KFC ကို တစ္ပတ္တိတိစားၿပီးေနာက္ ကိုယ္အေလးခ်ိန္က်သြားခဲ့တယ္ဆိုတဲ့ အမ်ိဳးသား

အဆီပိုမ်ားတဲ့ခႏၶာကိုယ္အဆီကို ေအာင္ျမင္စြာ ဖယ္ရွားႏိုင္တဲ့ လူေယာက္စီတိုင္းကို ေမးၾကည့္ရင္ လူတိုင္းက ၎အဆီေတြကို ဖယ္ရွားဖို႔ ေလ့က်င့္ခန္းကို ခက္ခက္ခဲခဲလုပ္ရၿပီး အစားအေသာက္ေတြလည္း ဆင္ျခင္ရေၾကာင္း ေျဖၾကပါလိမ့္မယ္။ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ျခင္းက ႏွလုံးအားနည္းတဲ့လူေတြအတြက္ မေကာင္းေပမဲ့ ေနာက္ဆုံး ဇြဲေကာင္းေကာင္းနဲ႔ ေရရွည္လုပ္ႏိုင္သူမွသာ အေလးခ်ိန္က်သြားၾကပါတယ္။သို႔ေပမဲ့ အဂၤလန္ႏိုင္ငံရွိ အမ်ိဳးသားတစ္ဦးက KFC ၾကက္ေၾကာ္ကို တစ္ပတ္တိတိစားေတာ့ သူ႔ရဲ႕ကိုယ္အေလးခ်ိန္က သိသိသာသာေလ်ာ့ခ်သြားေၾကာင္း သူ႔ရဲ႕ထူးဆန္းၿပီးထိေရာက္တဲ့နည္းလမ္းတစ္ခုကို ေျပာျပခဲ့ပါတယ္။လူအမ်ားစုက သူ႔ရဲ႕အဆိုျပဳခ်က္ကို ရယ္စရာအျဖစ္ ခ်က္ခ်င္းပယ္ခ်ခဲ့ၾကပါတယ္။

အသက္ ၃၄ ႏွစ္ Mike Jeavons အမည္ရွိအဆိုပါအမ်ိဳးသားက ၎နည္းလမ္းကို သူကိုယ္တိုင္လုပ္ခဲ့တာေၾကာင့္ ထိေရာက္တာအမွန္ျဖစ္ေၾကာင္း အတိအက်ဆိုခဲ့ပါတယ္။Mike က ၎နည္းလမ္းကို Supersize Me မွတ္တမ္း႐ုပ္ရွင္မွ စိတ္ကူးရွိခဲ့ေပမဲ့လည္း တစ္လလုံးလုံးေတာ့ သူမလုပ္ႏိုင္လို႔ KFC ၾကက္ေၾကာ္ကို တစ္ပတ္တိတိစားၾကည့္ဖို႔ ႀကိဳးစားခဲ့ေၾကာင္း ဆိုပါတယ္။ Mike ဟာ အဆိုပါစမ္းသပ္မႈအတြက္ အေမရိကန္ေဒၚလာ ၁၃၆ ခန္႔ သုံးစြဲခဲ့ၿပီး တစ္ေန႔ကို အနည္းဆုံး ကယ္လိုရီ ၂,၀၀၀ အထိ စားသုံးခဲ့ပါတယ္။ရလဒ္အေနနဲ႔ သူဟာ ၇ရက္အတြင္း ကိုယ္အေလးခ်ိန္ ၂ ေပါင္က်သြားခဲ့ပါတယ္။ေငြအေျမာက္အမ်ားကုန္က်ေစခဲ့တဲ့အျပင္ Mike ဟာ သူ႔ရဲ႕ဆားဓာတ္နဲ႔အဆီဓာတ္ကို ၁၅၀ ကေန ၂၅၀ % အထိ အသီးသီးတိုးျမင့္ေစခဲ့ပါတယ္။

Mike က အဆိုပါစမ္းသပ္မႈကို ရပ္တန္႔လိုက္ၿပီး မၾကာခင္ သူဟာ ေရငတ္ၿပီး ေခါင္းကိုက္ျခင္းေဝဒနာကို အဆက္မျပတ္ခံစားေနရေၾကာင္း ေျပာျပခဲ့ပါေသးတယ္။သို႔ေပမဲ့ သူဟာ ၎ဆိုး႐ြားတဲ့အစားအစာကို စားသုံးရတာကို ႏွစ္သက္ၿပီး ညစာတိုင္း စိတ္လႈပ္ရွားစြာ ေစာင့္ေမွ်ာ္ေနေလ့ရွိေၾကာင္း ႏွင့္ “အခုအစီအစဥ္ကို လုပ္ရတာ ေပ်ာ္စရာႀကီးဆိုေပမယ့္ ငါ ေနာက္တစ္ေခါက္ေတာ့ ထပ္မလုပ္ခ်င္ေတာ့ဘူး” လို႔လည္း ဝန္ခံေျပာၾကားခဲ့ပါေသးတယ္။နည္းနည္းေတာ့ မယုံခ်င္စရာေကာင္းေပမဲ့ သူအေလးခ်ိန္တစ္ကယ္က်သြားတာေတာ့ အမွန္ပါဘဲ။စာဖတ္သူတို႔ မယုံမၾကည္ျဖစ္ေနရင္ေတာ့ သူ႔ရဲ႕YouTube Channel ကို သြားေရာက္ၾကည့္ရႈႏိုင္ပါတယ္။

