အသက္က30႐ွိေနၿပီ အခုထိSingleျဖစ္ေနေသးလို႔ဆိုၿပီး သမီးျဖစ္သူကို သံေခ်ာင္းနဲ႔႐ိုက္ႏွက္ဆံုးမခဲ့တဲ့ မိခင္

တ႐ုတ္ႏိုင္ငံက အမ်ိဳးသမီးတစ္ေယာက္ဟာ သူမရဲ႕အသက္ 30အရြယ္ ၊ အိမ္ေထာင္မျပဳေသးဘဲ Single ျဖစ္ေနခဲ့တဲ့ သမီးျဖစ္သူကို ႐ိုက္ႏွက္ခဲ့မႈေၾကာင့္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရပါတယ္ ။ Wang အမည္႐ွိတဲ့ အမ်ိဳးသမီးဟာ သူမရဲ႕သမီးကို သံေခ်ာင္းျဖင့္အႀကိမ္ႀကိမ္႐ိုက္ႏွက္ပစ္ခဲ့တဲ့အတြက္ သမီးျဖစ္သူဟာေသြးထြက္သံယိုျဖင့္ ဒဏ္ရာမ်ားစြာရ႐ွိခဲ့ပါတယ္ ။ ျဖစ္စဥ္ကေတာ့ သမီးျဖစ္သူဟာ အသက္30အရြယ္သို႔ေရာက္ေနၿပီျဖစ္ေပမဲ့လည္း အိမ္ေထာင္မျပဳေသးတဲ့အျပင္ သူမရဲ႕အရင္အလုပ္ကလည္း လစာလံုလံုေလာက္ေလာက္ရ႐ွိျခင္းမ်ိဳးမ႐ွိေသာေၾကာင့္ Wang ကိုအေတာ္ေလး စိတ္မခ်မ္းမသာျဖစ္ေစခဲ့ပါတယ္ ။ ထို႔ေၾကာင့္ သမီးျဖစ္သူဟာ အလုပ္မွထြက္ၿပီး သူမရဲ႕စားေသာက္ဆိုင္ကိုဝိုင္းဝန္းကူညီလုပ္ေဆာင္ေပးလ်က္႐ွိပါတယ္ ။

ရဲအရာ႐ွိေတြရဲ႕ေျပာၾကားခ်က္အရ သမီးျဖစ္သူဟာ အရင္ခ်ိန္ေတြကတည္းက မၾကာခဏ႐ိုက္ႏွက္ခံရေလ့႐ွိၿပီး ၊ ၿပီးခဲ့တဲ့ August လက ရဲစခန္းကို 2ႀကိမ္တိုင္ၾကားခဲ့ပါေသးတယ္ ။ သို႔ေပမဲ့လည္း ထိခိုက္ဒဏ္ရာအနည္းငယ္သာရ႐ွိခဲ့တဲ့အတြက္ ခံဝန္လတ္မွတ္ေတြကိုသာေရးထိုးေစခဲ့ၿပီး ႏွစ္ဦးသေဘာတူညိွႏႈိင္းေပးခဲ့ပါတယ္ ။ ဒီတစ္ေခါက္ျဖစ္စဥ္မွာေတာ့ ရဲအရာ႐ွိေတြစားေသာက္ဆိုင္ကိုေရာက္႐ွိလာခဲ့ခ်ိန္မွာ သမီးျဖစ္သူဟာ ဒဏ္ရာမ်ားစြာရ႐ွိခဲ့ၿပီး ၊ လက္ေမာင္း ၊ တင္ပါး ႏွင့္ ေျခေထာက္ေတြမွာ ေသြးထြက္ဒဏ္ရာမ်ားရွိေနခဲ့ေျကာင္းသိ႐ွိရပါတယ္ ။

