အျခားေခြးနဲ႔မတူဘဲ ေနာက္ေက်ာပလက္လွန္ဘဲအိပ္တတ္တဲ့ ေခြးေလး

ေခြးေလးေတြတိုင္းက ခ်စ္ဖို႔ေကာင္းတဲ့တိရိစာၦန္ေလးေတြပါ။သို႔ေပမဲ့ ေခြးေလးတစ္ေကာင္ကေတာ့ သူ႔ရဲ႕ထူးဆန္းတဲ့အိပ္စက္ျခင္းအေနအထားေၾကာင့္ social media မွာ လူခ်စ္လူခင္မ်ားေနပါတယ္။ဖိလစ္ပိုင္ႏိုင္ငံက Paningning လို႔ေခၚတဲ့ေခြးမေလးကေတာ့ ေလာကႀကီးကို စိတ္ကုန္ၿပီး စိတ္ပ်က္လက္ပ်က္အိပ္ေနတဲ့ပုံနဲ႔တူေနတဲ့သူ႔ရဲ႕ေနာက္ေက်ာပလက္အိပ္နည္းပုံစံေၾကာင့္ လူအမ်ားက ခ်စ္ေနရတာကလည္း အဆန္းမဟုတ္ေနပါဘူး။ပိုင္ရွင္ျဖစ္တဲ့ Janess Cua က ပထမဆုံး Paningning ေလးရဲ႕အိပ္ပုံအိပ္နည္းပုံစံကို facebook ေပၚတင္ခဲ့ၿပီးေနာက္မွာ လူအမ်ားက သေဘာက်မဆုံးျဖစ္ခဲ့ရတာေၾကာင့္ သူမက ေနာက္ပိုင္း Paningningေလးအတြက္ ကိုယ္ပိုင္ Instagram acc ဖြင့္ေပးလိုက္ေတာ့ အခုဆို ပရိသတ္အခိုင္အမာရရွိထားပါၿပီ။Cua ရဲ႕အဆိုအရ Paningning ေလးက ပလက္အိပ္တာကလႊဲရင္ အျခားနည္းနဲ႔မအိပ္တတ္ပါဘူး။အစပိုင္းက Paningning ကို ဖိလစ္ပိုင္လို ေတာက္ပျခင္းအဓိပၸာယ္ရတဲ့ Maningning လို႔အမည္ေပးခဲ့ေပမဲ့ သမီးျဖစ္သူက P နဲ႔ဘဲေခၚေနလို႔ Paningning လို႔အမည္ထြင္သြားခဲ့ပါတယ္။ Paningning ေလးက အျခားေခြးေတြလို စားရတာနဲ႔အိပ္ရတာကို အရမ္းႀကိဳက္ပါတယ္။အကယ္လို႔ သင္က ဒီေခြးေလးရဲ႕အေၾကာင္းကို အၿမဲေထာင့္ေထာက္သိေနခ်င္ရင္ေတာ့ Paningning ေလးကို Instagram နဲ႔ Facebook ေတြမွာ သြား follow လုပ္ထားလို႔ရပါတယ္။

1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

Mia (Mckzone Daily)

Source : elitereaders

Unicode

ခွေးလေးတွေတိုင်းက ချစ်ဖို့ကောင်းတဲ့တိရိစ္ဆာန်လေးတွေပါ။သို့ပေမဲ့ ခွေးလေးတစ်ကောင်ကတော့ သူ့ရဲ့ထူးဆန်းတဲ့အိပ်စက်ခြင်းအနေအထားကြောင့် social media မှာ လူချစ်လူခင်များနေပါတယ်။ဖိလစ်ပိုင်နိုင်ငံက Paningning လို့ခေါ်တဲ့ခွေးမလေးကတော့ လောကကြီးကို စိတ်ကုန်ပြီး စိတ်ပျက်လက်ပျက်အိပ်နေတဲ့ပုံနဲ့တူနေတဲ့သူ့ရဲ့နောက်ကျောပလက်အိပ်နည်းပုံစံကြောင့် လူအများက ချစ်နေရတာကလည်း အဆန်းမဟုတ်နေပါဘူး။ပိုင်ရှင်ဖြစ်တဲ့ Janess Cua က ပထမဆုံး Paningning လေးရဲ့အိပ်ပုံအိပ်နည်းပုံစံကို facebook ပေါ်တင်ခဲ့ပြီးနောက်မှာ လူအများက သဘောကျမဆုံးဖြစ်ခဲ့ရတာကြောင့် သူမက နောက်ပိုင်း Paningningလေးအတွက် ကိုယ်ပိုင် Instagram acc ဖွင့်ပေးလိုက်တော့ အခုဆို ပရိသတ်အခိုင်အမာရရှိထားပါပြီ။Cua ရဲ့အဆိုအရ Paningning လေးက ပလက်အိပ်တာကလွှဲရင် အခြားနည်းနဲ့မအိပ်တတ်ပါဘူး။အစပိုင်းက Paningning ကို ဖိလစ်ပိုင်လို တောက်ပခြင်းအဓိပ္ပာယ်ရတဲ့ Maningning လို့အမည်ပေးခဲ့ပေမဲ့ သမီးဖြစ်သူက P နဲ့ဘဲခေါ်နေလို့ Paningning လို့အမည်ထွင်သွားခဲ့ပါတယ်။ Paningning လေးက အခြားခွေးတွေလို စားရတာနဲ့အိပ်ရတာကို အရမ်းကြိုက်ပါတယ်။အကယ်လို့ သင်က ဒီခွေးလေးရဲ့အကြောင်းကို အမြဲထောင့်ထောက်သိနေချင်ရင်တော့ Paningning လေးကို Instagram နဲ့ Facebook တွေမှာ သွား follow လုပ်ထားလို့ရပါတယ်။

Mia (Mckzone Daily)

Be the first to comment on "အျခားေခြးနဲ႔မတူဘဲ ေနာက္ေက်ာပလက္လွန္ဘဲအိပ္တတ္တဲ့ ေခြးေလး"

Leave a comment

Your email address will not be published.


*