ခေတ္တမှေးချင်တဲ့ လူတွေအတွက် အဆင်ပြေစေမယ့် လျှာရှည်ကြီးနဲ့ ပိုကီမွန်ခေါင်းအုံး
1
2
3
4
5
6
7
8
Mia (Mckzone Daily)
Source : worldofbuzz
Unicode
ဂျပန်နိုင်ငံမှာရှိတဲ့ Pokemon Company နဲ့ P-Bandai တို့ ပူးပေါင်ပြီး တစ်မူထူးခြားတဲ့ လျှာရှည်ကြီးနဲ့ ပိုကီမွန်ပုံစံခေါင်းအုံးကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီပိုကီမွန်ခေါင်းအုံးလေးရဲ့ အရှည်က ၁၇၀စင်တီမီတာရှိပြီး အကျယ်ကျတော့ ၅၃စင်တီမီတာရှိပါတယ်။ ခေတ္တအနားယူအိပ်စက်ချင်တဲ့ လူတွေအတွက် ခေါင်းလေးကို ပိုကီမွန်ပါးစပ်ထဲထည့်ပြီး ခန္ဓာကိုယ်ကိုကျ‌တော့ ပိုကီမွန်လျှာပြားပေါ်မှာလဲလျောင်း အနားယူနိုင်ပါတယ်။ ပိုကီမွန်ပါးစပ်အတွင်းပိုင်းက ချောမွေ့ပြီး သင့်ကို စူးရှတဲ့အလင်းတွေ၊ ဘေးပတ်ဝန်းကျင်က ထွက်လာတဲ့ဆူညံသံတွေကို ကာကွယ်ပေးနိုင်လို့ သင်အေးအေးချမ်းချမ်းနဲ့ အိပ်စက်အနားယူနိုင်ပါတယ်။ နောက်ပြီး ပိုကီမွန်ရဲ့ လျှာရှည်ကြီးက လိမ့်ထားတဲ့မွေ့ယာလိုပါဘဲ ကြမ်းပြင်ပေါ်ခင်းပြီးအိပ်စက်နိုင်ပါတယ်။ ခေါင်းအုံးရဲ့ စျေးနှုန်းကတော့ မထင်ထားလောက်အောင် စျေးအရမ်းကြီးနေပြီး (RM 1000) တောင်ပေးရပါတယ်။
Mia (Mckzone Daily)
Be the first to comment on "ခေတ္တမှေးချင်တဲ့ လူတွေအတွက် အဆင်ပြေစေမယ့် လျှာရှည်ကြီးနဲ့ ပိုကီမွန်ခေါင်းအုံး"
Leave a comment
Your email address will not be published.
*