ထို႔ေၾကာင့္ သားအမိႏွစ္ေယာက္လံုးကို ရဲအရာ႐ွိမ်ားကစစ္ေဆးေမးျမန္းရန္အတြက္ ရဲစခန္းသို႔ေခၚေဆာင္ဖို႔လုပ္ခဲ့ေပမဲ့ Wang မွာျငင္းဆိုခဲ့ၿပီး ” သူမ၏သမီးကို႐ိုက္တာျဖစ္ၿပီး ၊ အျခားသူကို႐ိုက္ႏွက္တာမ်ိဳးမဟုတ္ေၾကာင္း ” အေၾကာင္းျပခ်က္ေပးခဲ့ပါတယ္ ။ ထို႔ေၾကာင့္ Wang ဟာ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရပါတယ္ ။ ရဲစခန္းေရာက္႐ွိခဲ့ခ်ိန္မွာေတာ့ သမီးျဖစ္သူက မိခင္ကို 80,000 yuan (ျမန္မာေငြ သိန္းတစ္ရာေက်ာ္ ဝန္းက်င္) ေလ်ာ္ေၾကးေပးလ်ွင္ ေက်ေအးေပးမည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ အစပိုင္းမွာေတာ့ Wang ဟာျငင္းပယ္ခဲ့ေပမဲ့လည္း ေနာက္ပိုင္ေဆြးမ်ိဳးေတြက ဝိုင္းဝန္းေျပာဆိုခဲ့ခ်ိန္မွာေတာ့ ေက်းေအးေငြကိုေပးခဲ့၍ အခ်ဳပ္ခန္းထဲမွလြတ္ေျမာက္ခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း ယခုတစ္ေခါက္အျဖစ္အပ်က္မွာေတာ့ သမီးျဖစ္သူဖက္မွစၿပီးမွားတာ ျဖစ္ေၾကာင္း Wang ကေျပာဆိုခဲ့ပါတယ္ ။ ” အိမ္သန္႔႐ွင္ေရးမလုပ္ခ်င္လို႔ သူကြၽန္မကို ကလန္ကဆန္ျပန္ေျပာတယ္ အဲ့ေတာ့ ကြၽန္မစိတ္တအားတိုလာၿပီး နင္ထပ္ေျပာရင္ ငါနင့္ကို႐ိုက္မွာေနာ္လို႔ေျပာေတာ့ သူက႐ိုက္လိုက္ေလး ဆိုၿပီးျပန္ေျပာတယ္ ။ အဲ့ေတာ့ ကြၽန္မလည္း မီးဖိုေခ်ာင္နားက သံေခ်ာင္းကိုေကာက္ယူၿပီး သူမကို႐ိုက္ထည့္ပစ္လိုက္တယ္ ၊ အဲ့ေတာ့ သူထြက္ေျပးသြားေလေရာ ” ဆိုၿပီး ျပန္လည္ေျပာဆိုခဲ့ပါတယ္ ။ ထို႔အျပင္ Wang တို႔လင္မယားဟာ သားျဖစ္သူကိုပိုအားကိုးၿပီး ၊ ပိုခ်စ္တဲ့အျပင္ တိုက္ခန္းပါဝယ္ေပးထားေသာေၾကာင့္ သမီးျဖစ္သူႏွင့္ယခုတစ္ေလာအေတာ္ေလးကို အျငင္းအခံုျဖစ္ေလ့႐ွိေၾကာင္း Wang ကထပ္ေလာင္းေျပာဆိုခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့အသက် 30အရွယ် ၊ အိမ်ထောင်မပြုသေးဘဲ Single ဖြစ်နေခဲ့တဲ့ သမီးဖြစ်သူကို ရိုက်နှက်ခဲ့မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ် ။ Wang အမည်ရှိတဲ့ အမျိုးသမီးဟာ သူမရဲ့သမီးကို သံချောင်းဖြင့်အကြိမ်ကြိမ်ရိုက်နှက်ပစ်ခဲ့တဲ့အတွက် သမီးဖြစ်သူဟာသွေးထွက်သံယိုဖြင့် ဒဏ်ရာများစွာရရှိခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ သမီးဖြစ်သူဟာ အသက်30အရွယ်သို့ရောက်နေပြီဖြစ်ပေမဲ့လည်း အိမ်ထောင်မပြုသေးတဲ့အပြင် သူမရဲ့အရင်အလုပ်ကလည်း လစာလုံလုံလောက်လောက်ရရှိခြင်းမျိုးမရှိသောကြောင့် Wang ကိုအတော်လေး စိတ်မချမ်းမသာဖြစ်စေခဲ့ပါတယ် ။ ထို့ကြောင့် သမီးဖြစ်သူဟာ အလုပ်မှထွက်ပြီး သူမရဲ့စားသောက်ဆိုင်ကိုဝိုင်းဝန်းကူညီလုပ်ဆောင်ပေးလျက်ရှိပါတယ် ။

