ဝမ္းခ်ဳပ္လို႔ အီးအညႇစ္လြန္ၿပီး လြန္ခဲ့တဲ့ ၁၀ႏွစ္အၾကာကအတိတ္ကို ေမ့ေလ်ာ့သြားခဲ့ရတဲ့ အမ်ိဳးသမီး

ကြၽန္ေတာ္တို႔ အသက္တာမွာ လ်စ္လ်ဴရႈထားႏိုင္တဲ့အရာမ်ားစြာရွိပါတယ္။သို႔ေပမဲ့ ကြၽန္ေတာ္တို႔ ခႏၶာကိုယ္ကေတာ့ ၎အရာေတြထဲမွ တစ္ခုမဟုတ္ေနပါဘူး။ဝမ္းခ်ဳပ္ျခင္းကို လူတိုင္းေတာ့ ဘဝမွာတစ္ႀကိမ္မက ႀကဳံဖူးၾကမွာပါ။၎က သင့္ကို စိတ္ရႈပ္ေထြးေစၿပီး မသက္မသာျဖစ္ေစတာေၾကာင့္ ေကာင္းတဲ့ခံစားခ်က္တစ္ခုမဟုတ္ေနပါဘူး။ဝမ္းခ်ဳပ္ျခင္းကို ကိုင္တြယ္ဖို႔ နည္းလမ္းမ်ားစြာရွိပါတယ္။သို႔ေပမဲ့ ေဟာင္ေကာင္ႏိုင္ငံရွိ အမ်ိဳးသမီးတစ္ဦးကေတာ့ ဝမ္းခ်ဳပ္ျခင္းေၾကာင့္ ဆယ္စုႏွစ္တစ္စုရဲ႕မွတ္ဥာဏ္ဆုံးရႈံးသြားမႈကို ခံစားခဲ့ရပါတယ္။သားျဖစ္သူရဲ႕အဆိုအရ သူ႔မိခင္ဟာ ႏွစ္ပတ္အၾကာ ဝမ္းခ်ဳပ္ေနခဲ့ၿပီး ေနာက္ဆုံး အိမ္သာထဲမွာ ၎ကိစၥကို ေျဖရွင္းႏိုင္ခဲ့ေပမဲ့ မိခင္ျဖစ္သူဟာ အတိတ္ေမ့တဲ့ေရာဂါကို ႐ုတ္တရက္ခံစားခဲ့ရေၾကာင္း ဆိုခဲ့ပါတယ္။မိသားစုဝင္ေတြက သူမဟာ လြန္ခဲ့တဲ့ ၁၀ႏွစ္တာကာလအတြင္း ျဖစ္ပ်က္ခဲ့သမွ်ကို ေမ့သြားေၾကာင္းကို ေတြ႕ရွိခဲ့ရၿပီး သူမဟာ ပုံမွန္အသိစိတ္တိုင္းျပန္ျဖစ္ဖို႔ အခ်ိန္ ၈နာရီၾကာသြားရခဲ့ပါတယ္။

စိတ္ပူေနတဲ့မိသားစုက သူမဦးေႏွာက္မွာ တစ္ခုခုျဖစ္သြားမွာကို စိုးရိမ္ၿပီး ေဆး႐ုံပို႔ခဲ့ေပမဲ့ ဆရာဝန္ေတြက သူမအားစစ္ေဆးၾကည့္တဲ့အခါ သူမရဲ႕ဦးေႏွာက္ဟာ ပုံမွန္လည္ပတ္ေနတာကို ေတြ႕ရွိခဲ့ရပါတယ္။သူမဟာ ၈နာရီအၾကာမွာ ဘာေၾကာင့္အိမ္သာထဲသြားခဲ့ရတဲ့အေၾကာင္းကို မမွတ္မိခဲ့ပါဘူး။ထို႔ေနာက္ ဆရာဝန္ေတြကလည္း သူမမွာျပႆနာအေထြေထြအထူးထူးမရွိတာေၾကာင့္ ေဆး႐ုံဆင္းခြင့္ျပဳခဲ့ၾကပါတယ္။သူမရဲ႕အျဖစ္ကို အာ႐ုံေၾကာပါရဂူတစ္ဦးက ဝမ္းခ်ဳပ္ျခင္းျပႆနာမ်ားေၾကာင့္ ျဖစ္ရေၾကာင္းဆိုခဲ့ပါတယ္။တစ္ကယ္လည္း ဝမ္းခ်ဳပ္ေနစဥ္အတြင္း အလြန္အကြၽံအားထုတ္သုံးျခင္းက ဦးေႏွာက္သို႔ ေအာက္စီဂ်င္မလိုေလာက္ျခင္းကို ျဖစ္ေပၚေစပါတယ္။ဝမ္းခ်ဳပ္လို႔အီးညႇစ္လြန္းလို႔ သူမဟာ အတိတ္ေမ့ေရာဂါခံစားရမလို ျဖစ္ခဲ့ရပါတယ္။ဒါေၾကာင့္ ဝမ္းခ်ဳပ္တိုင္းလည္း မေကာင္းတာမို႔ စာဖတ္သူတို႔လည္း အထူးသတိထားၾကပါဗ်ာ။

