတဲ့ ကျောင်းသားလေးဟာ ပြီးခဲ့တဲ့အောက်တိုဘာလ 24ရက်နေ့က ကျောင်းမှအိမ်သို့ပြန်လာပြီးနောက် သူ၏နေအိမ်တိုက်ခန်း 14လွှာကနေ ” အမေ့ကိုချစ်တယ် ” ဟုအော်ဟစ်ပြီး ပုတင်းပေါက်ကနေ ခုန်ချကာကိုယ့်ကိုအဆုံးစီရင်ခဲ့မှုဖြစ်ပွားခဲ့ပါတယ် ။ မိခင်ဖြစ်သူက အသံကြား၍သွားရောက်စစ်ဆေးခဲ့ချိန်မှာတော့ အတော်လေးကိုနောက်ကျသွားခဲ့ပါတယ် ။ ထို့အပြင် သေတမ်းစာနှစ်စောင်ထားခဲ့ပြီး တစ်စောင်မှာသူ၏မိခင်အတွက်ဖြစ်ကာ ၊ နောက်တစ်စောင်မှာတော့ သူတစ်ဖက်သက်ကြိတ်ကြွေနေရတဲ့မိန်းကလေးအတွက်ဖြစ်ကြောင်း သိရှိရပါတယ် ။

မိခင် နှင့် မိသားစုဝင်တွေအတွက်သေတမ်းစာမှာတော့ သူရဲ့ဆုံးဖြတ်ချက်ကိုလေးစားဖို့ နှင့် အခုလိုအဆုံးစီရင်ခဲ့မှုအတွက်တောင်းပန်ကြောင်းရေးသားထားခဲ့ပါတယ် ။ သူ့ရဲ့ပေါက်တက်ကရ လုပ်တတ်တဲ့အပြုအမှုတွေကြောင့် သူငယ်ချင်းများတယ်လို့ထင်ရပေမဲ့လည်း အမှန်တကယ်မှာတော့ JiaLe ဟာ မရေမတွက်နိုင်လောက်အောင်ကို တိတ်တဆိတ်ငိုခဲ့ရတဲ့အပြင် ကျောင်းတွင်လည်းအတော်လေး အထီးကျန်နေသလိုခံစားခဲ့ရကြောင်း သိရှိရပါတယ် ။

သူတစ်ဖက်သတ်ချစ်နေရတဲ့ကောင်မလေးကို ရေးသားထားတဲ့စာမှာတော့ ” အပြောနဲ့နှိပ်စက်တာက အတော်လေးကိုနာကျင်ရတယ် ၊ ရည်ရွယ်ချက်ရှိရှိနဲ့ပြောတာဖြစ်ဖြစ် မဖြစ်ဖြစ် ၊ အဲ့ တစ်ယောက်ကတော့ ကျင်နာနိုင်မယ်လို့ မျှော်လင့်ပါတယ် ” ဆိုပြီး ရေးသားထားခဲ့ပါတယ် ။ ထို့ကြောင့် JiaLe ရဲ့မိသားစုဝင်များကတော့ JaeLe သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ချင်ပေမဲ့ ကျောင်းဖက်က သက်သေတွေဖော်ထုတ်ပေးဖို့ ငြင်းဆိုခဲ့တဲ့အပြင် ၊ JiaLe ကျောင်းမှာငိုယိုခဲ့တဲ့နေ့က CCTV မှတ်တမ်းများကိုလည်း ဖော်ထုတ်ဖို့ ငြင်းပယ်ခဲ့ကြပါတယ် ။

မျက်မြင်သက်သေဖြစ်ကြတဲ့ ကျောင်းသားအများစုကတော့ အဆိုပါအခင်းဖြစ်ပွားခဲ့တဲ့နေ့က JiaLe ဟာ ငိုယိုပြီးလှေကားပေါ်ကနေ ပြေးဆင်းခဲ့တာကို တွေ့ရှိခဲ့ကြောင်း နှင့် JiaLe ဟာ ဆရာဖြစ်သူရဲ့ဆူပူမှုကို ခံခဲ့ရကြောင်း ပြောဆိုခဲ့ကြပါတယ် ။ ထို့ကြောင့် ကျောင်းသားလေးရဲ့သေဆုံးမှုဟာ အနိုင်ကျင့်မှုကြောင့်လား ၊ ဒါမှမဟုတ် တခြားအကြောင်းအရင်းကြောင့်လားဆိုတာကိုတော့ သေသေချာချာမသိရှိခဲ့ရပေမယ့်လည်း အတော်လေးကိုစိတ်ထိခိုက်ပြီး အဆုံးစီရင်ခဲ့တာကတော့ အတော်လေးသေချာနေကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "“အေမ့ကိုခ်စ္တယ္ ” ဆိုၿပီး ေအာ္ဟစ္ၿပီးေနာက္ တိုက္ေပၚမွခုန္ခ်ကာ ကိုယ့္ကိုအဆံုးစီရင္ခဲ့တဲ့ ေက်ာင္းသား"

Leave a comment

Your email address will not be published.


*