အိမ္စာကို လံုးဝနားမလည္တဲ့ သားျဖစ္သူေၾကာင့္ ႏွလံုးေဖာက္ကာ အသက္ေသဆံုးေတာ့မဲ့အျဖစ္မ်ိဳးနဲ႔ၾကံဳေတြ႔ခဲ့ရတဲ့ မိခင္

ကိုယ္ေတြငယ္ငယ္တုန္းကလို အိမ္စာၿပီးေအာင္ ေသေသခ်ာခ်ာမလုပ္ရင္ မိဘေတြရဲ႕ဆူပူမႈေတြကိုအျမဲခံခဲ့ရသလိုပါပဲ ။ သို႔ေပမဲ့လည္း ကိုယ့္ရဲ႕အိမ္စာတြက္ခ်က္နည္းေတြကို သင္ျပေပးရလို႔ မိဘေတြႏွလံုးေဖာက္ၿပီး အသက္အႏၱရာယ္ေရာက္ေလာက္တဲ့အျဖစ္မ်ိဳးထိ ျဖစ္ပ်က္ခဲ့တာကိုေတာ့ မျမင္ဖူးပါဘူး ။ ဒါေပမဲ့ တ႐ုတ္ႏိုင္ငံ Hubei ျပည္နယ္မွာ႐ွိတဲ့ အသက္36ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ေယာက္ကေတာ့ သူမရဲ႕သားျဖစ္သူရဲ႕အိမ္စာကို ကူလုပ္ေပးရင္း ႏွလံုးေဖာက္ကာ အသက္ေသဆံုးေတာ့မည့္အေျခအေနမ်ိဳးနဲ႔ၾကံဳခဲ့ရပါတယ္ ။ Wang အမည္႐ွိတဲ့ အဆိုပါအမ်ိဳးသမီးဟာ တတိယတန္းအရြယ္သားရဲ႕ပညာေရးကိုအျမဲလိုလိုပါဝင္ကူညီေစာင့္ၾကည့္ေပးၿပီး သားျဖစ္သူရဲ႕အိမ္စာကိုလည္း ညတိုင္း တြက္ခ်က္သင္ျပေပးေလ့႐ွိပါတယ္ ။

သို႔ေပမဲ့လည္း တစ္ညမွာေတာ့ သူမရဲ႕သားျဖစ္သူဟာ သခ်ၤာပုစာၦကိုလံုးဝမတြက္ခ်က္တတ္တဲ့အတြက္ သူမကိုအေတာ္ေလး စိတ္အေႏွာင့္အယွက္ျဖစ္သြားေစခဲ့ပါတယ္ ။ ” ကြၽန္မ သူ႔ကိုအႀကိမ္ေပါင္းမ်ားစြာ ႐ွင္းျပတယ္ ၊ ဒါေပမဲ့ သူကအဆံုးထိ အေျဖမွန္မထြက္လာခဲ့ဘူး ၊ ကြၽန္မစၿပီး စိတ္တိုလာခဲ့ၿပီး ေနာက္ဆံုးမွာေတာ့ လံုးဝေပါက္ကြဲသြားခဲ့ပါတယ္ ။ ႐ုတ္တရက္ ကြၽန္မပ်ာယာခတ္သြားခဲ့ၿပီး အသက္မ႐ႈႏိုင္ေတာ့ေလာက္တဲ့အထိ ျဖစ္သြားခဲ့ရပါတယ္ ။ အဲတာနဲ႔ ကြၽန္မေယာက်ၤားကိုျမန္ျမန္ေဆးရံုေခၚသြားေပးဖို႔ ေျပာခဲ့ရတယ္ ” ဆိုၿပီး သူမရဲ႕အျဖစ္အပ်က္ကို ေျပာျပခဲ့ပါတယ္ ။

