ဖခင္ရဲ႕႐ုပ္အေလာင္းကို ကတိအတိုင္း ၈၉၃ သိန္းတန္ ကားအသစ္တစ္စီးျဖင့္ ေျမျမဳပ္သၿဂိဳလ္ေပးခဲ့တဲ့ အမ်ိဳးသား

Nigerianႏိုင္ငံသား အမ်ိဳးသားတစ္ဦးဟာ ဖခင္ျဖစ္သူရဲ႕႐ုပ္အေလာင္းကို ႐ိုးရာအေခါင္းတလားအစား BMW ကားအသစ္တစ္စီးထဲထည့္ၿပီး ေျမျမဳပ္သၿဂိဳလ္ေစခဲ့ပါတယ္။ Nigerianႏိုင္ငံ Ihiala ၿမိဳ႕ရွိ Azubuike အမည္ရွိတဲ့အဆိုပါအမ်ိဳးသားက သူတို႔ရဲ႕႐ိုးရာဓေလ့ကို ဆန္႔က်င္ၿပီး အခုလိုလုပ္ရျခင္းက ဖခင္ျဖစ္သူကို ဘဝတစ္ေလွ်ာက္ေကာင္းေကာင္းစီးႏိုင္မယ့္ ကားတစ္စီးဝယ္ေပးဖို႔ ကတိေပးခဲ့တာေၾကာင့္ ဖခင္ျဖစ္သူရဲ႕႐ုပ္အေလာင္းအား ေဒၚလာ ၆၆,၀၀၀ ( ၈၉၃သိန္း) တန္ဖိုးရွိတဲ့BMW ဇိမ္ခံကားအသစ္တစ္စီးျဖင့္ ေျမျမဳပ္သၿဂိဳလ္ေပးဖို႔ ဆုံးျဖတ္ခဲ့ေၾကာင္းဆိုခဲ့ပါတယ္။ Azubuikeရဲ႕အကုန္အက်မ်ားတဲ့စတန္႔နဲ႔ ဖခင္ျဖစ္သူကို ဂုဏ္ျပဳခဲ့ေပမဲ့ ကမာၻတစ္ဝွမ္းကလူေတြအတြက္ အထင္ႀကီးေလးစားစရာမရွိေစခဲ့ပါဘူး။

ဖခင္ျဖစ္သူရဲ႕အေခါင္းတလားအား Ihiala ၿမိဳ႕ကေန ေဝးလံေခါင္သီတဲ့ ႐ြာတစ္႐ြာရဲ႕ သၤခ်ိဳင္းတြင္းထဲသို႔ ေျမခ်ေပးေနတဲ့ဝတ္စုံအနက္နဲ႔လူတစ္စုရဲ႕ဓာတ္ပုံကို Zevi Gins အမည္ရွိအမ်ိဳးသားက Facebook ေပၚမွ်ေဝခဲ့ၿပီးေနာက္ ၎ျဖစ္ရပ္ဟာ Nigerian ႏိုင္ငံသားေတြရဲ႕အာ႐ုံကို ခ်က္ခ်င္းဖမ္းစားေစခဲ့ပါတယ္။လူတစ္ေယာက္က ၎ျဖစ္ရပ္က လူမည္းေတြရဲ႕ဂုဏ္ကို ျမင့္တင္ေပးေစေၾကာင္း ဆိုခဲ့ေပမဲ့ အခ်ိဳ႕က BMW ကားအပိုင္းအစေတြကို လိုခ်င္တဲ့သူခိုးေတြက ၎သခ်ႋဳင္းတြင္းကို ေဖာက္သြားလိမ့္မယ္လို႔ ဆိုခဲ့ၾကပါတယ္။

လူအခ်ိဳ႕ကေတာ့ ဒီေလာက္ေစ်းႀကီးတဲ့အသုဘအခမ္းအနားက တစ္ကယ္ေကာ ျဖစ္ပ်က္ခဲ့ရဲ႕လားလို႔ ေမးခြန္းထုတ္ေနခဲ့ၾကပါတယ္။သိုေပမဲ့ သတင္းအခ်က္အလက္ေတြအရ ၎ျဖစ္ရပ္က မွန္၊မမွန္ေသခ်ာမသိခဲ့ရသလို ေနာက္ဆုံး စ်ာပနာအခမ္းအနားအတြက္ သားျဖစ္သူမွ အတည္ျပဳၿပီး ႐ိုက္ကူးထားခဲ့တဲ့ဓာတ္ပုံကို ျပန္မွ်ေဝေပးခဲ့ျခင္းလည္းမရွိခဲ့ပါဘူး။ဘယ္လိုဘဲျဖစ္ျဖစ္ ကြယ္လြန္သြားခဲ့တဲ့ ဖခင္ကို ဂုဏ္ျပဳဖို႔အတြက္ တန္ဖိုးႀကီးကားထဲေျမျမဳပ္သၿဂိဳလ္ျခင္းေၾကာင့္ အလြန္ေဒါသထြက္ေနခဲ့ၾကတဲ့လူအခ်ိဳ႕လည္း ရွိေနခဲ့ပါတယ္။

