ထမင္းေမ့ဟင္းေမ့ေအာင္ game ေဆာ့တတ္တဲ့သားျဖစ္သူကို စိတ္ပူၿပီး ကိုယ္တိုင္ ထမင္းခြံေကြၽးေနခဲ့တဲ့ မိခင္(႐ုပ္သံ)

ဖိလစ္ပိုင္ႏိုင္ငံမွ အသက္ ၁၃ ႏွစ္အ႐ြယ္ Carlito Garcia အမည္ရွိ ေကာင္ေလးတစ္ဦးဟာ “Survival of Rules” လို႔ေခၚတဲ့ onlineဂိမ္းတစ္ခုကို အလြန္အၾကဴးစြဲလမ္းေနခဲ့ပါတယ္။ထို႔ေၾကာင့္ Carlito ရဲ႕အေမျဖစ္သူ Lilybeth Marvel Garcia အမည္ရွိအမ်ိဳးသမီးက သူမသားဟာ သူအႀကိဳက္ဆုံးဂိမ္းကစားတဲ့အခါ ထမင္းေတာင္မစားႏိုင္ေတာ့တာေၾကာင့္ သူမက သားအတြက္ အလြန္စိတ္ပူေၾကာင္း ေျပာၾကားခဲ့ပါတယ္။၎အျဖစ္ေၾကာင့္ စိတ္ပူတတ္လြန္းတဲ့အေမနဲ႔သားျဖစ္သူတို႔ရဲ႕ ဗီဒီယိုတစ္ခုက social media မွာ လူသိမ်ားသြားခဲ့ပါတယ္။Carlito က “Survival of Rules”ဆိုတဲ့ onlineဂိမ္းတစ္ခုကိုကစားတိုင္း သူ႔ရဲ႕ကြန္ပ်ဴတာေရွ႕ကေန ဘယ္ေနရာမွကို ဖင္မထေ႐ြ႕ေတာ့တာေၾကာင့္ အေမျဖစ္သူက ထမင္းေကြၽးဖို႔ သားရွိရာဂိမ္းဆိုင္သို႔ ထမင္းပန္းကန္ကို ကိုယ္တိုင္မလာၿပီး Carlitoကို ထမင္းခြံေကြၽးေနခဲ့ပါတယ္။

Carlito က သူ႔အေမခြံေကြၽးလိုက္တဲ့ထမင္းကိုစားဖို႔ ပါးစပ္သာဟလိုက္ေပမဲ့လည္း သူ႔မ်က္လုံးေတြကေတာ့ ကြန္ပ်ဴတာဖန္သားျပင္ေပၚကိုသာစိုက္ၾကည့္ေနၿပီး သူ႔လက္ကလည္း ကီးဘုတ္ေပၚမွာဘဲေ႐ြ႕လ်ားေနတာကို ျမင္ေတြ႕ၾကရမွာပါ။အေမျဖစ္တဲ့Lilybeth ကလည္း သားျဖစ္သူက ေနာက္ေန႔အထိ ထမင္းမစားမွာကို အလြန္အမင္းစိုးရိမ္ပူပန္ပုံပါဘဲ။၎အခိုက္အတန႔္ကို႐ိုက္ကူးထားတဲ့ ဗီဒီယိုကလည္း gamer ေတြၾကား အိုးေလးတေက်ာ္ျဖစ္သြားခဲ့ရပါေသးတယ္။

