ကြင္းထိုးဖိနပ္စီးၿပီး မနက္ေစာေစာစီးစီး စက္ေလွကားမွာ ေျခေထာက္တစ္ဖက္လံုးညႇပ္ေနခဲ့တဲ့ အမ်ိဳးသား

စက္ေလွကားစီးမယ္ဆိုရင္ အျမဲသတိဝီရိယထားသင့္တယ္ဆိုတာ အျမဲမ်က္ျမင္ကိုယ္ေတြ႔ေတြ႔႐ွိေနၾကတာပါပဲေလ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံ ၊ Kuala Lumpur ၿမိဳ႕မွာ႐ွိတဲ့ Shopping mall တစ္ခုမွာ အမ်ိဳးသားတစ္ဦးဟာ ကြင္းထိုးဖိနပ္ေၾကာင့္ သူ၏ညာဖက္ေျခေထာက္တစ္ခုလံုးစက္ေလွကားထဲညႇပ္သြားခဲ့ၿပီး က်ိဳးေၾကခဲ့တဲ့ အျဖစ္အပ်က္မ်ိဳးျဖစ္ခဲ့ပါတယ္ ။ ဒီအျဖစ္အပ်က္က မေန႔က ( ႏိုဝင္ဘာလ 3ရက္ေန႔) မွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး စက္ေလွကားအဆင္းဖက္ကေန ေျမေပၚသို႔အဆင္းမွာ ျဖစ္ပြားခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

အားလံုးသိၾကတဲ့အတိုင္းပဲ ကြင္းထိုးဖိနပ္အေတာ္မ်ားမ်ားဟာ ပါးလြန္းတဲ့အတြက္ဒီလိုမေတာ္တဆမႈမ်ိဳး အျဖစ္မ်ားေလ့႐ွိပါတယ္ ။ ထို႔ျပင္ တစ္ခ်က္ေလးသတိလက္လြတ္ျဖစ္မိလိုက္တာနဲ႔ ဖိနပ္ေကာ ၊ ေျခေထာက္ပါ စက္ေလွကာထဲညႇပ္ဝင္သြားၿပီး ေအာက္ဖက္အတြင္းထဲသို႔ ဆြဲဆုတ္သြားတဲ့ အထိပါပဲ ။ ထို႔ေၾကာင့္ အသက္ 49ႏွစ္အရြယ္ အဆိုပါအမ်ိဳးသားမွာလဲ ကြင္းထိုးဖိနပ္ကေနစၿပီး စက္ေလွကားအတြင္းသို႔စဝင္သြားၿပီး ညာဖက္ေျခေထာက္တစ္ခုလံုးပါ စက္ေလွကားအတြင္းသို႔ညႇပ္ဝင္သြားခဲ့ပါတယ္ ။

အေရးေပၚမီးသတ္ ႏွင့္ ကယ္ဆယ္ေရးအဖြဲ႔႐ွိ တာဝန္႐ွိသူေတြရဲ႕ေျပာျပခ်က္အရ အဆိုပါေန႔က မနက္ 10:01 အခ်ိန္မွာ တိုင္းၾကားခ်က္ကိုလက္ခံရ႐ွိခဲ့ၿပီးေနာက္ ခ်က္ခ်င္းအခင္းျဖစ္ပြားရာ ေနရာသို႔ အေရာက္သြားခဲ့ရပါတယ္ ။ စက္ေလွကားထဲကေန ညႇပ္ေနခဲ့တဲ့ေျခေထာက္ကိုထုတ္ေပးတဲ့ ကယ္ဆယ္ေရးလုပ္ငန္းဟာ အခ်ိန္တစ္နာရီဝန္းက်င္ခန္႔ၾကာျမင့္ခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔အျပင္ ညႇပ္ေနခဲ့ေသာအဆိုပါအမ်ိဳးသား၏ေျခေထာက္မွာ အကုန္က်ိဳးေၾကသြားသည့္အျပင္ ခ်က္ခ်င္းေဆးရံု သို႔ပို႔ေဆာင္ၿပီး ကုသမႈခံယူေစခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

