သဘာဝအတိုင်းဖြစ်နေတဲ့ အသည်းပုံ Amethyst Geode ကျောက်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ မိုင်းတွင်းလုပ်သားများ
1
2
Mia (Mckzone Daily)
Source : elitereaders
Unicode
စိန်၊ ပတ္တမြား၊ မြ တို့နှင့်နှိုင်းယှဉ်ပါက Amethyst Geode ကျောက်က အဖိုးတန်တဲ့ရှာဖွေတွေ့ရှိမှုမဟုတ်ပေမဲ့ Uruguay နိုင်ငံရှိ Brazil နယ်စပ်အနီးမှာတည်ရှိတဲ့ Artigas မြို့ရှိ Uruguay Minerals သတ္တုတွင်းအသစ်မှာ အလုပ်လုပ်ကိုင်နေတဲ့ သတ္တုတွင်းအလုပ်သမားတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အသည်းနှလုံးပုံသဏ္ဍန် Amethyst Geode ကတော့ တစ်သက်သာမှာတစ်ကြိမ်သာတွေ့ရနိုင်တယ်လို့ သတ်မှတ်လို့ရပါတယ်။Marcos Lorenzelli အမည်ရှိမိုင်းတွင်းလုပ်သားတစ်ဦး က သတ္တုတွင်းအလုပ်က သူတို့အတွက် ပုံမှန်အလုပ်ဖြစ်ကြောင်းနှင့် ၎င်းဧရိယာမှာ ထူးခြားဆန်းပြားတဲ့ကျောက်တွေကို ပိုမိုရှာဖွေကြည့်ဖို့ ခွင့်ပြုချက်ရခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
နှစ်နာရီ ၊ သုံးနာရီ အကြာတူးပြီးနောက် သူတို့ဟာ basalt ကျောက်တုံးကိုရွေ့လျားခဲ့ပြီး ကျောက်တူးစက်ဖြင့် ခွဲကြည့်လိုက်တဲ့အခါ နှလုံးပုံသဏ္ဌာန် Amethyst geode ကိုတွေ့ရှိခဲ့ရတယ်လို့ Lorenzelli က ဆိုပါတယ်။သူတို့ဟာ Mother Nature ကပေးတဲ့အံ့ဩဖွယ်ရာဖန်တီးမှုတစ်ခုကိုတွေ့ရှိခဲ့တာက သိပ့်ကိုကံကောင်းတယ်လို့ ဆိုရမှာပါ။ Amethyst Geodes ကျောက်တွေက အရွယ်အစားအမျိုးမျိုးနှင့်ပုံစံအမျိုးမျိုးရှိပေမဲ့လည်း အခု Amethyst Geodes ကျောက်ရဲ့ထူးခြားမှုကိုတော့ သင် ငြင်းပယ်နိုင်မှာမဟုတ်ပါဘူး။
Uruguay Minerals သတ္တုတွင်းက အဆိုပါအံ့ဩဖွယ်တွေ့ရှိချက်ကို သူတို့ Website နှင့် social media တွေမှာ ချက်ချင်းမျှဝေပေးခဲ့ပြီးနောက် တုံ့ပြန်မှုများကလည်းမျှော်လင့်ထားတဲ့အတိုင်းဘဲ ဖြစ်လာခဲ့ပါတယ်။အဆိုပါ သတ္တုတွင်းကုမ္ပဏီဟာ သူတို့ရှာဖွေတွေ့ရှိခဲ့တဲ့ အသည်းနှလုံးပုံသဏ္ဍန်ကျောက်အပါအဝင် အခြားကျောက်သလင်းများစွာကို အမှတ်တရသိမ်းဆည်းထားဖို့နဲ့ အလှပြထားဖို့အတွက် အချောသတ်ပြီး ထုတ်လုပ်ပေးခဲ့ပါတယ်။
Mia (Mckzone Daily)
Be the first to comment on "သဘာဝအတိုင်းဖြစ်နေတဲ့ အသည်းပုံ Amethyst Geode ကျောက်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ မိုင်းတွင်းလုပ်သားများ"
Leave a comment
Your email address will not be published.
*