ရဲအရာရှိတွေရဲ့ပြောကြားချက်အရ သမီးဖြစ်သူဟာ အရင်ချိန်တွေကတည်းက မကြာခဏရိုက်နှက်ခံရလေ့ရှိပြီး ၊ ပြီးခဲ့တဲ့ August လက ရဲစခန်းကို 2ကြိမ်တိုင်ကြားခဲ့ပါသေးတယ် ။ သို့ပေမဲ့လည်း ထိခိုက်ဒဏ်ရာအနည်းငယ်သာရရှိခဲ့တဲ့အတွက် ခံဝန်လတ်မှတ်တွေကိုသာရေးထိုးစေခဲ့ပြီး နှစ်ဦးသဘောတူညှိနှိုင်းပေးခဲ့ပါတယ် ။ ဒီတစ်ခေါက်ဖြစ်စဉ်မှာတော့ ရဲအရာရှိတွေစားသောက်ဆိုင်ကိုရောက်ရှိလာခဲ့ချိန်မှာ သမီးဖြစ်သူဟာ ဒဏ်ရာများစွာရရှိခဲ့ပြီး ၊ လက်မောင်း ၊ တင်ပါး နှင့် ခြေထောက်တွေမှာ သွေးထွက်ဒဏ်ရာများရှိနေခဲ့ကြောင်းသိရှိရပါတယ် ။

ထို့ကြောင့် သားအမိနှစ်ယောက်လုံးကို ရဲအရာရှိများကစစ်ဆေးမေးမြန်းရန်အတွက် ရဲစခန်းသို့ခေါ်ဆောင်ဖို့လုပ်ခဲ့ပေမဲ့ Wang မှာငြင်းဆိုခဲ့ပြီး ” သူမ၏သမီးကိုရိုက်တာဖြစ်ပြီး ၊ အခြားသူကိုရိုက်နှက်တာမျိုးမဟုတ်ကြောင်း ” အကြောင်းပြချက်ပေးခဲ့ပါတယ် ။ ထို့ကြောင့် Wang ဟာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ် ။ ရဲစခန်းရောက်ရှိခဲ့ချိန်မှာတော့ သမီးဖြစ်သူက မိခင်ကို 80,000 yuan (မြန်မာငွေ သိန်းတစ်ရာကျော် ဝန်းကျင်) လျော်ကြေးပေးလျှင် ကျေအေးပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ အစပိုင်းမှာတော့ Wang ဟာငြင်းပယ်ခဲ့ပေမဲ့လည်း နောက်ပိုင်ဆွေးမျိုးတွေက ဝိုင်းဝန်းပြောဆိုခဲ့ချိန်မှာတော့ ကျေးအေးငွေကိုပေးခဲ့၍ အချုပ်ခန်းထဲမှလွတ်မြောက်ခဲ့ပါတယ် ။

သို့ပေမဲ့လည်း ယခုတစ်ခေါက်အဖြစ်အပျက်မှာတော့ သမီးဖြစ်သူဖက်မှစပြီးမှားတာ ဖြစ်ကြောင်း Wang ကပြောဆိုခဲ့ပါတယ် ။ ” အိမ်သန့်ရှင်ရေးမလုပ်ချင်လို့ သူကျွန်မကို ကလန်ကဆန်ပြန်ပြောတယ် အဲ့တော့ ကျွန်မစိတ်တအားတိုလာပြီး နင်ထပ်ပြောရင် ငါနင့်ကိုရိုက်မှာနော်လို့ပြောတော့ သူကရိုက်လိုက်လေး ဆိုပြီးပြန်ပြောတယ် ။ အဲ့တော့ ကျွန်မလည်း မီးဖိုချောင်နားက သံချောင်းကိုကောက်ယူပြီး သူမကိုရိုက်ထည့်ပစ်လိုက်တယ် ၊ အဲ့တော့ သူထွက်ပြေးသွားလေရော ” ဆိုပြီး ပြန်လည်ပြောဆိုခဲ့ပါတယ် ။ ထို့အပြင် Wang တို့လင်မယားဟာ သားဖြစ်သူကိုပိုအားကိုးပြီး ၊ ပိုချစ်တဲ့အပြင် တိုက်ခန်းပါဝယ်ပေးထားသောကြောင့် သမီးဖြစ်သူနှင့်ယခုတစ်လောအတော်လေးကို အငြင်းအခုံဖြစ်လေ့ရှိကြောင်း Wang ကထပ်လောင်းပြောဆိုခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment