ကိုဗစ္ကာလအတြင္း ၁၀လသားအ႐ြယ္ကေလးအား အသည္းလႉဒါန္းေပးဖို႔ မိုင္ ၂,၀၀၀ ခရီးႏွင္ခဲ့တဲ့ အဘိုး

Jacob Cooper အမည္ရွိ ၁၀ လသားအ႐ြယ္ကေလးငယ္ေလးဟာ biliary atresia လို႔ေခၚတဲ့ရွားပါးၿပီးအႏၲရာယ္မ်ားတဲ့ အသည္းေရာဂါနဲ႔ေမြးဖြားလာခဲ့ပါတယ္။ Jacob ဟာ California ႏိုင္ငံ Los Angeles ၿမိဳ႕ရွိကေလးေဆး႐ုံမွာ အစားထိုးခြဲစိတ္ကုသမႈအတြက္ ေတာင့္ခံေနခဲ့ရပါတယ္။ဆရာဝန္မ်ားက Jacob ရဲ႕မိဘေတြျဖစ္တဲ့ Chad ႏွင့္ Aileen တို႔အား သူအသက္ရွင္ႏိုင္ရန္အတြက္ အသည္းအစားထိုးကုသမႈလိုအပ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။Jacob ဟာ Biliary atresia ေရာဂါအျပင္ အသက္ရႉလမ္းေၾကာင္းကေရာဂါကူးစက္မႈေၾကာင့္ သူ႔ရဲ႕က်န္းမားေရးအေျခအေနက က်ဆင္းၿပီး အေတာ္ေလးဆိုး႐ြားလာခဲ့ပါတယ္။ဖခင္ျဖစ္တဲ့ Chad ဟာ သားျဖစ္သူကို သူ႔အသည္းေပးဖို႔ တြန႔္ဆုတ္မေနခဲ့ေပမဲ့လည္း အသည္းက Jacob ႏွင့္မကိုက္ညီခဲ့သလို မိခင္ျဖစ္တဲ့ Aileen နဲ႔လည္း မကိုက္ညီေနခဲ့ပါဘူး။

ဝမ္းနည္းေၾကကြဲေနတဲ့မိဘမ်ားက စတင္ၿပီးထိတ္လန႔္တုန္လႈပ္ေနခဲ့ၾကပါတယ္။Jacob အတြက္ အသက္အႏၲရာယ္ရွိတာေၾကာင့္ ဆရာဝန္ေတြကလည္း အတတ္ႏိုင္ဆုံး အလႉရွင္ကို အျမန္ရွာေဖြခဲ့ၾကရပါတယ္။ရက္သတၱပတ္အနည္းငယ္ရွာေဖြၿပီးေနာက္ ခြဲစိတ္ဆရာဝန္ေတြက ေနာက္ဆုံးမွာ Jacob ႏွင့္ သင့္ေတာ္တဲ့ အလႉရွင္တစ္ေယာက္ကို ေတြ႕ရွိခဲ့ရပါတယ္။သို႔ေပမဲ့ Michael Speck အမည္ရွိအဆိုပါအလႉရွင္အဘိုးက မိုင္ ၂,၀၀၀ နီးပါးေဝးတဲ့ႏိုင္ငံတစ္ႏိုင္မွာေနထိုင္တာေၾကာင့္ ျပႆနာအနည္းငယ္ရွိေနခဲ့ပါတယ္။ 2020 ခုႏွစ္ ေအာက္တိုဘာလတုန္းက coronavirus ေရာဂါကူးစက္မႈေၾကာင့္ ခရီးသြားလာကန႔္သတ္ျခင္း ႏွင့္ က်န္းမာေရးလမ္းၫႊန္ခ်က္မ်ားက အျမင့္ဆုံးအေျခအေနမွာရွိေနခဲ့တာပါ။

