ငါးဖမ္းသမားေတြဆီကေန အစာစားရဖို႔ စိတ္ရွည္စြာနဲ႔ ေစာင့္ဆိုင္းေနခဲ့တဲ့ ပင္လယ္ဖ်ံတစ္ေကာင္(႐ုပ္သံ)

Argentina ႏိုင္ငံ Buenos Aires ေဒသရွိ Mar Del Plata ဆိပ္ကမ္းမွာ ငါးဖမ္းသမားမ်ားဟာ သူတို႔ဖမ္းမိတဲ့ငါးမ်ားႏွင့္အလုပ္လုပ္ေနစဥ္ ပင္လယ္ျခေသၤ့လို႔ေခၚတဲ့ ကိုယ္ထည္ႀကီးမားတဲ့ပင္လယ္ဖ်ံတစ္ေကာင္က သူတို႔ဆီကေန အစာစားရဖို႔ ေဘးဖက္မွာ စိတ္ရွည္စြာေစာင့္ၾကည့္ေနခဲ့ပါတယ္။အစပိုင္းေတာ့ အဆိုပါပင္လယ္ဖ်ံႀကီးဟာ တံငါသည္မ်ားႏွင့္ေဝးကြာတဲ့ အကြာအေဝးမွာရွိေနခဲ့ေပမဲ့လည္း တျဖည္းျဖည္းခ်င္း သူတို႔နဲ႔နီးကပ္ရာသို႔ခ်ည္းကပ္လာတာကို တံငါသည္မ်ားက သတိျပဳမိခဲ့ၾကပါတယ္။ဒါေၾကာင့္ တံငါသည္တစ္ဦးက ပင္လယ္ဖ်ံႀကီးကို ငါးတစ္ေကာင္ပစ္ေပးလိုက္ပါေသးတယ္။

ပင္လယ္ဖ်ံႀကီးရဲ႕ အစာစားရဖို႔ စိတ္ရွည္စြာနဲ႔ ထိုင္ေစာင့္ေနတဲ့၎ဗီဒီယိုဟာ social media ေပၚမွာ လူသိမ်ားသြားခဲ့ၿပီးေနာက္ တံငါသည္မ်ားရဲ႕သက္ရွိသတၱဝါမ်ားကို အစာမ်ားစြာေကြၽးေမြးေပးရတာကိုႏွစ္သက္ျခင္းက အလြန္ေကာင္းမြန္တဲ့အျပဳအမူျဖစ္တယ္လို႔ Netizen မ်ားက ဆိုခဲ့ၾကပါတယ္။အဆိုပါေဒသခံတံငါသည္မ်ားက ပင္လယ္ဖ်ံႀကီးအား လြတ္လပ္စြာျပဳမႈဆက္ဆံခဲ့ျခင္းေၾကာင့္ သူတို႔ႏွင့္ ရင္းႏွီးမႈေတြရရွိခဲ့ပုံရပါတယ္။အဆိုပါပင္လယ္ဖ်ံႀကီးတစ္ေကာင္ရဲ႕ ဇာတိက ေတာင္အေမရိက ကျဖစ္ၿပီး သူတို႔ရဲ႕သားေပါက္ေကာင္မ်ားကို Uruguay ႏိုင္ငံရဲ႕ Lobos ကြၽန္း၊ Argentina ႏိုင္ငံရွိ Peninsula Valdes ႏွင့္ Falkland ကြၽန္းမ်ားမွာ ေတြ႕ႏိုင္ပါတယ္။

သို႔ေပမဲ့ ဒီဥာဏ္ေကာင္းတဲ့ ပင္လယ္ဖ်ံႀကီးတစ္ေကာင္ဟာ တံငါသည္မ်ားက သူ႔ကိုအစာေတြကို ေကြၽးႏိုင္လို႔ သူ႔အတြက္ အေကာင္းဆုံးမိတ္ေဆြသစ္ျဖစ္ေနတာကို သိေနပုံပါဘဲ။Mar Del Plata ဆိပ္ကမ္းရွိ ပင္လယ္ဖ်ံေတြကို ဆက္လက္က်န္းမာေနေစဖို႔ ေမွ်ာ္လင့္မိပါတယ္။အရင္အခါက သိပၸံပညာရွင္မ်ားဟာ ထိုေဒသပတ္၀န္းက်င္မွာေနထိုင္တဲ့ ပင္လယ္ဖ်ံမ်ားရဲ႕ ခႏၶာကိုယ္မွ၎တို႔အတြက္အဆိပ္ျဖစ္ေစမဲ့ဓာတုပစၥည္းမ်ားကို ရွာေဖြေတြ႕ရွိခဲ့ၾကပါေသးတယ္။