Ms.Wang ကိုကုသေပးခဲ့တဲ့ ဆရာဝန္ရဲ႕ေျပာဆိုခ်က္အရ သူမရဲ႕စိတ္လႈပ္႐ွားမႈေတြဟာ အေတာ္ေလးလြန္ကဲသြားခဲ့လို႔ ယခုကဲ့သို႔ ႏွလံုးေဖာက္တဲ့အျဖစ္အပ်က္မ်ိဳး ျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး ၊ ခ်က္ခ်င္းကုသမႈမ်ိဳးမျပဳလုပ္ပါက အသက္ေသဆံုးရႏိုင္ေၾကာင္း ႐ွင္းျပခဲ့ပါတယ္ ။ ” ဒီလို အျဖစ္မ်ိဳးက ငယ္ရြယ္ေသးတဲ့ မိဘေတြမွာ အျဖစ္မ်ားေလ့႐ွိတယ္ ၊ က်န္းမာေရ မညီၫြတ္တာေတြ အဲ့လိုေတြနဲ႔မဆိုင္ပဲ စိတ္ပိုင္းဆိုင္ရာအေျခအေနေတြေၾကာင့္ ျဖစ္ပ်က္ခဲ့တာပါ ၊ ဒီလိုလူနာအမ်ားစုကေတာ့ ငယ္ရြယ္ေသးတဲ့မိခင္ေတြပါပဲ ” ဆိုၿပီး ေျပာျပခဲ့ပါေသးတယ္ ။ ထို႔ေၾကာင့္မိခင္ေတြဟာ သားသမီးေတြရဲ႕ပညာေရးေတြနဲ႔ပက္သက္လာရင္ ပိုၿပီးပါဝင္ကူညီေလ့႐ွိတဲ့အျပင္ ၊ သားသမီးရဲ႕အေျခအေနကိုသိ႐ွိၿပီး ေနာင္လာေနာင္ေရးေတြအတြက္ စိုးရိမ္ပူပန္လြန္းလို႔ ယခုကဲ့သို႔ေသာ အျဖစ္အပ်က္မ်ိဳး ျဖစ္ပ်က္ခဲ့ၾကတာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔အျပင္ Wang မွာ ယခုအခ်ိန္ထိေဆးရံုေပၚတြင္ ေဆးကုသမႈခံယူေနေသးလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုယ်တွေငယ်ငယ်တုန်းကလို အိမ်စာပြီးအောင် သေသေချာချာမလုပ်ရင် မိဘတွေရဲ့ဆူပူမှုတွေကိုအမြဲခံခဲ့ရသလိုပါပဲ ။ သို့ပေမဲ့လည်း ကိုယ့်ရဲ့အိမ်စာတွက်ချက်နည်းတွေကို သင်ပြပေးရလို့ မိဘတွေနှလုံးဖောက်ပြီး အသက်အန္တရာယ်ရောက်လောက်တဲ့အဖြစ်မျိုးထိ ဖြစ်ပျက်ခဲ့တာကိုတော့ မမြင်ဖူးပါဘူး ။ ဒါပေမဲ့ တရုတ်နိုင်ငံ Hubei ပြည်နယ်မှာရှိတဲ့ အသက်36နှစ်အရွယ် အမျိုးသမီးတစ်ယောက်ကတော့ သူမရဲ့သားဖြစ်သူရဲ့အိမ်စာကို ကူလုပ်ပေးရင်း နှလုံးဖောက်ကာ အသက်သေဆုံးတော့မည့်အခြေအနေမျိုးနဲ့ကြုံခဲ့ရပါတယ် ။ Wang အမည်ရှိတဲ့ အဆိုပါအမျိုးသမီးဟာ တတိယတန်းအရွယ်သားရဲ့ပညာရေးကိုအမြဲလိုလိုပါဝင်ကူညီစောင့်ကြည့်ပေးပြီး သားဖြစ်သူရဲ့အိမ်စာကိုလည်း ညတိုင်း တွက်ချက်သင်ပြပေးလေ့ရှိပါတယ် ။

