ခြေအိတ်အနံ့ကို နေ့တိုင်းရှုရှိုက်တတ်တဲ့အကျင့်ကြောင့် အဆုတ်မှာပြင်းထန်တဲ့ရောဂါပိုးကူးစက်ခံခဲ့ရတဲ့ အမျိုးသား
Mia (Mckzone Daily)
Source : elitereaders
Unicode
တရုတ်နိုင်ငံရှိ Peng အမည်ရှိအမျိုးသားတစ်ဦးဟာ အလုပ်ချိန်ပြီးတဲ့နောက်ပိုင်း နေ့တိုင်းလိုလို သူ့ရဲ့ခြေအိတ်အနံ့ကို မွေးလို့ဆိုပြီး ရှုရှိုက်တတ်တဲ့ထူးခြားဆန်းကျယ်တဲ့အကျင့်တစ်ခု ရှိနေတာကြောင့် သူဟာ အဆုတ်မှာပြင်းထန်တဲ့ fungal ရောဂါပိုးကူးစက်မှုကို ခံစားခဲ့ရပါတယ်။ Peng ဟာ ရင်ဘတ်မှာပြင်းထန်တဲ့နာကျင်မှုနှင့် ချောင်းဆိုးခြင်းကိုခံစားခဲ့ရပြီးနောက် Fujian မြို့ရှိ Zhangzhou ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပါတယ်။ဆရာဝန်များက ဓာတ်မှန်ရိုက်ခြင်းဖြင့် Peng ရဲ့အဆုတ်ရောဂါပြင်းထန်စွာခံစားနေရကြောင်း အတည်ပြုခဲ့ပါတယ်။Peng က တစ်နေ့ကုန် ဝတ်ခဲ့တဲ့ခြေအိတ်တွေကိုချွတ်ပြီး အနံ့ဆိုးစွဲနေတဲ့ခြေအိတ်ကို ရှူရှိုက်လေ့ရှိတယ်လို့လည်း ဝန်ခံခဲ့ပါသေးတယ်။
Peng ရဲ့သတင်းအကြောင်းကိုကြားသိရပြီးနောက် အင်တာနက်အသုံးပြုသူအချို့က သူတို့လည်းအတူတူပင် ပြုလုပ်နေကြတယ်လို့ ဝန်ခံခဲ့ကြပြီး အဆိုပါထူးဆန်းတဲ့အလေ့အကျင့်က ရှားပါးတဲ့အကျင့်တစ်ခုမဟုတ်ကြောင်း သက်သေပြခဲ့ကြပါတယ်။ထို့နောက် ၎င်းဖြစ်ရပ်ကြောင့် Weibo ပေါ်မှာ Likes ၆၅ သန်းခန့်ကိုရရှိခဲ့ရပြီးနောက်မှာ hashtag အနေဖြင့် ” အနံ့ဆိုးတဲ့ခြေအိတ်များကိုရှူရှိုက်မိခြင်းကြောင့် အဆုတ်ရောဂါကူးစက်မှုရရှိနိုင် ” လို့ဆိုတဲ့ Treading ဖြစ်လာခဲ့ပါတယ်။လူတစ်ချို့က ရလဒ်နှင့်အတူ စိုးရိမ်ထိတ်လန့်ခဲ့ကြပြီး သူတို့ရဲ့အနံ့စိုးခြေအိတ်တွေကို ရှူရှိုက်မိတာရပ်တန့်ဖို့ ကတိပေးခဲ့ကြပါသေးတယ်။
Mia (Mckzone Daily)
Be the first to comment on "ခြေအိတ်အနံ့ကို နေ့တိုင်းရှုရှိုက်တတ်တဲ့အကျင့်ကြောင့် အဆုတ်မှာပြင်းထန်တဲ့ရောဂါပိုးကူးစက်ခံခဲ့ရတဲ့ အမျိုးသား"
Leave a comment
Your email address will not be published.
*