Mia (Mckzone Daily)

Source : elitereaders

Unicode

ကျွန်တော်တို့ အသက်တာမှာ လျစ်လျူရှုထားနိုင်တဲ့အရာများစွာရှိပါတယ်။သို့ပေမဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်ကတော့ ၎င်းအရာတွေထဲမှ တစ်ခုမဟုတ်နေပါဘူး။ဝမ်းချုပ်ခြင်းကို လူတိုင်းတော့ ဘဝမှာတစ်ကြိမ်မက ကြုံဖူးကြမှာပါ။၎င်းက သင့်ကို စိတ်ရှုပ်ထွေးစေပြီး မသက်မသာဖြစ်စေတာကြောင့် ကောင်းတဲ့ခံစားချက်တစ်ခုမဟုတ်နေပါဘူး။ဝမ်းချုပ်ခြင်းကို ကိုင်တွယ်ဖို့ နည်းလမ်းများစွာရှိပါတယ်။သို့ပေမဲ့ ဟောင်ကောင်နိုင်ငံရှိ အမျိုးသမီးတစ်ဦးကတော့ ဝမ်းချုပ်ခြင်းကြောင့် ဆယ်စုနှစ်တစ်စုရဲ့မှတ်ဥာဏ်ဆုံးရှုံးသွားမှုကို ခံစားခဲ့ရပါတယ်။သားဖြစ်သူရဲ့အဆိုအရ သူ့မိခင်ဟာ နှစ်ပတ်အကြာ ဝမ်းချုပ်နေခဲ့ပြီး နောက်ဆုံး အိမ်သာထဲမှာ ၎င်းကိစ္စကို ဖြေရှင်းနိုင်ခဲ့ပေမဲ့ မိခင်ဖြစ်သူဟာ အတိတ်မေ့တဲ့ရောဂါကို ရုတ်တရက်ခံစားခဲ့ရကြောင်း ဆိုခဲ့ပါတယ်။မိသားစုဝင်တွေက သူမဟာ လွန်ခဲ့တဲ့ ၁၀နှစ်တာကာလအတွင်း ဖြစ်ပျက်ခဲ့သမျှကို မေ့သွားကြောင်းကို တွေ့ရှိခဲ့ရပြီး သူမဟာ ပုံမှန်အသိစိတ်တိုင်းပြန်ဖြစ်ဖို့ အချိန် ၈နာရီကြာသွားရခဲ့ပါတယ်။

စိတ်ပူနေတဲ့မိသားစုက သူမဦးနှောက်မှာ တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်ပြီး ဆေးရုံပို့ခဲ့ပေမဲ့ ဆရာဝန်တွေက သူမအားစစ်ဆေးကြည့်တဲ့အခါ သူမရဲ့ဦးနှောက်ဟာ ပုံမှန်လည်ပတ်နေတာကို တွေ့ရှိခဲ့ရပါတယ်။သူမဟာ ၈နာရီအကြာမှာ ဘာကြောင့်အိမ်သာထဲသွားခဲ့ရတဲ့အကြောင်းကို မမှတ်မိခဲ့ပါဘူး။ထို့နောက် ဆရာဝန်တွေကလည်း သူမမှာပြဿနာအထွေထွေအထူးထူးမရှိတာကြောင့် ဆေးရုံဆင်းခွင့်ပြုခဲ့ကြပါတယ်။သူမရဲ့အဖြစ်ကို အာရုံကြောပါရဂူတစ်ဦးက ဝမ်းချုပ်ခြင်းပြဿနာများကြောင့် ဖြစ်ရကြောင်းဆိုခဲ့ပါတယ်။တစ်ကယ်လည်း ဝမ်းချုပ်နေစဉ်အတွင်း အလွန်အကျွံအားထုတ်သုံးခြင်းက ဦးနှောက်သို့ အောက်စီဂျင်မလိုလောက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ဝမ်းချုပ်လို့အီးညှစ်လွန်းလို့ သူမဟာ အတိတ်မေ့ရောဂါခံစားရမလို ဖြစ်ခဲ့ရပါတယ်။ဒါကြောင့် ဝမ်းချုပ်တိုင်းလည်း မကောင်းတာမို့ စာဖတ်သူတို့လည်း အထူးသတိထားကြပါဗျာ။

Mia (Mckzone Daily)

Be the first to comment on "ဝမ္းခ်ဳပ္လို႔ အီးအညႇစ္လြန္ၿပီး လြန္ခဲ့တဲ့ ၁၀ႏွစ္အၾကာကအတိတ္ကို ေမ့ေလ်ာ့သြားခဲ့ရတဲ့ အမ်ိဳးသမီး"

Leave a comment

Your email address will not be published.


*