စက်လှေကားစီးမယ်ဆိုရင် အမြဲသတိဝီရိယထားသင့်တယ်ဆိုတာ အမြဲမျက်မြင်ကိုယ်တွေ့တွေ့ရှိနေကြတာပါပဲလေ ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ ၊ Kuala Lumpur မြို့မှာရှိတဲ့ Shopping mall တစ်ခုမှာ အမျိုးသားတစ်ဦးဟာ ကွင်းထိုးဖိနပ်ကြောင့် သူ၏ညာဖက်ခြေထောက်တစ်ခုလုံးစက်လှေကားထဲညှပ်သွားခဲ့ပြီး ကျိုးကြေခဲ့တဲ့ အဖြစ်အပျက်မျိုးဖြစ်ခဲ့ပါတယ် ။ ဒီအဖြစ်အပျက်က မနေ့က ( နိုဝင်ဘာလ 3ရက်နေ့) မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး စက်လှေကားအဆင်းဖက်ကနေ မြေပေါ်သို့အဆင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

အားလုံးသိကြတဲ့အတိုင်းပဲ ကွင်းထိုးဖိနပ်အတော်များများဟာ ပါးလွန်းတဲ့အတွက်ဒီလိုမတော်တဆမှုမျိုး အဖြစ်များလေ့ရှိပါတယ် ။ ထို့ပြင် တစ်ချက်လေးသတိလက်လွတ်ဖြစ်မိလိုက်တာနဲ့ ဖိနပ်ကော ၊ ခြေထောက်ပါ စက်လှေကာထဲညှပ်ဝင်သွားပြီး အောက်ဖက်အတွင်းထဲသို့ ဆွဲဆုတ်သွားတဲ့ အထိပါပဲ ။ ထို့ကြောင့် အသက် 49နှစ်အရွယ် အဆိုပါအမျိုးသားမှာလဲ ကွင်းထိုးဖိနပ်ကနေစပြီး စက်လှေကားအတွင်းသို့စဝင်သွားပြီး ညာဖက်ခြေထောက်တစ်ခုလုံးပါ စက်လှေကားအတွင်းသို့ညှပ်ဝင်သွားခဲ့ပါတယ် ။

အရေးပေါ်မီးသတ် နှင့် ကယ်ဆယ်ရေးအဖွဲ့ရှိ တာဝန်ရှိသူတွေရဲ့ပြောပြချက်အရ အဆိုပါနေ့က မနက် 10:01 အချိန်မှာ တိုင်းကြားချက်ကိုလက်ခံရရှိခဲ့ပြီးနောက် ချက်ချင်းအခင်းဖြစ်ပွားရာ နေရာသို့ အရောက်သွားခဲ့ရပါတယ် ။ စက်လှေကားထဲကနေ ညှပ်နေခဲ့တဲ့ခြေထောက်ကိုထုတ်ပေးတဲ့ ကယ်ဆယ်ရေးလုပ်ငန်းဟာ အချိန်တစ်နာရီဝန်းကျင်ခန့်ကြာမြင့်ခဲ့ကြောင်း သိရှိရပါတယ် ။ ထို့အပြင် ညှပ်နေခဲ့သောအဆိုပါအမျိုးသား၏ခြေထောက်မှာ အကုန်ကျိုးကြေသွားသည့်အပြင် ချက်ချင်းဆေးရုံ သို့ပို့ဆောင်ပြီး ကုသမှုခံယူစေခဲ့ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ကြင္းထိုးဖိနပ္စီးၿပီး မနက္ေစာေစာစီးစီး စက္ေလွကားမွာ ေျခေထာက္တစ္ဖက္လံုးညႇပ္ေနခဲ့တဲ့ အမ်ိဳးသား"

Leave a comment

Your email address will not be published.


*