1

Mia (Mckzone Daily)

Source : elitereaders

Unicode

အဆီပိုများတဲ့ခန္ဓာကိုယ်အဆီကို အောင်မြင်စွာ ဖယ်ရှားနိုင်တဲ့ လူယောက်စီတိုင်းကို မေးကြည့်ရင် လူတိုင်းက ၎င်းအဆီတွေကို ဖယ်ရှားဖို့ လေ့ကျင့်ခန်းကို ခက်ခက်ခဲခဲလုပ်ရပြီး အစားအသောက်တွေလည်း ဆင်ခြင်ရကြောင်း ဖြေကြပါလိမ့်မယ်။ကိုယ်အလေးချိန်လျော့ချခြင်းက နှလုံးအားနည်းတဲ့လူတွေအတွက် မကောင်းပေမဲ့ နောက်ဆုံး ဇွဲကောင်းကောင်းနဲ့ ရေရှည်လုပ်နိုင်သူမှသာ အလေးချိန်ကျသွားကြပါတယ်။သို့ပေမဲ့ အင်္ဂလန်နိုင်ငံရှိ အမျိုးသားတစ်ဦးက KFC ကြက်ကြော်ကို တစ်ပတ်တိတိစားတော့ သူ့ရဲ့ကိုယ်အလေးချိန်က သိသိသာသာလျော့ချသွားကြောင်း သူ့ရဲ့ထူးဆန်းပြီးထိရောက်တဲ့နည်းလမ်းတစ်ခုကို ပြောပြခဲ့ပါတယ်။လူအများစုက သူ့ရဲ့အဆိုပြုချက်ကို ရယ်စရာအဖြစ် ချက်ချင်းပယ်ချခဲ့ကြပါတယ်။

အသက် ၃၄ နှစ် Mike Jeavons အမည်ရှိအဆိုပါအမျိုးသားက ၎င်းနည်းလမ်းကို သူကိုယ်တိုင်လုပ်ခဲ့တာကြောင့် ထိရောက်တာအမှန်ဖြစ်ကြောင်း အတိအကျဆိုခဲ့ပါတယ်။Mike က ၎င်းနည်းလမ်းကို Supersize Me မှတ်တမ်းရုပ်ရှင်မှ စိတ်ကူးရှိခဲ့ပေမဲ့လည်း တစ်လလုံးလုံးတော့ သူမလုပ်နိုင်လို့ KFC ကြက်ကြော်ကို တစ်ပတ်တိတိစားကြည့်ဖို့ ကြိုးစားခဲ့ကြောင်း ဆိုပါတယ်။ Mike ဟာ အဆိုပါစမ်းသပ်မှုအတွက် အမေရိကန်ဒေါ်လာ ၁၃၆ ခန့် သုံးစွဲခဲ့ပြီး တစ်နေ့ကို အနည်းဆုံး ကယ်လိုရီ ၂,၀၀၀ အထိ စားသုံးခဲ့ပါတယ်။ရလဒ်အနေနဲ့ သူဟာ ၇ရက်အတွင်း ကိုယ်အလေးချိန် ၂ ပေါင်ကျသွားခဲ့ပါတယ်။ငွေအမြောက်အများကုန်ကျစေခဲ့တဲ့အပြင် Mike ဟာ သူ့ရဲ့ဆားဓာတ်နဲ့အဆီဓာတ်ကို ၁၅၀ ကနေ ၂၅၀ % အထိ အသီးသီးတိုးမြင့်စေခဲ့ပါတယ်။

Mike က အဆိုပါစမ်းသပ်မှုကို ရပ်တန့်လိုက်ပြီး မကြာခင် သူဟာ ရေငတ်ပြီး ခေါင်းကိုက်ခြင်းဝေဒနာကို အဆက်မပြတ်ခံစားနေရကြောင်း ပြောပြခဲ့ပါသေးတယ်။သို့ပေမဲ့ သူဟာ ၎င်းဆိုးရွားတဲ့အစားအစာကို စားသုံးရတာကို နှစ်သက်ပြီး ညစာတိုင်း စိတ်လှုပ်ရှားစွာ စောင့်မျှော်နေလေ့ရှိကြောင်း နှင့် “အခုအစီအစဉ်ကို လုပ်ရတာ ပျော်စရာကြီးဆိုပေမယ့် ငါ နောက်တစ်ခေါက်တော့ ထပ်မလုပ်ချင်တော့ဘူး” လို့လည်း ဝန်ခံပြောကြားခဲ့ပါသေးတယ်။နည်းနည်းတော့ မယုံချင်စရာကောင်းပေမဲ့ သူအလေးချိန်တစ်ကယ်ကျသွားတာတော့ အမှန်ပါဘဲ။စာဖတ်သူတို့ မယုံမကြည်ဖြစ်နေရင်တော့ သူ့ရဲ့YouTube Channel ကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။

Mia (Mckzone Daily)

  • Leave a Comment