အိမ္နီးခ်င္းအေၾကာင္းကို ခိုးနားေထာင္ရင္း သံပန္းတံခါးၾကား ေခါင္းခံသြားလို႔ ၅နာရီၾကာမွျပန္ထုတ္ႏိုင္ခဲ့တဲ့ အမ်ိဳးသမီး

တစ္ခါတစ္ေလ လူေတြဟာ ကိုယ့္ဘာသာကိုယ္ေနၿပီး ကိုယ့္ကိစၥဘဲ ကိုယ္ပူေနသင့္ပါတယ္။အမ်ိဳးသမီးတစ္ဦးဟာ သူမရဲ႕အိမ္နီးခ်င္းအေၾကာင္းကို သိခ်င္ စပ္စုခ်င္လြန္းလို႔ သူမ အေပးအယူလုပ္ထားတာထပ္ ပိုရခဲ့ရပါတယ္။သူမ်ားအေၾကာင္းကို စပ္စုခ်င္လြန္းတဲ့အဆိုပါအမ်ိဳးသမီးဟာ အိမ္နီးခ်င္းရဲ႕သံပန္းတံခါးမွာ ေခါင္းခံေနခဲ့ၿပီး ထုတ္မရဘဲ ၅နာရီၾကာသြားခဲ့ရပါတယ္။၎အျဖစ္အပ်က္က Colombia ႏိုင္ငံ La Virginia ၿမိဳ႕မွာ ျဖစ္ပြါးခဲ့တာပါ။သူမက အိမ္နီးခ်င္းအေၾကာင္းကို ခိုးနားေထာင္ကာ spy လုပ္ၿပီး သူငယ္ခ်င္းေတြဆီ စကားေျပာစရာရွိေအာင္ ႀကိဳးစားေနခဲ့ပုံပါဘဲ။ကံမေကာင္းစြာနဲ႔ အဆိုပါစပ္စုလြန္းတဲ့အမ်ိဳးသမီးဟာ အိမ္နီးခ်င္းရဲ႕အရက္ဆိုင္ ဂိတ္တံခါးၾကားကို သူမေခါင္းအား စြတ္ထည့္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။သူမဟာ ေခါင္းကို အထဲထည့္ႏိုင္ခဲ့ေပမဲ့ ေနထိုင္မသက္သာျဖစ္ခဲ့ရပါတယ္။

ထို႔ေနာက္ သူမဟာ ေခါင္းျပန္ထုတ္မရေတာ့တာေၾကာင့္ အိမ္နီးခ်င္းအား ကယ္ဆယ္ေရးသမားေခၚေပးဖို႔ အကူအညီျပန္ေတာင္းခဲ့ရပါတယ္။ကယ္ဆယ္ေရးအမ်ိဳးသားေတြက သူမအား အရွက္ရေစတဲ့အျဖစ္ကေန လြတ္ေျမာက္ဖို႔ အတတ္ႏိုင္ဆုံးႀကိဳးစားေနခဲ့ေပမဲ့ ေနာက္ဆုံး အရက္ဆိုင္ရဲ႕ဂိတ္တံခါးမွ ဆြဲထုတ္ဖို႔ အခ်ိန္၅နာရီၾကာသြားခဲ့ရပါတယ္။ေခါင္းထုတ္ဖို႔ ၅နာရီၾကာေအာင္ ဘာေၾကာင့္ၾကာျမင့္သြားခဲ့ရတာကို မသိေပမဲ့ အခ်ိဳ႕က ကယ္ဆယ္ေရးသမားမ်ားက အဆိုပါအမ်ိဳးသမီးရဲ႕အျဖစ္ကို မရယ္ဖို႔ ႀကိဳးစားေနခဲ့ၾကတာေၾကာင့္ သူမရဲ႕အေျခအေနကို ကိုင္တြယ္ဖို႔ ခက္ခဲၾကာျမင့္သြားခဲ့ရေၾကာင္း လူတစ္ေယာက္ဆိုထားပါတယ္။

ထုံးစံအတိုင္း စပ္စုလြန္းတဲ့သူမရဲ႕အျဖစ္ဟာ social media ေပၚ အထူးတလည္ ေျပာျပစရာမလိုေအာင္ ခ်က္ခ်င္းပ်ံ႕ႏွံ႔သြားခဲ့ၿပီးေနာက္ လူအခ်ိဳ႕က အိမ္နီးခ်င္းအေၾကာင္းကို ခိုးနားေထာင္ဖို႔ သူမမွာ နည္းလမ္းေကာင္းရွိေနတယ္လို႔ဆိုၾကသလို အခ်ိဳ႕ကလည္း အတင္းအဖ်င္းေျပာရတာကို ႀကိဳက္တဲ့လူေတြအတြက္ သင္ခန္းစာျဖစ္သင့္တယ္လို႔ ဆိုခဲ့ၾကပါတယ္။အမ်ိဳးသမီးရဲ႕အျဖစ္ကလည္း ရပ္ကြက္ထဲက ဘာကိစၥဘဲျဖစ္ျဖစ္ စပ္စုရမွာ ေက်နပ္တတ္တဲ့အေဒၚႀကီးအုပ္စုနဲ႔ တူေနပါၿပီေလ။အခုလိုျဖစ္ရပ္ေၾကာင့္ အဆိုပါအမ်ိဳးသမီးလည္း ေနာက္ပိုင္း စပ္စုၿပီး အတင္းအဖ်င္းေျပာရတာကို ေရွာင္ရွားႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္မိတယ္ဗ်ာ။

