ထူးထူးဆန်းဆန်းငှက်ပျောသီးပေါ် ပန်းပုရုပ် ထုလုပ်သူ


1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

Mia (Mckzone Daily)

Source : buzznicked

Unicode

တစ်ခါမှမကြားဖူးတဲ့ ငှက်ပျောပန်းပုပညာက မယုံနိုင်စရာအလှတွေကို ပေးစွမ်းနိုင်ပါတယ်။ နောက်တစ်မျိုးက အဲ့ဒီငှက်ပျော်ပန်းပုပညာကို နှစ်သက်စဖွယ်အနုပညာလို့လည်း ခေါ်ပါသေးတယ်။ Keisuke Yamada လို့အမည်ရှိတဲ့ သူတစ်ဦးဟာ ငှက်ပျောသီးပန်းပုကို ၂၀၁၁ ခုနှစ်မှာ ပထမဆုံး လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ Yamada က ငှက်ပျောသီးရောင်းဝယ်ဖောက်ကားတဲ့အလုပ်ကို လုပ်ခဲ့ပြီး ရောင်းမကုန်တဲ့ ငှက်ပျောသီးတွေက အလကားပုပ်သိုးသွားကြပါတယ်။ အဲ့ဒီလိုနဲ့ ငှက်ပျောသီးတွေ အခွံညိုမသွားခင် ပျော့မသွားခင်အချိန်တွေမှာ အကုန်ရောင်းနိုင်ဖို့ စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ နောက်တော့ Yamada က ငှက်ပျောသီးပန်းပုလုပ်ဖို့ အကြံရလာခဲ့ပါတယ်။Keisuke Yamada က ဇွန်းနဲ့တူ တွေကိုသာ အသုံးပြုပြီး ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့တွေကတော့ ငှက်ပျောသီးတစ်လုံးကို ပန်းပုထုလုပ်ဖို့တစ်ခါမှ မစဉ်းစားခဲ့ဖူးပါဘူး။ အခု ခင်ဗျားမှာ ငှက်ပျောသီးတွေရှိတယ်ဆိုရင် စမ်းလုပ်ကြည့်နိုင်ပါတယ်။ ငှက်ပျောသီးရဲ့ အသားက အရမ်းကို ကျိုးလွယ်ပါတယ်။ နောက်ပြီး ငှက်ပျောသားကို တစ်ခုခုမှားလုပ်ပြီးဆိုရင် ပြန်ပြင်လို့မရတော့ပါဘူး။ Keisuke Yamada က ငှက်ပျောသားတွေနဲ့ ရှေ့ဆက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ ပုံစံတွေနဲ့ ပြုလုပ်သွားအုန်းမယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်ကတော့ Keisuke ရဲ့ နောက်ထပ်ဘယ်လို လှပတဲ့ ငှက်ပျောပန်းပု ရုပ်ပုံတွေ ထပ်ပြီးချပြမယ့်အချိန်ကို စောင့်မျှော်ရင်း စိတ်လှုပ်ရှားနေပါပြီ။ ငှက်ပျောသီးချစ်သူတွေအတွက်လည်း Keisukeရဲ့ ငှက်ပျောပန်းပုလက်ရာတွေကို မျှဝေပေးလိုက်ပါတယ်။

Mia (Mckzone Daily)

  • Leave a Comment