ဆံပင္ပံုစံပ်က္မွာေၾကာက္ၿပီး ဆိုင္ကယ္ဦးထုပ္မေဆာင္တဲ့အျပင္ မီးနီပါျဖတ္ေမာင္းခဲ့တဲ့ အမ်ိဳးသားရဲ႕ အဆံုးသတ္ (႐ုပ္သံ)

ဆိုင္ကယ္ေမာင္းတဲ့အခ်ိန္ ဆိုင္ကယ္ဦးထုပ္မေဆာင္းတာက စည္းကမ္းမလိုက္နာတဲ့လုပ္ရပ္ျဖစ္တဲ့အျပင္ မီးနီကိုျဖတ္ေမာင္းတာကလည္း စည္းကမ္းခ်ိဳးေဖာက္တာပါပဲ ။ ထို႔ေၾကာင့္ တစ္ခ်ိန္တည္းမွာပဲ ဆိုင္ကယ္ဦးထုပ္လည္းမေဆာင္းဘူး ၊ မီးနီလည္းျဖတ္ေမာင္းမယ္ဆိုရင္ေတာ့ ေတာ္ေတာ္ေလးကိုစြန္႔စားရာက်ေနၿပီး ကိုယ္ရဲ႕အသက္အႏၱရာယ္အတြက္လည္း စိုးရိမ္ရပါတယ္ ။ Twitter ေပၚမွာ ေဝမ်ွထားခဲ့တဲ့ video တစ္ခုမွာေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာလ 19ရက္ေန႔ ၊ ေန႔ခင္း 12 နာရီအခ်ိန္မွာ အမ်ိဳးသားတစ္ေယာက္ဟာ ဆိုင္ကယ္ေမာင္းေနစဥ္ ဆိုင္ကယ္ဦးထုပ္မေဆာင္းတဲ့အျပင္ မီးနီကိုပါျဖတ္ေမာင္းခဲ့တဲ့အတြက္ အ႐ွိန္ျပင္းလြန္းတဲ့ယာဥ္မေတာ္တဆမႈ တစ္ခုျဖစ္ပြားခဲ့ရပါတယ္ ။

Video ရဲ႕အစပိုင္းတစ္ခုမွာေတာ့ မေလး႐ွားႏိုင္ငံရဲ႕ ယာဥ္အသြားအလာေတြနဲ႔႐ႈပ္ေထြးလြန္းတဲ့ လမ္းဆံုကမီးပြိဳင့္တစ္ခုမွာ အမ်ိဳးသားတစ္ေယာက္ဟာ ဆိုင္ကယ္ေမာင္းေနရင္ မီးနီလို႔ မီပြိဳင့္အနားမွာ ရပ္ေနခဲ့ပါတယ္ ။ ထို႔ေနာက္ သူ႔၏ဆိုင္ကယ္ မွန္ကေနဆံပင္ပံုစံကိုအႀကိမ္ႀကိမ္စစ္ေဆးၿပီး အေရးႀကီးေနဟန္ျဖင့္ တစ္ဦးဦးကိုသြားေရာက္ေတြ႔ဆံုမည့္ပံုရပါတယ္ ။ သို႔ေပမဲ့ ထိုအခ်ိန္တြင္ မီးနီေသးေပမဲ့လည္း ယာဥ္အသြားအလာအနည္းငယ္႐ွင္းသြားခဲ့၍ အဆိုပါအမ်ိဳးသားဟာ ဆိုင္ကယ္ေမာင္းထြက္သြားခဲ့ပါတယ္ ။