Mia (Mckzone Daily)

Source : elitereaders

Unicode

Nigerianနိုင်ငံသား အမျိုးသားတစ်ဦးဟာ ဖခင်ဖြစ်သူရဲ့ရုပ်အလောင်းကို ရိုးရာအခေါင်းတလားအစား BMW ကားအသစ်တစ်စီးထဲထည့်ပြီး မြေမြုပ်သဂြိုလ်စေခဲ့ပါတယ်။ Nigerianနိုင်ငံ Ihiala မြို့ရှိ Azubuike အမည်ရှိတဲ့အဆိုပါအမျိုးသားက သူတို့ရဲ့ရိုးရာဓလေ့ကို ဆန့်ကျင်ပြီး အခုလိုလုပ်ရခြင်းက ဖခင်ဖြစ်သူကို ဘဝတစ်လျှောက်ကောင်းကောင်းစီးနိုင်မယ့် ကားတစ်စီးဝယ်ပေးဖို့ ကတိပေးခဲ့တာကြောင့် ဖခင်ဖြစ်သူရဲ့ရုပ်အလောင်းအား ဒေါ်လာ ၆၆,၀၀၀ ( ၈၉၃သိန်း) တန်ဖိုးရှိတဲ့BMW ဇိမ်ခံကားအသစ်တစ်စီးဖြင့် မြေမြုပ်သဂြိုလ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြောင်းဆိုခဲ့ပါတယ်။ Azubuikeရဲ့အကုန်အကျများတဲ့စတန့်နဲ့ ဖခင်ဖြစ်သူကို ဂုဏ်ပြုခဲ့ပေမဲ့ ကမ္ဘာတစ်ဝှမ်းကလူတွေအတွက် အထင်ကြီးလေးစားစရာမရှိစေခဲ့ပါဘူး။

ဖခင်ဖြစ်သူရဲ့အခေါင်းတလားအား Ihiala မြို့ကနေ ဝေးလံခေါင်သီတဲ့ ရွာတစ်ရွာရဲ့ င်္သချိုင်းတွင်းထဲသို့ မြေချပေးနေတဲ့ဝတ်စုံအနက်နဲ့လူတစ်စုရဲ့ဓာတ်ပုံကို Zevi Gins အမည်ရှိအမျိုးသားက Facebook ပေါ်မျှဝေခဲ့ပြီးနောက် ၎င်းဖြစ်ရပ်ဟာ Nigerian နိုင်ငံသားတွေရဲ့အာရုံကို ချက်ချင်းဖမ်းစားစေခဲ့ပါတယ်။လူတစ်ယောက်က ၎င်းဖြစ်ရပ်က လူမည်းတွေရဲ့ဂုဏ်ကို မြင့်တင်ပေးစေကြောင်း ဆိုခဲ့ပေမဲ့ အချို့က BMW ကားအပိုင်းအစတွေကို လိုချင်တဲ့သူခိုးတွေက ၎င်းသင်္ချိုင်းတွင်းကို ဖောက်သွားလိမ့်မယ်လို့ ဆိုခဲ့ကြပါတယ်။

လူအချို့ကတော့ ဒီလောက်စျေးကြီးတဲ့အသုဘအခမ်းအနားက တစ်ကယ်ကော ဖြစ်ပျက်ခဲ့ရဲ့လားလို့ မေးခွန်းထုတ်နေခဲ့ကြပါတယ်။သိုပေမဲ့ သတင်းအချက်အလက်တွေအရ ၎င်းဖြစ်ရပ်က မှန်၊မမှန်သေချာမသိခဲ့ရသလို နောက်ဆုံး စျာပနာအခမ်းအနားအတွက် သားဖြစ်သူမှ အတည်ပြုပြီး ရိုက်ကူးထားခဲ့တဲ့ဓာတ်ပုံကို ပြန်မျှဝေပေးခဲ့ခြင်းလည်းမရှိခဲ့ပါဘူး။ဘယ်လိုဘဲဖြစ်ဖြစ် ကွယ်လွန်သွားခဲ့တဲ့ ဖခင်ကို ဂုဏ်ပြုဖို့အတွက် တန်ဖိုးကြီးကားထဲမြေမြုပ်သဂြိုလ်ခြင်းကြောင့် အလွန်ဒေါသထွက်နေခဲ့ကြတဲ့လူအချို့လည်း ရှိနေခဲ့ပါတယ်။

Mia (Mckzone Daily)

Be the first to comment on "ဖခင္ရဲ႕႐ုပ္အေလာင္းကို ကတိအတိုင္း ၈၉၃ သိန္းတန္ ကားအသစ္တစ္စီးျဖင့္ ေျမျမဳပ္သၿဂိဳလ္ေပးခဲ့တဲ့ အမ်ိဳးသား"

Leave a comment

Your email address will not be published.


*