Carlito ရဲ႕ဂိမ္းအေပၚစြဲလမ္းမႈက လြန္ခဲ့တဲ့ ၂ ႏွစ္ကတည္းက စတင္ခဲ့ေၾကာင္း Lilybeth ကေျပာျပခဲ့ၿပီး“ Carlito က ေက်ာင္းပထမႏွစ္မွာ သူ႔ရဲ႕ဘာသာရပ္အားလုံးကို မေအာင္ျမင္ခဲ့ပါဘူး ၊ ကြၽန္မနဲ႔သူစကားေျပာၾကည့္ေတာ့ သူက ေနာက္တစ္ႀကိမ္ ပိုေကာင္းေအာင္ႀကိဳးစားမယ္လို႔ ကတိေပးခဲ့ေပမဲ့ ဒုတိယႏွစ္ေရာက္လာေတာ့လည္း သူက အတန္းပုံမွန္မတက္ေတာ့ျပန္ဘူး ”လို႔ ထပ္မံေျပာျပခဲ့ပါေသးတယ္။သို႔ေပမဲ့ သူမက ၎ဗီဒီယိုမွာ သားျဖစ္သူက လူအမ်ားထံမွ မုန္းတီးတဲ့မွတ္ခ်က္မ်ားစြာေပးခဲ့ၾကတာေၾကာင့္ မူရင္းဗီဒီယိုကိုဖ်က္ပစ္လိုက္ရပါတယ္။ထို႔ေနာက္ Lilybeth က ၎ဗီဒီယိုက ၿပဳံးရယ္ႏိုင္ဖို႔အတြက္သာျဖစ္ေၾကာင္း ႏွင့္ ၎ကို အေလးအနက္ မထားေစလိုေၾကာင္း စတဲ့ သတင္းစကားကို Facebook မွာ ျပန္လည္ မွ်ေဝခဲ့ရပါတယ္။ၾကည့္ပုံအရ အေမျဖစ္သူက ေပ်ာ္ေပ်ာ္ေနတတ္တဲ့လူစားျဖစ္မယ့္ပုံပါဘဲ။

1

2

Mia (Mckzone Daily)

Source : elitereaders

Unicode

ဖိလစ်ပိုင်နိုင်ငံမှ အသက် ၁၃ နှစ်အရွယ် Carlito Garcia အမည်ရှိ ကောင်လေးတစ်ဦးဟာ “Survival of Rules” လို့ခေါ်တဲ့ onlineဂိမ်းတစ်ခုကို အလွန်အကြူးစွဲလမ်းနေခဲ့ပါတယ်။ထို့ကြောင့် Carlito ရဲ့အမေဖြစ်သူ Lilybeth Marvel Garcia အမည်ရှိအမျိုးသမီးက သူမသားဟာ သူအကြိုက်ဆုံးဂိမ်းကစားတဲ့အခါ ထမင်းတောင်မစားနိုင်တော့တာကြောင့် သူမက သားအတွက် အလွန်စိတ်ပူကြောင်း ပြောကြားခဲ့ပါတယ်။

Carlito က သူ့အမေခွံကျွေးလိုက်တဲ့ထမင်းကိုစားဖို့ ပါးစပ်သာဟလိုက်ပေမဲ့လည်း သူ့မျက်လုံးတွေကတော့ ကွန်ပျူတာဖန်သားပြင်ပေါ်ကိုသာစိုက်ကြည့်နေပြီး သူ့လက်ကလည်း ကီးဘုတ်ပေါ်မှာဘဲရွေ့လျားနေတာကို မြင်တွေ့ကြရမှာပါ။အမေဖြစ်တဲ့Lilybeth ကလည်း သားဖြစ်သူက နောက်နေ့အထိ ထမင်းမစားမှာကို အလွန်အမင်းစိုးရိမ်ပူပန်ပုံပါဘဲ။၎င်းအခိုက်အတန့်ကိုရိုက်ကူးထားတဲ့ ဗီဒီယိုကလည်း gamer တွေကြား အိုးလေးတကျော်ဖြစ်သွားခဲ့ရပါသေးတယ်။

Carlito ရဲ့ဂိမ်းအပေါ်စွဲလမ်းမှုက လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက စတင်ခဲ့ကြောင်း Lilybeth ကပြောပြခဲ့ပြီး“ Carlito က ကျောင်းပထမနှစ်မှာ သူ့ရဲ့ဘာသာရပ်အားလုံးကို မအောင်မြင်ခဲ့ပါဘူး ၊ ကျွန်မနဲ့သူစကားပြောကြည့်တော့ သူက နောက်တစ်ကြိမ် ပိုကောင်းအောင်ကြိုးစားမယ်လို့ ကတိပေးခဲ့ပေမဲ့ ဒုတိယနှစ်ရောက်လာတော့လည်း သူက အတန်းပုံမှန်မတက်တော့ပြန်ဘူး ”လို့ ထပ်မံပြောပြခဲ့ပါသေးတယ်။သို့ပေမဲ့ သူမက ၎င်းဗီဒီယိုမှာ သားဖြစ်သူက လူအများထံမှ မုန်းတီးတဲ့မှတ်ချက်များစွာပေးခဲ့ကြတာကြောင့် မူရင်းဗီဒီယိုကိုဖျက်ပစ်လိုက်ရပါတယ်။

Mia (Mckzone Daily)

  • Leave a Comment