သို႔ေပမဲ့ အဆိုပါအလႉရွင္အဘိုးက ကမာၻအႏွံ႔အျပားမွာ ျဖစ္ပြါးတဲ့ကူးစက္ေရာဂါရွိေနခဲ့တာေတာင္မွ Jacob ေလးရဲ႕အသက္ကို ကယ္တင္ေပးဖို႔ ဘယ္အရာကမွ သူ႔ကို မတားဆီးႏိုင္ဘဲ မိုင္ ၂,၀၀၀ နီးပါးရွိတဲ့ခရီးကို ျဖတ္သန္းၿပီး Jacob ေလးရွိတဲ့ ေဆး႐ုံကို အေရာက္သြားခဲ့ပါတယ္။ Michael Speck အား လူအမ်ားက လူ႔အသက္တစ္ေခ်ာင္းကို ကယ္တင္ဖို႔ ဘယ္အရာဘဲျဖစ္ေနပါေစ တြန္႔ဆုတ္ျခင္းမရွိတဲ့အျပင္ ကူးစက္ေရာဂါကာလအတြင္းေတာင္မေရွာင္ ကေလးေလးဆီ ခရီးအေရာက္သြားခဲ့တာေၾကာင့္ လတ္တေလာ social media မွာ သူ႔အေၾကာင္း ခ်ီးက်ဴးစကားမ်ားနဲ႔ျပည့္ႏွက္ေနလ်က္ရွိပါတယ္။

1

2

3

4

Mia (Mckzone Daily)

Source : littlethings

Unicode

Jacob Cooper အမည်ရှိ ၁၀ လသားအရွယ်ကလေးငယ်လေးဟာ biliary atresia လို့ခေါ်တဲ့ရှားပါးပြီးအန္တရာယ်များတဲ့ အသည်းရောဂါနဲ့မွေးဖွားလာခဲ့ပါတယ်။ Jacob ဟာ California နိုင်ငံ Los Angeles မြို့ရှိကလေးဆေးရုံမှာ အစားထိုးခွဲစိတ်ကုသမှုအတွက် တောင့်ခံနေခဲ့ရပါတယ်။

ဝမ်းနည်းကြေကွဲနေတဲ့မိဘများက စတင်ပြီးထိတ်လန့်တုန်လှုပ်နေခဲ့ကြပါတယ်။Jacob အတွက် အသက်အန္တရာယ်ရှိတာကြောင့် ဆရာဝန်တွေကလည်း အတတ်နိုင်ဆုံး အလှူရှင်ကို အမြန်ရှာဖွေခဲ့ကြရပါတယ်။ရက်သတ္တပတ်အနည်းငယ်ရှာဖွေပြီးနောက် ခွဲစိတ်ဆရာဝန်တွေက နောက်ဆုံးမှာ Jacob နှင့် သင့်တော်တဲ့ အလှူရှင်တစ်ယောက်ကို တွေ့ရှိခဲ့ရပါတယ်။

သို့ပေမဲ့ အဆိုပါအလှူရှင်အဘိုးက ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပွါးတဲ့ကူးစက်ရောဂါရှိနေခဲ့တာတောင်မှ Jacob လေးရဲ့အသက်ကို ကယ်တင်ပေးဖို့ ဘယ်အရာကမှ သူ့ကို မတားဆီးနိုင်ဘဲ မိုင် ၂,၀၀၀ နီးပါးရှိတဲ့ခရီးကို ဖြတ်သန်းပြီး Jacob လေးရှိတဲ့ ဆေးရုံကို အရောက်သွားခဲ့ပါတယ်။ Michael Speck အား လူအများက လူ့အသက်တစ်ချောင်းကို ကယ်တင်ဖို့ ဘယ်အရာဘဲဖြစ်နေပါစေ တွန့်ဆုတ်ခြင်းမရှိတဲ့အပြင် ကူးစက်ရောဂါကာလအတွင်းတောင်မရှောင် ကလေးလေးဆီ ခရီးအရောက်သွားခဲ့တာကြောင့် လတ်တလော social media မှာ သူ့အကြောင်း ချီးကျူးစကားများနဲ့ပြည့်နှက်နေလျက်ရှိပါတယ်။

Mia (Mckzone Daily)

  • Leave a Comment