Mia (Mckzone Daily)

Source : elitereaders

Unicode

Argentina နိုင်ငံ Buenos Aires ဒေသရှိ Mar Del Plata ဆိပ်ကမ်းမှာ ငါးဖမ်းသမားများဟာ သူတို့ဖမ်းမိတဲ့ငါးများနှင့်အလုပ်လုပ်နေစဉ် ပင်လယ်ခြင်္သေ့လို့ခေါ်တဲ့ ကိုယ်ထည်ကြီးမားတဲ့ပင်လယ်ဖျံတစ်ကောင်က သူတို့ဆီကနေ အစာစားရဖို့ ဘေးဖက်မှာ စိတ်ရှည်စွာစောင့်ကြည့်နေခဲ့ပါတယ်။အစပိုင်းတော့ အဆိုပါပင်လယ်ဖျံကြီးဟာ တံငါသည်များနှင့်ဝေးကွာတဲ့ အကွာအဝေးမှာရှိနေခဲ့ပေမဲ့လည်း တဖြည်းဖြည်းချင်း သူတို့နဲ့နီးကပ်ရာသို့ချည်းကပ်လာတာကို တံငါသည်များက သတိပြုမိခဲ့ကြပါတယ်။ဒါကြောင့် တံငါသည်တစ်ဦးက ပင်လယ်ဖျံကြီးကို ငါးတစ်ကောင်ပစ်ပေးလိုက်ပါသေးတယ်။

ပင်လယ်ဖျံကြီးရဲ့ အစာစားရဖို့ စိတ်ရှည်စွာနဲ့ ထိုင်စောင့်နေတဲ့၎င်းဗီဒီယိုဟာ social media ပေါ်မှာ လူသိများသွားခဲ့ပြီးနောက် တံငါသည်များရဲ့သက်ရှိသတ္တဝါများကို အစာများစွာကျွေးမွေးပေးရတာကိုနှစ်သက်ခြင်းက အလွန်ကောင်းမွန်တဲ့အပြုအမူဖြစ်တယ်လို့ Netizen များက ဆိုခဲ့ကြပါတယ်။အဆိုပါဒေသခံတံငါသည်များက ပင်လယ်ဖျံကြီးအား လွတ်လပ်စွာပြုမှုဆက်ဆံခဲ့ခြင်းကြောင့် သူတို့နှင့် ရင်းနှီးမှုတွေရရှိခဲ့ပုံရပါတယ်။အဆိုပါပင်လယ်ဖျံကြီးတစ်ကောင်ရဲ့ ဇာတိက တောင်အမေရိက ကဖြစ်ပြီး သူတို့ရဲ့သားပေါက်ကောင်များကို Uruguay နိုင်ငံရဲ့ Lobos ကျွန်း၊ Argentina နိုင်ငံရှိ Peninsula Valdes နှင့် Falkland ကျွန်းများမှာ တွေ့နိုင်ပါတယ်။

သို့ပေမဲ့ ဒီဥာဏ်ကောင်းတဲ့ ပင်လယ်ဖျံကြီးတစ်ကောင်ဟာ တံငါသည်များက သူ့ကိုအစာတွေကို ကျွေးနိုင်လို့ သူ့အတွက် အကောင်းဆုံးမိတ်ဆွေသစ်ဖြစ်နေတာကို သိနေပုံပါဘဲ။Mar Del Plata ဆိပ်ကမ်းရှိ ပင်လယ်ဖျံတွေကို ဆက်လက်ကျန်းမာနေစေဖို့ မျှော်လင့်မိပါတယ်။အရင်အခါက သိပ္ပံပညာရှင်များဟာ ထိုဒေသပတ်၀န်းကျင်မှာနေထိုင်တဲ့ ပင်လယ်ဖျံများရဲ့ ခန္ဓာကိုယ်မှ၎င်းတို့အတွက်အဆိပ်ဖြစ်စေမဲ့ဓာတုပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့ကြပါသေးတယ်။

Mia (Mckzone Daily)

Be the first to comment on "ငါးဖမ္းသမားေတြဆီကေန အစာစားရဖို႔ စိတ္ရွည္စြာနဲ႔ ေစာင့္ဆိုင္းေနခဲ့တဲ့ ပင္လယ္ဖ်ံတစ္ေကာင္(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*