မ်ိဳးစိတ္ခ်င္းမတူေပမဲ့ အေရာင္အဆင္းကတူေနတဲ့အျပင္ သူငယ္ခ်င္းေကာင္းေတြပါျဖစ္ေနၾကတဲ့ တိရိစာၦန္ေလးေတြ

သူငယ္ခ်င္းေကာင္းအားလုံးေတြက တူညီေနၾကတာမဟုတ္သလို ၎အခ်က္ကလည္း သူတို႔အတြက္မလိုအပ္ပါဘူး။အခုလည္း ဒီတိရိစာၦန္ သုံးမ်ိဳးကေတာ့ မ်ိဳးစိတ္ခ်င္းမတူေပမဲ့ စိတ္ခ်င္းဆက္ၿပီး သူငယ္ခ်င္းေကာင္းေတြျဖစ္ေနၾကပါတယ္။သိုေပမဲ့ သူတို႔မွာ ပိုထူးျခားတာက ပုံပန္းသ႑ာန္ခ်င္းမတူၾကေပမဲ့ အေရာင္အဆင္းကြက္ေတြက တူညီေနၾကပါတယ္။၁၀ ႏွစ္အ႐ြယ္ Nevada လို႔ေခၚတဲ့ျမင္း ၊ ၆ ႏွစ္အ႐ြယ္ Napoleon လို႔ေခၚတဲ့ ျမည္း နဲ႔ ၂ႏွစ္အ႐ြယ္ Dalmatian Jack Sparrow လို႔ေခၚတဲ့ေခြးေလးတို႔ဟာ အ႐ြယ္အစား ၊မ်ိဳးစိတ္ နဲ႔ အေလ့အထေတြ မတူၾကေပမဲ့ သူငယ္ခ်င္းေကာင္းေတြျဖစ္ေၾကာင္း Greetje Arends-Hakvoort အမည္ရွိ၎တို႔ရဲ႕သခင္က ဆိုခဲ့ၿပီး သူမမွာ အဆိုပါတိရိစာၦန္ေလးေတြအပါအဝင္ Jolie Lune Arends အမည္ရွိတဲ့သမီးေလးပါရွိေနပါတယ္။ေခြးေလးနဲ႔ သမီးျဖစ္သူက တစ္ခ်ိန္တည္းေမြးလာခဲ့တာေၾကာင့္ သူတို႔အခ်င္းခ်င္းကလည္း သူငယ္ခ်င္းေကာင္းေတြျဖစ္ၾကပါတယ္။ Greetje နဲ႔ သမီးျဖစ္သူတို႔ဟာ မနက္ခင္းတိုင္း သူတို႔ရဲ႕အိမ္ေမြးတိရိစာၦန္မိသားစုနဲ႔အတူ အၿမဲလမ္းေလွ်ာက္ထြက္ေလ့ရွိပါတယ္။အခုလို သူတို႔ေလးေတြဟာ မ်ိဳးစိတ္ခ်င္းမတူေပမဲ့ သူငယ္ခ်င္းေကာင္းေတြျဖစ္ေနရျခင္းရဲ႕အဓိကေသာ့ခ်က္က ယုံၾကည္မႈဘဲျဖစ္ေၾကာင္း Greetje က ဆိုခဲ့ပါေသးတယ္။ဒီေတာ့ မ်ိဳးစိတ္ခ်င္းမတူေပမဲ့ စိတ္တူကိုယ္တူရွိၿပီး အထူးသျဖင့္ ခႏၶာကိုယ္အေရာင္ အဆင္းကြက္ၾကားေလးေတြနဲ႔ ရင္သပ္ရႈေမာဖြယ္ေကာင္းေနတဲ့ တိရိစာၦန္သုံးေကာင္ေလးတို႔ရဲ႕ ပုံရိပ္ေတြကို စာဖတ္သူတို႔အဖို႔ ေဖာ္ျပေပးခဲ့လိုက္ပါတယ္ေနာ္။

1

2

3

4

5

6

7

8

9

10

Mia (Mckzone Daily)

Source : cheezburger

Unicode

သူငယ်ချင်းကောင်းအားလုံးတွေက တူညီနေကြတာမဟုတ်သလို ၎င်းအချက်ကလည်း သူတို့အတွက်မလိုအပ်ပါဘူး။အခုလည်း ဒီတိရိစ္ဆာန် သုံးမျိုးကတော့ မျိုးစိတ်ချင်းမတူပေမဲ့ စိတ်ချင်းဆက်ပြီး သူငယ်ချင်းကောင်းတွေဖြစ်နေကြပါတယ်။သိုပေမဲ့ သူတို့မှာ ပိုထူးခြားတာက ပုံပန်းသဏ္ဍာန်ချင်းမတူကြပေမဲ့ အရောင်အဆင်းကွက်တွေက တူညီနေကြပါတယ်။၁၀ နှစ်အရွယ် Nevada လို့ခေါ်တဲ့မြင်း ၊ ၆ နှစ်အရွယ် Napoleon လို့ခေါ်တဲ့ မြည်း နဲ့ ၂နှစ်အရွယ် Dalmatian Jack Sparrow လို့ခေါ်တဲ့ခွေးလေးတို့ဟာ အရွယ်အစား ၊မျိုးစိတ် နဲ့ အလေ့အထတွေ မတူကြပေမဲ့ သူငယ်ချင်းကောင်းတွေဖြစ်ကြောင်း Greetje Arends-Hakvoort အမည်ရှိ၎င်းတို့ရဲ့သခင်က ဆိုခဲ့ပြီး သူမမှာ အဆိုပါတိရိစ္ဆာန်လေးတွေအပါအဝင် Jolie Lune Arends အမည်ရှိတဲ့သမီးလေးပါရှိနေပါတယ်။ခွေးလေးနဲ့ သမီးဖြစ်သူက တစ်ချိန်တည်းမွေးလာခဲ့တာကြောင့် သူတို့အချင်းချင်းကလည်း သူငယ်ချင်းကောင်းတွေဖြစ်ကြပါတယ်။ Greetje နဲ့ သမီးဖြစ်သူတို့ဟာ မနက်ခင်းတိုင်း သူတို့ရဲ့အိမ်မွေးတိရိစ္ဆာန်မိသားစုနဲ့အတူ အမြဲလမ်းလျှောက်ထွက်လေ့ရှိပါတယ်။အခုလို သူတို့လေးတွေဟာ မျိုးစိတ်ချင်းမတူပေမဲ့ သူငယ်ချင်းကောင်းတွေဖြစ်နေရခြင်းရဲ့အဓိကသော့ချက်က ယုံကြည်မှုဘဲဖြစ်ကြောင်း Greetje က ဆိုခဲ့ပါသေးတယ်။ဒီတော့ မျိုးစိတ်ချင်းမတူပေမဲ့ စိတ်တူကိုယ်တူရှိပြီး အထူးသဖြင့် ခန္ဓာကိုယ်အရောင် အဆင်းကွက်ကြားလေးတွေနဲ့ ရင်သပ်ရှုမောဖွယ်ကောင်းနေတဲ့ တိရိစ္ဆာန်သုံးကောင်လေးတို့ရဲ့ ပုံရိပ်တွေကို စာဖတ်သူတို့အဖို့ ဖော်ပြပေးခဲ့လိုက်ပါတယ်နော်။

Mia (Mckzone Daily)

  • Leave a Comment