Mia (Mckzone Daily)

Source : elitereaders

Unicode

တစ်ခါတစ်လေ လူတွေဟာ ကိုယ့်ဘာသာကိုယ်နေပြီး ကိုယ့်ကိစ္စဘဲ ကိုယ်ပူနေသင့်ပါတယ်။အမျိုးသမီးတစ်ဦးဟာ သူမရဲ့အိမ်နီးချင်းအကြောင်းကို သိချင် စပ်စုချင်လွန်းလို့ သူမ အပေးအယူလုပ်ထားတာထပ် ပိုရခဲ့ရပါတယ်။သူများအကြောင်းကို စပ်စုချင်လွန်းတဲ့အဆိုပါအမျိုးသမီးဟာ အိမ်နီးချင်းရဲ့သံပန်းတံခါးမှာ ခေါင်းခံနေခဲ့ပြီး ထုတ်မရဘဲ ၅နာရီကြာသွားခဲ့ရပါတယ်။၎င်းအဖြစ်အပျက်က Colombia နိုင်ငံ La Virginia မြို့မှာ ဖြစ်ပွါးခဲ့တာပါ။သူမက အိမ်နီးချင်းအကြောင်းကို ခိုးနားထောင်ကာ spy လုပ်ပြီး သူငယ်ချင်းတွေဆီ စကားပြောစရာရှိအောင် ကြိုးစားနေခဲ့ပုံပါဘဲ။ကံမကောင်းစွာနဲ့ အဆိုပါစပ်စုလွန်းတဲ့အမျိုးသမီးဟာ အိမ်နီးချင်းရဲ့အရက်ဆိုင် ဂိတ်တံခါးကြားကို သူမခေါင်းအား စွတ်ထည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ထို့နောက် သူမဟာ ခေါင်းပြန်ထုတ်မရတော့တာကြောင့် အိမ်နီးချင်းအား ကယ်ဆယ်ရေးသမားခေါ်ပေးဖို့ အကူအညီပြန်တောင်းခဲ့ရပါတယ်။ကယ်ဆယ်ရေးအမျိုးသားတွေက သူမအား အရှက်ရစေတဲ့အဖြစ်ကနေ လွတ်မြောက်ဖို့ အတတ်နိုင်ဆုံးကြိုးစားနေခဲ့ပေမဲ့ နောက်ဆုံး အရက်ဆိုင်ရဲ့ဂိတ်တံခါးမှ ဆွဲထုတ်ဖို့ အချိန်၅နာရီကြာသွားခဲ့ရပါတယ်။

ထုံးစံအတိုင်း စပ်စုလွန်းတဲ့သူမရဲ့အဖြစ်ဟာ social media ပေါ် အထူးတလည် ပြောပြစရာမလိုအောင် ချက်ချင်းပျံ့နှံ့သွားခဲ့ပြီးနောက် လူအချို့က အိမ်နီးချင်းအကြောင်းကို ခိုးနားထောင်ဖို့ သူမမှာ နည်းလမ်းကောင်းရှိနေတယ်လို့ဆိုကြသလို အချို့ကလည်း အတင်းအဖျင်းပြောရတာကို ကြိုက်တဲ့လူတွေအတွက် သင်ခန်းစာဖြစ်သင့်တယ်လို့ ဆိုခဲ့ကြပါတယ်။အမျိုးသမီးရဲ့အဖြစ်ကလည်း ရပ်ကွက်ထဲက ဘာကိစ္စဘဲဖြစ်ဖြစ် စပ်စုရမှာ ကျေနပ်တတ်တဲ့အဒေါ်ကြီးအုပ်စုနဲ့ တူနေပါပြီလေ။အခုလိုဖြစ်ရပ်ကြောင့် အဆိုပါအမျိုးသမီးလည်း နောက်ပိုင်း စပ်စုပြီး အတင်းအဖျင်းပြောရတာကို ရှောင်ရှားနိုင်လိမ့်မယ်လို့ မျှော်လင့်မိတယ်ဗျာ။

Mia (Mckzone Daily)

Be the first to comment on "အိမ္နီးခ်င္းအေၾကာင္းကို ခိုးနားေထာင္ရင္း သံပန္းတံခါးၾကား ေခါင္းခံသြားလို႔ ၅နာရီၾကာမွျပန္ထုတ္ႏိုင္ခဲ့တဲ့ အမ်ိဳးသမီး"

Leave a comment

Your email address will not be published.


*