သို့ပေမဲ့လည်း တစ်ညမှာတော့ သူမရဲ့သားဖြစ်သူဟာ သင်္ချာပုစ္ဆာကိုလုံးဝမတွက်ချက်တတ်တဲ့အတွက် သူမကိုအတော်လေး စိတ်အနှောင့်အယှက်ဖြစ်သွားစေခဲ့ပါတယ် ။ ” ကျွန်မ သူ့ကိုအကြိမ်ပေါင်းများစွာ ရှင်းပြတယ် ၊ ဒါပေမဲ့ သူကအဆုံးထိ အဖြေမှန်မထွက်လာခဲ့ဘူး ၊ ကျွန်မစပြီး စိတ်တိုလာခဲ့ပြီး နောက်ဆုံးမှာတော့ လုံးဝပေါက်ကွဲသွားခဲ့ပါတယ် ။ ရုတ်တရက် ကျွန်မပျာယာခတ်သွားခဲ့ပြီး အသက်မရှုနိုင်တော့လောက်တဲ့အထိ ဖြစ်သွားခဲ့ရပါတယ် ။ အဲတာနဲ့ ကျွန်မယောင်္ကျားကိုမြန်မြန်ဆေးရုံခေါ်သွားပေးဖို့ ပြောခဲ့ရတယ် ” ဆိုပြီး သူမရဲ့အဖြစ်အပျက်ကို ပြောပြခဲ့ပါတယ် ။

Ms.Wang ကိုကုသပေးခဲ့တဲ့ ဆရာဝန်ရဲ့ပြောဆိုချက်အရ သူမရဲ့စိတ်လှုပ်ရှားမှုတွေဟာ အတော်လေးလွန်ကဲသွားခဲ့လို့ ယခုကဲ့သို့ နှလုံးဖောက်တဲ့အဖြစ်အပျက်မျိုး ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ ချက်ချင်းကုသမှုမျိုးမပြုလုပ်ပါက အသက်သေဆုံးရနိုင်ကြောင်း ရှင်းပြခဲ့ပါတယ် ။ ” ဒီလို အဖြစ်မျိုးက ငယ်ရွယ်သေးတဲ့ မိဘတွေမှာ အဖြစ်များလေ့ရှိတယ် ၊ ကျန်းမာရေ မညီညွတ်တာတွေ အဲ့လိုတွေနဲ့မဆိုင်ပဲ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကြောင့် ဖြစ်ပျက်ခဲ့တာပါ ၊ ဒီလိုလူနာအများစုကတော့ ငယ်ရွယ်သေးတဲ့မိခင်တွေပါပဲ ” ဆိုပြီး ပြောပြခဲ့ပါသေးတယ် ။ ထို့ကြောင့်မိခင်တွေဟာ သားသမီးတွေရဲ့ပညာရေးတွေနဲ့ပက်သက်လာရင် ပိုပြီးပါဝင်ကူညီလေ့ရှိတဲ့အပြင် ၊ သားသမီးရဲ့အခြေအနေကိုသိရှိပြီး နောင်လာနောင်ရေးတွေအတွက် စိုးရိမ်ပူပန်လွန်းလို့ ယခုကဲ့သို့သော အဖြစ်အပျက်မျိုး ဖြစ်ပျက်ခဲ့ကြတာဖြစ်ကြောင်း သိရှိရပါတယ် ။ ထို့အပြင် Wang မှာ ယခုအချိန်ထိဆေးရုံပေါ်တွင် ဆေးကုသမှုခံယူနေသေးလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အိမ္စာကို လံုးဝနားမလည္တဲ့ သားျဖစ္သူေၾကာင့္ ႏွလံုးေဖာက္ကာ အသက္ေသဆံုးေတာ့မဲ့အျဖစ္မ်ိဳးနဲ႔ၾကံဳေတြ႔ခဲ့ရတဲ့ မိခင္"

Leave a comment

Your email address will not be published.


*