ထို႔ေနာက္ လမ္းတစ္ဖက္အေရာက္ ေဘးဖက္ေတြမၾကည့္ပဲေမာင္းႏွင္ေနတုန္း လမ္း၏ဘယ္ဖက္မွ ဆိုင္ကယ္တစ္စီးမွာ အ႐ွိန္ျဖင့္ေမာင္းႏွင္လာတုန္း အ႐ွိန္မထိန္ႏိုင္ခဲ့၍ တိုက္မိခဲ့ၿပီး အျခားဆိုင္ကယ္သမားမွာ လမ္းမွန္ေပမဲ့လည္း အေဝးသို႔အ႐ွိန္ျဖင့္လြင့္ထြက္သြားခဲ့ပါတယ္ ။ အခ်ိန္အနည္းငယ္ၾကာတဲ့အခ်ိန္မထ ႏိုင္ေသးတာကိုၾကည့္ျခင္းအားျဖင့္ အေတာ္ေလးကိုထိခိုက္ဒဏ္ရာရ႐ွိခဲ့ၾကပံုရပါတယ္ ။ ထို႔ေၾကာင့္မိမိကိုယ့္ကို ကာကြယ္ၿပီးအႏၱရာယ္ကင္းႏိုင္ဖို႔ ဆိုင္ကယ္ေမာင္းလ်ွင္ ဆိုင္ကယ္ဦးထုပ္ေဆာင္းၿပီး ၊ ယာဥ္စည္းကမ္းလိုက္နာၾကဖို႔ သတိေပးေျပာဆိုလိုက္ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဆိုင်ကယ်မောင်းတဲ့အချိန် ဆိုင်ကယ်ဦးထုပ်မဆောင်းတာက စည်းကမ်းမလိုက်နာတဲ့လုပ်ရပ်ဖြစ်တဲ့အပြင် မီးနီကိုဖြတ်မောင်းတာကလည်း စည်းကမ်းချိုးဖောက်တာပါပဲ ။ ထို့ကြောင့် တစ်ချိန်တည်းမှာပဲ ဆိုင်ကယ်ဦးထုပ်လည်းမဆောင်းဘူး ၊ မီးနီလည်းဖြတ်မောင်းမယ်ဆိုရင်တော့ တော်တော်လေးကိုစွန့်စားရာကျနေပြီး ကိုယ်ရဲ့အသက်အန္တရာယ်အတွက်လည်း စိုးရိမ်ရပါတယ် ။ Twitter ပေါ်မှာ ဝေမျှထားခဲ့တဲ့ video တစ်ခုမှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ 19ရက်နေ့ ၊ နေ့ခင်း 12 နာရီအချိန်မှာ အမျိုးသားတစ်ယောက်ဟာ ဆိုင်ကယ်မောင်းနေစဉ် ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့အပြင် မီးနီကိုပါဖြတ်မောင်းခဲ့တဲ့အတွက် အရှိန်ပြင်းလွန်းတဲ့ယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့ရပါတယ် ။

Video ရဲ့အစပိုင်းတစ်ခုမှာတော့ မလေးရှားနိုင်ငံရဲ့ ယာဉ်အသွားအလာတွေနဲ့ရှုပ်ထွေးလွန်းတဲ့ လမ်းဆုံကမီးပွိုင့်တစ်ခုမှာ အမျိုးသားတစ်ယောက်ဟာ ဆိုင်ကယ်မောင်းနေရင် မီးနီလို့ မီပွိုင့်အနားမှာ ရပ်နေခဲ့ပါတယ် ။ ထို့နောက် သူ့၏ဆိုင်ကယ် မှန်ကနေဆံပင်ပုံစံကိုအကြိမ်ကြိမ်စစ်ဆေးပြီး အရေးကြီးနေဟန်ဖြင့် တစ်ဦးဦးကိုသွားရောက်တွေ့ဆုံမည့်ပုံရပါတယ် ။ သို့ပေမဲ့ ထိုအချိန်တွင် မီးနီသေးပေမဲ့လည်း ယာဉ်အသွားအလာအနည်းငယ်ရှင်းသွားခဲ့၍ အဆိုပါအမျိုးသားဟာ ဆိုင်ကယ်မောင်းထွက်သွားခဲ့ပါတယ် ။

ထို့နောက် လမ်းတစ်ဖက်အရောက် ဘေးဖက်တွေမကြည့်ပဲမောင်းနှင်နေတုန်း လမ်း၏ဘယ်ဖက်မှ ဆိုင်ကယ်တစ်စီးမှာ အရှိန်ဖြင့်မောင်းနှင်လာတုန်း အရှိန်မထိန်နိုင်ခဲ့၍ တိုက်မိခဲ့ပြီး အခြားဆိုင်ကယ်သမားမှာ လမ်းမှန်ပေမဲ့လည်း အဝေးသို့အရှိန်ဖြင့်လွင့်ထွက်သွားခဲ့ပါတယ် ။ အချိန်အနည်းငယ်ကြာတဲ့အချိန်မထ နိုင်သေးတာကိုကြည့်ခြင်းအားဖြင့် အတော်လေးကိုထိခိုက်ဒဏ်ရာရရှိခဲ့ကြပုံရပါတယ် ။ ထို့ကြောင့်မိမိကိုယ့်ကို ကာကွယ်ပြီးအန္တရာယ်ကင်းနိုင်ဖို့ ဆိုင်ကယ်မောင်းလျှင် ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး ၊ ယာဉ်စည်းကမ်းလိုက်နာကြဖို့ သတိပေးပြောဆိုလိုက်ရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဆံပင္ပံုစံပ်က္မွာေၾကာက္ၿပီး ဆိုင္ကယ္ဦးထုပ္မေဆာင္တဲ့အျပင္ မီးနီပါျဖတ္ေမာင္းခဲ့တဲ့ အမ်ိဳးသားရဲ႕ အဆံုးသတ္ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*