1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
Mia (Mckzone Daily)
Source : boredpanda
Unicode
Self taught ဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ Krutik Thaler ဟာ ၂၀၁၇ခုနှစ်ကတည်းက ဓာတ်ပုံပညာကို ပါတနာပါလာခဲ့ပြီး ကင်မရာမရှိတော့ သူငယ်ချင်းတွေထံ တစ်ပတ်မှာ နှစ်ကြိမ် ဌားရမ်းရင်း ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်ခဲ့ရပါတယ်။၂၀၁၉ ခုနှစ်မှာတော့ ကင်မရာတစ်လုံးဝယ်နိုင်ခဲ့ပြီး ညနေဆည်းဆာအလှကို သဘောကျတဲ့ Krutik ဟာ သူ့ပညာကို နောက်တစ်ဆင့်တိုးစေဖို့ ကြိုးစားရင်း နေဝင်ဆည်းဆာအလှကို လူတွေရဲ့နေ့စဉ်ပြုမူတဲ့အပြုအမူပုံစံတူတဲ့ပန်းချီကားအဖြစ် ဖန်တီးပြီး စုဆောင်းထားခဲ့ပါတယ်။အခုတော့ Krutik က သူ့ရဲ့နေဝင်ဆည်းဆာအလှဓာတ်ပုံတွေကို ထုတ်ပြလိုက်ပါပြီ။အဆိုပါဓာတ်ပုံတွေရဖို့ သူဟာ DSLR ၊photoshop နဲ့ Premiere Pro အကြောင်းကို YouTube မှာ လေ့လာပြီး ကိုယ်တိုင် စိန်ခေါ်မှုတစ်ခုအဖြစ် ပြောင်းလဲတာပါ။ဒီတော့ ညနေဆည်းဆာအလှနဲ့အတူ နေမင်းကြီးနဲ့ လူသားတို့ရဲ့သဘာဝကျကျ ဆက်နွယ်နေမှုတွေကို ပေါ်လွင်စေတဲ့ Krutik ရဲ့ဖန်တီးမှုအချို့ကို စာဖတ်သူတို့အဖို့ပါ ဖော်ပြပေးခဲ့လိုက်ပါတယ်။
Mia (Mckzone Daily)